တောင်ဘုံရွာအဝင် ကားနှင့်ရထားတိုက်မှု ဖြစ်ပွား

တောင်ဘုံရွာအဝင် ကားနှင့်ရထားတိုက်မှု ဖြစ်ပွား
မွန်ပြည်နယ်၊ မော်လမြိုင်မြို့မှ ရေးမြို့သို့ အစုန် ဆင်းလာသော ရထားသည် တောင်ဘုံဘူတာအနီး ရထားဖြတ်ကျော်ကားလမ်းတွင် နိုဝင်ဘာ ၂၁ ရက်နေ့၊ နံနက် ၉ နာရီ ၄၅ မိနစ်ခန့်က ကားတစီး နှင့် မတော်တဆ ပွတ်တိုက်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ကားပေါ် လိုက်ပါလာသူ အမျိုးသား(၃)ဦးမှာ ဘေးလွတ်သွားခဲ့သော်လည်း အတိုက်ခံခဲ့ရသည့် လိုက်ထရက် အမျိုးအစား ယာဉ်မှာ ရထားနှင့် တရွတ်ဆွဲ ချိတ်ပါသွားပြီး ကားဘယ်ဘက် ဦးခေါင်းပိုင်းတခြမ်း ပျက်စီးသွားခဲ့ကြောင်း မျက်မြင်တစ်ဦးက IMNA ကို ပြောကြားသည်။

၎င်းက “အဲဒီမှာက ရထားလမ်းဘေးတဝိုက် ချုံနွယ်တွေလည်း ထူနေတာ အမြင့်ကြီးပဲ။ ရထားလမ်းနဲ့ ယှဉ်ပြီး ကုန်းအဆင်းလမ်း ဖြစ်နေတယ်။ ကားက ရထားလမ်းကျော်တော့မှ ရထားလာနေမှန်း သိတာတဲ့။ ဘူတာအဝင် ဥသြသံ မကြားဘူးလို့ အတိုက်ခံရတဲ့ ကားသမားက ပြောတယ်”ဟု ပြောကြားသည်။

အခင်းဖြစ်ပွားပြီးနောက် ရဲများ ရောက်လာပြီး အတိုက်ခံရသော ကားအား စစ်ဆေးမှု ပြုလုပ်ခဲ့ပြီး အဆိုပါ ရန်ကုန်-ထားဝယ် အစုန်ရထားလည်း တောင်ဘုံဘူတာတွင် ရပ်နားထားရကြောင်း သိရှိရသည်။

အခင်းဖြစ်ပွားရာ နေရာသည် ရေးမြို့မှ မိုင်(၁၅) တောင်ဘုံနှင့် သောင်ပြင်ရွာအကြား ကားလမ်း ဖြတ်ကူးရာ ကုန်းဆင်းအကွေ့တွင်ဖြစ်ပြီး တောင်ဘုံဘူတာမှ မီတာ(၂)နှစ်ရာ ဝန်းကျင် ကွာဝေးသည်။

ရထားနှင့် ပွတ်တိုက်မှုဖြစ်ခဲ့သောမော်တောာ်ကား(IMNA)

ပုံ – ပေးပို့
January 26, 2026
တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်၏  မြို့နယ်လုံးဆိုင်ရာ မွန်အမျိုးသားနေ့အခမ်းအနားကို...
January 24, 2026
ထိုင်းနိုင်ငံတစ်ဝှမ်းရှိ မြန်မာအပါအဝင် နိုင်ငံခြားသားရွှေ့ပြောင်းအလုပ်သမားများကို ထိုင်းအစိုးရက...
မော်လမြိုင် မြို့ပေါ်ရှိ ဘိုးဘွားရိပ်သာများဟု တုပထားသည့် အကောင့်အတုများ
January 23, 2026
လူမှုကွန်ရက်စာမျက်နှာ(Facebook) မှတစ်ဆင့် မိဘမဲ့ဂေဟာ၊ ဘိုဘွားရိပ်သာ၊ လူမှုကူညီရေးအသင်းများနှင့်...
January 22, 2026
ကရင်နီပြည်နယ်၊ မယ်စဲ့မြို့နယ်ရှိ အကျဉ်းထောင်မှ ထွက်ပြေးသွားသော စစ်ကော်မရှင်တပ်သား...