မုဒုံမြို့နယ်နှင့် ကျိုက်မရောမြို့နယ်များတွင် ဆန္ဒမဲပေးသူ ထက်ဝက်မပြည့်

မုဒုံမြို့နယ်နှင့် ကျိုက်မရောမြို့နယ်များတွင် ဆန္ဒမဲပေးသူ ထက်ဝက်မပြည့်
၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် မွန်ပြည်နယ်၊မုဒုံမြို့နယ်နှင့် ကျိုက်မရော မြို့နယ်များတွင် ဆန္ဒမဲပေးခွင့် ရှိသူများအနက် ထက်ဝက်ကျော် မဲမပေးခဲ့ကြောင်း သက်ဆိုင်ရာ မြို့နယ် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲရုံးများမှ သတင်းရရှိသည်။

DSC 0081 300x200မုဒုံမြို့နယ်တွင် ဆန္ဒမဲပေးခွင့်ရှိသူ (၁၆၅၃၇၆)ဦးရှိသည့်အနက် ဆန္ဒမဲလာရောက်ပေးသူ(၇၆၈၃၆)ဦး သာ ရှိကြောင်း မုဒုံမြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ရုံးက ပြောသည်။

“ကျွန်တော်တို့ဆီမှာတော့ အမှန်တကယ် မဲပေးခွင့်ရှိတာ တစ်သိန်းခြောက်သောင်းကျော်တယ်။ ဒါပေမဲ့ ရွေးကောက်ပွဲနေ့မှာ မဲလာပေးတဲ့ သူကတော့ ခုနှစ်သောင်းခြောက်ထောင်ကျော်ပဲရှိတယ်။ ဒီမတိုင်ခင်ကတော့ ကြိုတင်မဲပေးတဲ့သူ သုံးရာကျော်ရှိတယ်”ဟု မုဒုံမြို့နယ် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲရုံး တာဝန်ရှိသူ တဦးက ပြောပြသည်။

မုဒုံမြို့နယ်တွင် ကျေးရွာ အုပ်စုပေါင်း ၄၂ အုပ်စု ရှိသည့်အတွက် ရွေးကောက်ပွဲနေ့တွင် မဲရုံပေါင်း ၁၀၂ ရုံ ဖွင့်လှစ်ပေးခဲ့ပြီး ပြည်ထောင်စု ကြံ့ခ်ိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ မွန်အမျိူးသားပါတီ၊ မွန်ဒေသလုံး ဆိုင်ရာ ဒီမိုကရေစီပါတီ၊ အမျိူးသားဒီမိုကရေစီ အဖွဲ့ချူပ် ၊ တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးပါတီ နှင့် အမျိူးသားအင်အားစုပါတီ ကိုယ်စားလှယ်လောင်း အသီးသီး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။

အဆိုပါ နိုင်ငံရေးပါတီထဲမှ မုဒုံမြို့နယ် ပြည်သူ့လွှတ်တော်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဦးစောထွန်း၊ အမျိုးသားလွှတ်တော်တွင်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဦးဝေတင်၊ ပြည်နယ် လွှတ်တော်(၁) အမျိုးသားဒီမိုကရေစီ အဖွဲ့ချူပ်မှဒေါ်မြသင်္ဂ࿿ီမော်၊ ပြည်နယ်လွှတ်တော်(၂) မွန်အမျိုးသားပါတီမှ ဒေါက်တာမင်းကြည်ဝင်းတို့က အသီးသီး အနိုင်ရရှိခဲ့ကြသည်။

အလားတူ ကျိုက်မရောမြို့နယ်တွင် ဆန္ဒမဲပေးခွင့်ရှိသူ တစ်သိန်း ငါးသောင်းကျော်ရှိသည့်အနက် ဆန္ဒမဲလာ ရောက်ပေးသူ ခြောက်သောင်းကျော်သာ ရှိကြောင်း ကျိူက်မရော မြို့နယ် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲရုံးမှ သတင်းရရှိသည်။

“မဲပေးတဲ့သူ ခြောက်သောင်းကျော်ဘဲရှိတယ်။ မဲပေးခွင့်ရှိတဲ့ စာရင်းကတော့ တစ်သိန်းငါးသောင်း ကျော်တယ်။ ရာခိုင်နှုန်း အားဖြင့်တော့ မဲပေးတဲ့ ရာခိုင်နှုန်းက ၄၃ရာခိုင်နှုန်းရှိတယ်။ မဲမပေးတဲ့ ရာခိုင်နှုန်းကတော့ ၅၇ ရာခိုင်နှုန်း ရှိတယ်”ဟု ကျိုက်မရော မြို့နယ် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲရုံးမှာ ဦးသန်းထွန်းအောင်က ပြောသည်။

အဆိုပါ မြို့နယ်တွင် မဲရုံပေါင်း ၉၉ ရုံ ဖွင့်လှစ်ထားရာ အမျိူးသား ဒီမိုကရေစီအဖွဲ့ချုပ်၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ မွန်အမျိူးသားပါတီ၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ၊ ၈၈ မျိုးဆက် ကျောင်းသားလူငယ်များ ပါတီ ၊ အမျိုးသမီး (မွန်)ပါတီ၊ ဖလုံ – စဝေါ် ဒီမိုကရက်တစ်ပါတီ၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီနှင့် တစ်သီးပုဂ္ဂလများ ဝင်ရောက် ယှဉ်ပြိုင် အရွေးချယ်ခံခဲ့ကြသည်။

ကိုယ်စားလှယ်လောင်းများထဲမှ ပြည်သူ့လွှတ်တော်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဦးစောကျော်ဝင်းမောင်၊ အမျိုးသားလွှတ်တော်၌ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဦးခင်ဇော်ဦး၊ ပြည်နယ်လွှတ်တော် (၁)တွင် အမျိူးသား ဒီမိုကရေစီအဖွဲ့ချူပ်မှ ဒေါ်ခင်မျိူးမြင့်နှင့် ပြည်နယ် လွှတ်တော်(၂) တွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ဦးမင်းအောင်မွန်တို့ အသီးသီး အနိုင်ရရှိခဲ့ကြသည်။

မွန်ပြည်နယ်တဝန်းလုံးလွင် လွှတ်တော်အသီးသီးအတွက် ဆန္ဒမဲပေးသူ ၅၁ ဒဿမ ၃ ရာခိုင်နှုန်းသာ မဲပေးခဲ့ရာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှကိုယ်စားလှယ်လောင်းများ အများဆုံးအနိုင်ရရှိခဲ့ပြီး မွန်အမျိုးသားပါတီ ကိုယ်စားလှယ် ၃ ဦး၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ ကိုယ်စားလှယ်လောင်း ၁ ဦးနှင့် ပြည်ခိုင်ဖြိုးပါတီ ကိုယ်စားလှယ်လောင်း ၁ ဦးသာ အနိုင်ရရှိခဲ့သည်။

ပုံ – ပေးပို့
January 26, 2026
တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်၏  မြို့နယ်လုံးဆိုင်ရာ မွန်အမျိုးသားနေ့အခမ်းအနားကို...
January 24, 2026
ထိုင်းနိုင်ငံတစ်ဝှမ်းရှိ မြန်မာအပါအဝင် နိုင်ငံခြားသားရွှေ့ပြောင်းအလုပ်သမားများကို ထိုင်းအစိုးရက...
မော်လမြိုင် မြို့ပေါ်ရှိ ဘိုးဘွားရိပ်သာများဟု တုပထားသည့် အကောင့်အတုများ
January 23, 2026
လူမှုကွန်ရက်စာမျက်နှာ(Facebook) မှတစ်ဆင့် မိဘမဲ့ဂေဟာ၊ ဘိုဘွားရိပ်သာ၊ လူမှုကူညီရေးအသင်းများနှင့်...
January 22, 2026
ကရင်နီပြည်နယ်၊ မယ်စဲ့မြို့နယ်ရှိ အကျဉ်းထောင်မှ ထွက်ပြေးသွားသော စစ်ကော်မရှင်တပ်သား...