ဒေါက်တာမင်းကြည်ဝင်းသည် မွန်အမျိုးသားပါတီ ကိုယ်စား၍ မုဒုံမဲဆန္ဒနယ်မှ ပြည်နယ်လွှတ်တော်(၂) တွင် ထောက်ခံမဲ ၁၂၃၇ရ မဲဖြစ် အခြားသော ပြိုင်ဘက် ပါတီများမှ ကိုယ်စားလှယ်များကို ကျော်ဖြတ်ကာ အနိုင်ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ကျွန်မတို့ မုဒုံမြို့နယ်က ပြည်နယ်လွှတ်တော်(၂)မှာတော့ မွန်အမျိုးသားပါတီက ဒေါက်တာ မင်းကြည်ဝင်းဟာ ထောက်ခံမဲ ၁၂၃၇၇ နဲ့ အနိုင်ရခဲ့ပါတယ်။ အခု ဒီစာရင်းတွေကို ကျွန်မတို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ကို ပို့ပေးနေပါပြီး”ဟု မုဒုံမြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးမှ ပြောသည်။
မုဒုံမြို့နယ်၊ ပြည်နယ်လွှတ်တော်(၂)တွင် ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြသော ပါတီများမှ ကိုယ်စားလှယ် လောင်းများ၏ ရလာဒ်များမှာ မွန်အမျိုးသားပါတီမှ ဒေါက်တာမင်းကြည်ဝင်း ၁၂၃၇၇ မဲ၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ ဦးမျိုးထွန်း ရ၈၂၂ မဲ၊ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ဒေါက်တာ လှသန်း ၃၉၂၆ မဲ၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီမှ ဒေါက်တာ မင်းနွယ်စိုး ၅၂၁၅ မဲ၊ အမျိုးသား ဒီမိုကရေစီအင်အားစုပါတီမှ ဦးကျော်စွာဝင်း ၅၂၂ မဲ တို့ အသီးသီး ရရှိခဲ့ကြသည်။
မွန်အမျိုးသားပါတီသည် ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲ၌ ပြည်သူ့လွှတ်တော် ၁၃ နေရာ၊ အမျိုးသားလွှတ်တော် ၁၂ နေရာ၊ ပြည်နယ်လွှတ်တော် ၂ရ နေရာ၊တိုင်းရင်းသားလူမျိုး ၁ နေရာ၊ စုစုပေါင်း ကိုယ်စားလှယ်လောင်း ၅၃ ဦးဖြင့် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။
သို့သော် လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် ဒေါက်တာမင်းစိုးလင်း၊ ဒေါက်တာမင်းကြည်ဝင်း၊ ဦးနိုင်သီဟ၊ နိုင်ချစ်ဦး တို့ သုံးဦးသာ အနိုင်ရရှိခဲ့ကြသည်။
ထို့ကြောင့် ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲ မကျင်းပစဉ်အချိန်က မွန်ပြည်နယ် အစိုးရ ဖွဲ့စည်းနိုင်ရေးအတွက် မျှော်လင့်ထားသော မျှော်လင့်ချက်များ မပြည့်နိုင်တော့ကြောင်း မွန်အမျိုးသားပါတီမှ ပြောသည်။







