၂၀၁၅ အထွေထွေ ရွေးကောက်ပွဲ၌ ပုံစံ(၃-က)ဖြင့် လျှောက်ထားသူများ စာရင်းမပါဘဲ တွက်ကြည့်ရာတွင် မဲပေးခွင့်ရှိသူ တစ်သိန်း နှစ်သောင်းကျော်ရှိပြီး ယခု အောက်တိုဘာ ၁၀ ရက် နောက်ဆုံးထား၍ ပုံစံ(၃-က)ဖြင့် လျှောက်ထားလာသူရွေ့ပြောင်း လုပ်သား ရ၀၀ ကျော်လည်း မဲပေးခွင့်ပြုသွားမည်ဟု ချောင်းဆုံမြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးက ပြောသည်။
“ကျွန်တော်ဆီကို ပုံစံ(၃-က)နဲ့လျှောက်လာတာ ရ၁၉ ဦးရှိတယ်။သူတို့အားလုံး မဲပေးခွင့်ရမယ့် လာမယ့် ၂၀၁၅ ရွေးကောက်ပွဲမှာပေါ့။ စက်တင်ဘာလက ကြေညာတဲ့ မဲစာရင်းမှာတော့ ချောင်းဆုံ တစ်မြို့နယ်လုံးအနေနဲ့ မဲပေးခွင့်ရှိသူ တစ်သိန်း နှစ်သောင်းကျော် ရှိပါတယ်”ဟု ချောင်းဆုံမြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးမှ အတွင်းရေးမှူး ဦးမျိုးမင်းသူက ပြောသည်။
ပြည်သူများအနေဖြင့် ၂၀၁၅ ရွေးကောက်ပွဲတွင် မဲပေးခွင့်မဆုံးရှုံးစေချင်ပါက ရွှေ့ပြောင်းအလုပ်သမား များ အပါအဝင် မူရင်းဒေသမှ ရက်ပေါင်း ၁၈၀ အထက် မဲဆန္ဒနယ် ပြင်ပရောက် ပုဂ္ဂိုလ်များသည် မဲပေးနိုင်ရန် ပုံစံ (၃-က)ဖြင့် မဲစာရင်းပါဝင်ရေးအား သက်ဆိုင်ရာ ရောက်ရှိရာဒေသမှ ရပ်ကွက်၊ ကျေးရွာကော်မရှင်အဖွဲ့ခွဲရုံးများတွင် အောက်တိုဘာ ၁၀ ရက်နေ့က နောက်ဆုံးထားလျှောက်ခဲ့ရကြောင်း သတင်းရရှိသည်။
ယင်းကဲသို့ လျှောက်ထားခြင်းမရှိပါက မဲဆန္ဒနယ်ပြင်ပသို့ ရက်ပေါင်း ၁၈၀ အထက် ရောက်ရှိနေသူ များသည် မိမိမူရင်း မဲစာရင်းပါဝင်သည့် ဒေသသို့ ပြန်လည်သွားရောက် မဲပေးရမည်ဖြစ်ကာ ယခု အခါမှာ ချောင်းဆုံမြို့နယ်၌ ရွေ့ပြောင်းနေ ထိုင်ခဲ့ကြသူများက ပုံစံ(၃-က)ဖြင့် အောက်တိုဘာ ၁၀ ရက်နေ့က နာက်ဆုံးထားလျှောက်ထားခဲ့သည့်အတွက် ၂၀၁၅ ရွေးကောက်ပွဲတွင် လူဦးရေ ရ၁၉ ဦးမှာ မဲပေးခွင့်ရရှိခဲ့ခြင်းဖြစ်သည်ဟု သတင်းရရှိသည်။
အဆိုပါ ပုံစံ(၃-က)ဖြင့် လျှောက်ထားရာမှ မဲပေးခွင့်ရရှိသူ စာရင်းကို နိုဝင်ဘာ ၂ ရက်မှ ၅ ရက်နေ့ အထိ မုဒုံမြို့နယ် အတွင်းရှိ ရပ်/ကျေးများတွင် အသီးသီး ကြေညာသွားမည်ဖြစ်သည်။
စက်တင်ဘာ ၁၄ ရက်မှ ၂၇ ရက်နေ့အထိ နောက်ဆုံး မဲစာရင်းကို ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်မှ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကြေညာခဲ့ရာမှာ ချောင်းဆုံမြို့နယ်တွင် မဲပေးခွင့်ရှိသူ (၁၂၃၇၈၈)ဦး ရှိပြီး ယခု ပုံစံ(၃-က)ဖြင့် လျှောက်ထားသူ ရ၁၉ ဦး ပါ ထပ်မံ မဲပေးခွင့်ပြု ခြင်းကြောင့် စုစုပေါင်း (၁၂၄၅၀၇) ဦး ၂၀၁၅ ရွေးကောက်ပွဲတွင် မဲပေးခွင့်ရှိကြောင်းသိရသည်။
အဆိုပါ ချောင်းဆုံမြို့နယ်၌ ကျေးရွာ အုပ်စုပေါင်း ၄၃ အုပ်စုရှိပြီး ရပ်ကွက်ကြီး ၃ ရပ်ကွက်ရှိတွင် မဲရုံ ၆၂ ရုံ ဖွင့်လှစ်ပေးသွား မည်ဖြစ်ကြောင်း ချောင်းဆုံမြို့နယ်ရွေးကောက်ပွဲကေ်ာမရှင်အဖွဲ့ခွဲရုံးက ပြောသည်။







