မော်လမြိုင်တွင် English Access Microscholarship Program သင်တန်း ဒုတိယအကြိမ် ဆက်လက်ဖွင့်လှစ်မည်

မော်လမြိုင်တွင် English Access Microscholarship Program သင်တန်း ဒုတိယအကြိမ် ဆက်လက်ဖွင့်လှစ်မည်
ရန်ကုန်မြို့ရှိ အမေရိကန်သံရုံး၏ ပံ့ပိုးကူညီမှုဖြင့် English Access Microscholarship Program သင်တန်း ဒုတိယအကြိမ် ဆက်လက်ဖွင့်လှစ်မည်ကြောင်း နိုဝင်ဘာ ၂၀ ရက်နေ့တွင် မွန်ပြည်နယ်၊ မော်လမြိုင်မြို့ရှိ ဓာတုမာလာ ကျောင်းတိုက်၌ ကြေညာခဲ့သည်။

ယင်းသင်တန်းသည် အသက် ၁၆ နှစ်မှ ၁၈ နှစ်အကြားရှိ တက္ကသိုလ်ဝင်တန်း (ဆယ်တန်း)အောင် ကျောင်းသားလူငယ်များကိုသာ လက်ခံမည်ဖြစ်ပြီး အမေရိကန် သံရုံး၏ ထောက်ပံ့စရိတ်ဖြင့် ၂ နှစ်တာကာလ ဖွင့်လှစ်သွားမည်ဖြစ်သည်။

“ဒီသင်တန်းဟာ ကျောင်းသားတွေကိုသာ အဓိကထား သင်ကြားပေးတယ်။ တစ်ဦးနဲ့တစ်ဦး အလုပ်ဖလှယ်မှု အစီစဉ်လည်း ပါတယ်။ နှစ်ယောက်တစ်တွဲဖြစ်စေ၊ အစုဖွဲ့အလိုက်ဖြစ်စေ ပူပေါင်း လုပ်ဆောင်တတ်ဖို့ အစီစဉ်လည်း ပါတယ်။ လူထုနှင့် ထိတွေ့မှုရှိအောင် ကျောင်းပြင်ပ လှုပ်ရှားမှုကိုလည်း ပြုလုပ်သွားမယ်”ဟု အမေရိကန်သံရုံး (ရန်ကုန်) မှ ယဉ်ကျေးမှုနှင့် ပညာရေး တာဝန်ခံ ဒေါ်သူဇာလွင်က ဆိုသည်။

ကျောင်းသားများအနေဖြင့် လူမျိုး၊ ဘာသာမရွေး တက်ရောက်ခွင့်ရှိပြီး သင်တန်းတက်ရောက်ရန် ပဏာမ စမ်းသပ်ဖြေဆိုခြင်း၊ လူတွေ့ Interview မေးမြန်းခြင်း၊ အရည်အချင်း အဆင့်မီပါက ပြည်ပ ကျောင်းသို့ လည်းကောင်း၊ အမေရိကန်နိုင်ငံသို့ ရက်တိုသင်တန်းများနှင့် လူငယ်နှီးနှော်ဖလှယ်ပွဲသို့ လည်းကောင်း တက်ရောက်ခွင့်ရှိသည်ဟု သိရသည်။

“နွေရောက်ရင် နွေရာသီစခန်း(Summer Camp) အစီအစဉ် ပြုလုပ်ပေးပြီး၊ အဲဒီကတဆင့် အသိ မိတ်ဆွေတွေ တိုးများလာမယ်။ အတွေးသစ် အမြင်သစ်လည်း ရရှိလာမယ်”ဟု ပထမအကြိမ် သင်တန်းသို့ တက်ရောက်ခဲ့သော မောင်ကောင်းမြတ်သူက ပြောသည်။

English Access Microscholarship Program သင်တန်းများကို မြန်မာနိုင်ငံ၏ မြို့နယ်ကြီးများ ဖြစ်သော မြစ်ကြီးနား၊ စစ်ကိုင်း၊ ကျောက်ဆည်၊ မန္တလေး၊ ဟိုပုံး၊ ပြည်၊ ပုသိမ်၊ မော်လမြိုင် နှင့် ဖားအံ မြို့နယ်တွေမှာလည်း ဖွင့်လှစ်လျှက်ရှိပြီး လွိုင်ကော်မြို့တွင်လည်း မကြားမီ ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရသည်။

ပုံ – ပေးပို့
January 26, 2026
တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်၏  မြို့နယ်လုံးဆိုင်ရာ မွန်အမျိုးသားနေ့အခမ်းအနားကို...
January 24, 2026
ထိုင်းနိုင်ငံတစ်ဝှမ်းရှိ မြန်မာအပါအဝင် နိုင်ငံခြားသားရွှေ့ပြောင်းအလုပ်သမားများကို ထိုင်းအစိုးရက...
မော်လမြိုင် မြို့ပေါ်ရှိ ဘိုးဘွားရိပ်သာများဟု တုပထားသည့် အကောင့်အတုများ
January 23, 2026
လူမှုကွန်ရက်စာမျက်နှာ(Facebook) မှတစ်ဆင့် မိဘမဲ့ဂေဟာ၊ ဘိုဘွားရိပ်သာ၊ လူမှုကူညီရေးအသင်းများနှင့်...
January 22, 2026
ကရင်နီပြည်နယ်၊ မယ်စဲ့မြို့နယ်ရှိ အကျဉ်းထောင်မှ ထွက်ပြေးသွားသော စစ်ကော်မရှင်တပ်သား...