အရွယ်မရောက်သည့် ကလေးစစ်သား (၅၃) ဦး တပ်မတော်မှ ထပ်မံနုတ်ထွက်ခွင့်ပြု

အရွယ်မရောက်သည့် ကလေးစစ်သား (၅၃) ဦး တပ်မတော်မှ ထပ်မံနုတ်ထွက်ခွင့်ပြု
အရွယ်မတိုင်မီ စစ်မှုထမ်းဆောင်နေသည့် ကလေးစစ်သား (၅၃) ဦးကို မြန်မာအစိုးရ တပ်မတော်မှ ထပ်မံနှုတ်ထွက်ခွင့်ပြု လိုက်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေအဖွဲ့ (UNICEF Myanmar) ၏ နိုဝင်ဘာလ ၃၀ ရက်နေ့ သတင်းထုတ်ပြန်ချက်အရ သိရသည်။

ယခုနောက်ဆုံးအကြိမ် နုတ်ထွက်ခွင့်ပြုခြင်းအပါအဝင် ၂၀၁၅ ခုနှစ်အတွင်း အရွယ်မတိုင်မီ စစ်မှုထမ်းဆောင် နေသည့် ကလေးသူငယ်ပေါင်း ၁၄၆ ဦးအထိ နှုတ်ထွက်ခွင့်ပြုပြီးဖြစ်သည်ဟုလည်း ထုတ်ပြန်ချက်တွင် ပြောဆိုထားသည်။

“နှုတ်ထွက်ခွင့်ရခဲ့ကြသည့် လူငယ်များအနေဖြင့် သူတို့၏ မိသားစုဝင်များနှင့် နေရပ်များ ဆီသို့ ပြန်သွားကြမည်ကို မြင်တွေ့ရ သည့်အတွက် ဝမ်းမြောက်ပီတိဖြစ်မိပါသည်”ဟု CTFMR  ၏ ပူးတွဲဥက္ကဌ ဖြစ်သူ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂဌာနေညှိနှိုင်းရေးမှူး Ms. Renata Lok Dessallien က ယင်းထုတ်ပြန်ချက်တွင် ပြောကြားထားသည်။

ကလေးသူငယ်အခွင့်အရေးများကို ကြီးလေးသော ချိုးဖောက်မှုများအား စောင့်ကြည့်လေ့လာရေး နှင့် အစီရင်ခံ တင်ပြရေး နိုင်ငံအလိုက်အထူးတာဝန်အဖွဲ့ CTFMR အနေဖြင့် ယခုကဲ့သို့ နှုတ်ထွက်ခွင့် ပြုခြင်းအပေါ် ကြိုဆိုကြောင်း နှင့် ကလေးစစ်သား ခေါ်ယူစုဆောင်း အသုံးပြုမှုကို အဆုံးသတ်ရန် တပ်မတော်၊ နိုင်ငံတော် အစိုးရ နှင့် CTFMR အဖွဲ့များ ဆက်လက် ပူးပေါင်းဆောင်ရွက်သွားရန် လိုအပ်ကြောင်း ဆိုသည်။

မြန်မာနိုင်ငံအစိုးရအနေဖြင့် ကုလသမဂ္ဂနှင့်အတူ ပူးတွဲ လုပ်ငန်းဆောင်ရွက်မှု စီမံချက် Joint Action Plan ကို ၂၀၁၂ ခုနှစ်၊ ဇွန်လတွင် စတင် သဘာတူလက်မှတ်ရေးထိုးပြီးသည့်အချိန်မှ ယနေ့အထိ ကလေးစစ်သား စုစုပေါင်း ၆၉၉ ဦးကို တပ်မတော်က နုတ်ထွက်ခွင့်ပြုခဲ့ပြီးဖြစ်ကြောင်း ယင်းထုတ်ပြန်ချက်တွင် ပါရှိသည်။

ထိုကဲ့သို့ တပ်မတော်ကနေ နုတ်ထွက်လာသော ကလေးစစ်သားများကို စိတ်ပိုင်းဆိုင်ရာအားပေးမှု၊ အသက်မွေး ဝမ်းကျောင်း နှင့် ဆိုင်သော သင်တန်း၊ စီပွားရေးဆိုင်ရာအလုပ်တွေ UNICEF အဖွဲ့မှ ဆက်လက်ကူညီထောက်ပံ့ပေးသွားမည်ဟု မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂကလေးများ ရန်ပုံငွေအဖွဲ့မှ ဆက်သွယ်ရေးအရာရှိ ထက်ထက်ဦးက ပြောသည်။

“သူတို့ရဲ့ စိတ်ပါဝင်စားမှုကို အခြေခံပြီး မိသားစုဝင်ငွေအတွက် အသေးစားစီးပွားရေးလုပ်ငန်း ဖော်ဆောင်ပေးသွားမယ့်အပြင် ပညာရေးအခန်းကဏ္ဍမှာလည်း အဲဒီကလေးတွေ ကျောင်းပြန်တက် နိုင်အောင် အဝေးသင် စနစ်တွေနဲ့ ကူညီပေးသွားမယ်”ဟု သူက ဆက်ပြောသည်။

၂၀၀၇ ခုနှစ်တွင် မြန်မာအစိုးရ တပ်မတော်အပါအဝင် အစိုးရမဟုတ်သည့် လက်နက်ကိုင်အဖွဲ့ပေါင်း (၇)ဖွဲ့ကို  ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ လက်နက်ကိုင် ပဋိပက္ခအတွင်း ကလေးသူငယ်များ ခေါ်ယူစုဆောင်းခြင်းနှင့် အသုံးပြုခြင်း စာရင်းတွင် ထည့်သွင်းခဲ့သည်။

ယင်းလက်နက်ကိုင် (၇) ဖွဲ့တို့မှာ တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသာတပ်မတော် (DKBA)၊ ကချင်လွတ်မြောက်ရေး တပ်မတော် (KIA)၊ ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA)၊ ကရင်ငြိမ်းချမ်းရေးကောင်စီ (KNLA-PC)၊ ကရင်နီတပ်ဖွဲ့ (KA)၊ ရှမ်းပြည်နယ်တပ်ဖွဲ့တောင်ပိုင်း (SSA-S)၊ “ဝ” ပြည်သွေးစည်း ညီညွတ်ရေးတပ်မတော် (UWSA) တို့ဖြစ်သည်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ အစီရင်ခံစာပါ အဖွဲ့များအားလုံးအား ကလေးသူငယ်များ ခေါ်ယူ စုဆောင်း အသုံးပြုနေမှုကို အဆုံးသတ်ရေး လုပ်ဆောင်ဖို့ တောင်းဆိုကြောင်း၊ မြန်မာနိုင်ငံတွင် ရေရှည်တည်တံ့သည့် ငြိမ်းချမ်းရေးဖေါ်ဆောင်ဖို့ အတူတကွ လက်တွဲလုပ်ဆောင်နိုင်မည့် အခွင့် အလမ်းများကို ကြိုဆိုပါကြောင်း CTFMR ၏ ပူးတွဲဥက္ကဋ္ဌနှင့် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂဌာနေ ညှိနှိုင်းရေးမှူး CTFMR ၏ ပူးတွဲဥက္ကဋ္ဌနှင့် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂဌာနေ ညှိနှိုင်းရေးမှူး Ms. Renata Lok Dessallien က ပြောကြားသည်။

ပုံ – ပေးပို့
January 26, 2026
တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်၏  မြို့နယ်လုံးဆိုင်ရာ မွန်အမျိုးသားနေ့အခမ်းအနားကို...
January 24, 2026
ထိုင်းနိုင်ငံတစ်ဝှမ်းရှိ မြန်မာအပါအဝင် နိုင်ငံခြားသားရွှေ့ပြောင်းအလုပ်သမားများကို ထိုင်းအစိုးရက...
မော်လမြိုင် မြို့ပေါ်ရှိ ဘိုးဘွားရိပ်သာများဟု တုပထားသည့် အကောင့်အတုများ
January 23, 2026
လူမှုကွန်ရက်စာမျက်နှာ(Facebook) မှတစ်ဆင့် မိဘမဲ့ဂေဟာ၊ ဘိုဘွားရိပ်သာ၊ လူမှုကူညီရေးအသင်းများနှင့်...
January 22, 2026
ကရင်နီပြည်နယ်၊ မယ်စဲ့မြို့နယ်ရှိ အကျဉ်းထောင်မှ ထွက်ပြေးသွားသော စစ်ကော်မရှင်တပ်သား...