အစိုးရသည် တိုင်းရင်းသားအင်အားစုများကိုခွဲ၍ ချေမှုန်းရန် ကြံစည်နေသည်ဟု UNFC ထုတ်ပြန်

အစိုးရသည် တိုင်းရင်းသားအင်အားစုများကိုခွဲ၍ ချေမှုန်းရန် ကြံစည်နေသည်ဟု UNFC ထုတ်ပြန်
တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးစာချုပ်(NCA)တွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အားလုံးပါဝင် လက် မှတ်ရေးထိုးခွင့်မပြုဘဲ အဖွဲ့အစည်းတချို့နှင့်သာ လက်မှတ်ရေးထိုးရန် လုပ်ဆောင်လာခြင်း သည် စုစည်းနေသော အတိုက်အခံတိုင်းရင်းသား အင်အားစုများကို ခွဲ၍ ချေမှုန်းရန် ကြံစည်နေခြင်း သာဖြစ်သည်ဟု ညီညွတ်သော တိုင်းရင်းသားလူမျိုးများဖယ်ဒရယ် ကောင်စီ(UNFC)က အောက်တိုဘာ ၁၀ ရက်က သဘောထား ထုတ်ပြန်ကြေညာလိုက်သည်။

အဖွဲ့အားလုံးပါဝင်ခွင့်မရှိသဖြင့် လက်မှတ်မရေးထိုးနိုင်သေးသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များအား ထိုးစစ်ဆင်တိုက်ခိုက်လာနေခြင်းသည် လက်မှတ်ရေးထိုးရန် ဖိအားပေးခြင်း သဘောဆောင်နေပြီး နှစ်ပေါင်း ရ၀ နီးပါး အင်အားသုံး ဖိအားပေးဖြေရှင်း၍ မရနိုင်သည့် နည်းနာကို တဖန်ပြန်၍ အသက်သွင်းနေခြင်းဖြစ်သည်ဟု UNF က ဆိုသည်။

UNFC ဒုဥက္ကဌနိုင်ဟံသာက “အခြားတဖက်မှာ တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးဟု နာမည်ခံပြီး အချို့အဖွဲ့ကို ချန်၍ အဖွဲ့အချို့ နဲ့သာ လက်မှတ်ရေးထိုးတာဟာ စုစည်းနေတဲ့ အတိုက်အခံ တိုင်းရင်းသားအင်အားစုများကို ခွဲ ၍ ချေမှုန်းဖို့ကြံစည်တဲ့လုပ်ရပ်ပါ၊ မိမိတို့ သံသယရှိခဲ့တဲ့အတိုင်း ယခု လက်မှတ်မထိုးနိုင်သေးတဲ့အဖွဲ့တွေကို တိုက်ခိုက်လာနေတာဟာ သူတို့ရဲ့ အတွင်းသဘောထားကို ဖော်ပြနေတာပဲ”ဟု ပြောသည်။

ထိုသို့ ငြိမ်းချမ်းရေးကို ဟန်ပြလုပ်ပြီး အစိုးရအဆက်ဆက်က ကျင့်သုံးခဲ့သည့် မဟာလူမျိုးကြီးဝါဒ အပေါ် အခြေခံသည့် မူလချေမှုန်းရေး နည်းနာကို ဆက်လက်အကောင်အထည်ဖော်နေမည်ဆိုပါက ပြည်တွင်းငြိမ်းချမ်းရေးနှင့် အလှမ်းဝေးနေဦးမည်ဟု UNFC က ထုတ်ပြန်ထားသည်။

သမ္မတ ဦးသိန်းစိန်အစိုးရအနေဖြင့် တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးစာချုပ်(NCA) လက်မှတ်ရေးထိုး ပွဲကို အောက်တိုဘာ (၁၅)ရက်နေ့တွင် အဖွဲ့(၈)ဖွဲ့ဖြင့် နေပြည်တော်၌ ကြီးကျယ်ခမ်းနားစွာ ကျင်းပပြု လုပ်ရန် စီစဉ်နေပါကြောင်း၊ တပြိုင်နက်တည်းတွင် လက်ရှိအချိန်၌ ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP) ဌာန ချုပ် ဝမ်ဟိုင်းအထိ တိုက်ခိုက်မည်ဟု ကြွေးကြော်ပြီး တိုက်ပွဲကြီးများ ဆင်နွဲလျက်ရှိခြင်း၊ ပလောင် ပြည်နယ် လွတ်မြောက်ရေးတပ်ဦး(PSLF/TNLA)တပ်ဖွဲ့ကိုလည်း အကြောင်းအမျိုးမျိုးပြ၍ မြန်မာ့တပ်မတော်မှ ထိုးစစ်ဆင်မှုများ ပိုမိုကျယ်ပြန့်စွာ ပြုလုပ်လာနေခြင်း၊ ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO)တပ်ဖွဲ့ဝင်များကိုလည်း ပိုမို ပြင်းထန်စွာထိုးစစ်ဆင်တိုက်ခိုက်လာခြင်းတို့အပြင် ကရင်ပြည်နယ် ဒေသအချို့မှာလည်း ထိတွေ့ပစ်ခတ်မှုများ နှင့်ထိုးစစ်ဆင်မှုများရှိလာသည်ကို ၎င်းတို့အနေဖြင့် တွေ့မြင်နေရပါသည်ဟု UNFC ကြေညာချက်တွင် ပါရှိသည်။

အစိုးရဖိတ်ခေါ်ထားသည့် တိုင်းရင်းသားလက်နက်ကိုင်(၁၅)အနက် ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော်(DKBA)၊ KNU/KNLA-PC၊ ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS)၊ ပအို၀်းအမျိုးသားလွတ်မြောက်ရေး အဖွဲ့ချုပ်(PNLO)၊ ချင်းအမျိုးသား တပ်ဦး(CNF)၊ ရခိုင်ပြည် လွတ်မြောက်ရေးပါတီ(ALP)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး(ABSDF) စသည့် လက်နက်ကိုင် (၈)ဖွဲ့နှင့် အောက်တိုဘာ (၁၅)ရက်နေ့တွင် NCA အပစ်ရပ်စာချုပ် လက်မှတ်ရေးထိုးသွားမည်ဖြစ်သည်။

မြန်မာငြိမ်းချမ်းရေးစင်တာ MPC အကြီးတန်းအကြံပေး ဦးလှမောင်ရွှေက “မတရားအသင်းကြေညာ ထားခြင်းနဲ့ ပတ်သက်ပြီး အစိုးရဘက်က NCA လက်မှတ် မရေးထိုးမီ ၂ ရက် သို့မဟုတ် ၃ ရက် လောက်အလိုမှာ ပယ်ဖျက်ပေးသွားမည်ဆိုပြီးတော့ ကတိပြုပြောကြားခဲ့တယ်။ အရင်ကတော့  လက်မှတ်ထိုးပြီးမှ ဖြုတ်ပေးဖို့ လုပ် ခဲ့တာ ဒါပေမဲ့ အခုတော့ အစိုးရက လက်မှတ်မထိုးမီမှာဘဲ မတရား အသင်းကြေညာထားတာကို ပယ်ဖျက် ပေးသွားမယ်လို့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ (၈) က ကိုယ်စားလှယ်တွေနဲ့ ဆွေးနွေးရင်း ပြောကြားခဲ့ပါတယ်”ဟု ပြောသည်။

ထို့ကြောင့် NCA စာချုပ် လက်မှတ်မရေးထိုးသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များအား မတရားသင်းအဖြစ်မှ ပယ်ဖျက်ပေးမည် မဟုတ်ပေ။

“ကျနော်တို့ တော်လှန်ရေးအဖွဲ့အစည်းတွေ တလျှောက်လုံး မတရားအသင်းထဲကနေ ရပ်တည်လာခဲ့ တာပဲ၊ မတရားအသင်းကိစ္စဟာ အစိုးရပေါ်မှာပဲ မူတည်တယ်။ ဒါကြောင့်ပူပင်စရာလည်းမရှိပါဘူး”ဟု နိုင်ဟံသာက ပြောသည်။

တဖက်တွင်လည်း လက်မှတ်မထိုးသည့် အဖွဲ့များဖြစ်သော ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP)၊ ကချင်လွတ်မြောက်ရေးအဖွဲ့(KIO) တို့ နှင့် အစိုးရတပ်မတော်တို့ကြား ရှမး်ပြည်နယ် နှင့် ကချင်ပြည်နယ်များတွင် တိုက်ပွဲများဖြစ်ပွားလျှက်ရှိသည်။

unfc statment 102015
UNFC ထုတ်ပြန်ချက်(Copy)

ပုံ – ပေးပို့
January 26, 2026
တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်၏  မြို့နယ်လုံးဆိုင်ရာ မွန်အမျိုးသားနေ့အခမ်းအနားကို...
January 24, 2026
ထိုင်းနိုင်ငံတစ်ဝှမ်းရှိ မြန်မာအပါအဝင် နိုင်ငံခြားသားရွှေ့ပြောင်းအလုပ်သမားများကို ထိုင်းအစိုးရက...
မော်လမြိုင် မြို့ပေါ်ရှိ ဘိုးဘွားရိပ်သာများဟု တုပထားသည့် အကောင့်အတုများ
January 23, 2026
လူမှုကွန်ရက်စာမျက်နှာ(Facebook) မှတစ်ဆင့် မိဘမဲ့ဂေဟာ၊ ဘိုဘွားရိပ်သာ၊ လူမှုကူညီရေးအသင်းများနှင့်...
January 22, 2026
ကရင်နီပြည်နယ်၊ မယ်စဲ့မြို့နယ်ရှိ အကျဉ်းထောင်မှ ထွက်ပြေးသွားသော စစ်ကော်မရှင်တပ်သား...