NCA အသိသက်သေအဖြစ် ဒေါ်အောင်ဆန်းစုကြည်၊ ခွန်ထွန်းဦး၊ မင်းကိုနိုင်၊ ဦးအေးသာအောင်တို့ကို ဖိတ်ကြားမည်

NCA အသိသက်သေအဖြစ် ဒေါ်အောင်ဆန်းစုကြည်၊ ခွန်ထွန်းဦး၊ မင်းကိုနိုင်၊ ဦးအေးသာအောင်တို့ကို ဖိတ်ကြားမည်
NCA ကျင်းပရေး ပူးတွဲကော်မတီ၏ အကြိုညှိနှိုင်းအစည်းအဝေး(MPC)
NCA ကျင်းပရေး ပူးတွဲကော်မတီ၏ အကြိုညှိနှိုင်းအစည်းအဝေး(MPC)
လာမည့် အောက်တိုဘာ ၁၅ ရက်နေ့တွင် ပြုလုပ်မည့် တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးစာချုပ် (NCA) လက်မှတ် ရေးထိုးရာ တွင် ပြည်တွင်း အသိသက်သေအဖြစ် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ခွန်ထွန်းဦး၊ မင်းကိုနိုင်၊ ဦးအေးသာအောင်တို့ကို ဖိတ်ကြားသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

လက်မှတ်ရေးထိုးရန် ဆုံးဖြတ်ထားသည့် လက်နက်ကိုင်(၈)ဖွဲ့ အနက် (၇)ဖွဲ့ နှင့် အစိုးရ ကိုယ်စားလှယ် များ ရန်ကုန်မြို့၊ မြန်မာငြိမ်းချမ်းရေးစင်တာ MPC ၌အောက်တိုဘာ ၈ ရက်တွင် NCA ကျင်းပရေး ပူးတွဲကော်မတီ၏ အကြိုညှိနှိုင်းအစည်းအဝေးပြုလုပ်ခဲ့ရာမှာ နှစ်ဖက် ကိုယ်စားလှယ်များက အထက်ပါ ပုဂ္ဂိုလ်များကို ဖိတ်ကြားရန် သဘောတူညီခဲ့ကြခြင်း ဖြစ်သည်။

“ကျွန်တော်တို့နဲ့ ဝန်ကြီးဦးအောင်မင်းတို့ သဘောတူညီထားတာကတော့ ဒေါ်အောင်ဆန်းစုကြည်၊ ဦးခွန်ထွန်းဦးတို့ကို NCA မှ အသိသက်သေအဖြစ် ပါဝင်ဖို့ ဖိတ်ခေါ်သွားမယ်။ နောက်ပြီးတော့ ဦးအေးသာအောင်နဲ့ ကိုမင်းကို နိုင်တို့ကိုလည်း ဖိတ်ကြားသွားဖို့ ကျွန်တော်တို့ပြောဆိုခဲ့ရာမှာ အစိုးရဘက်က လက်ခံပေးခဲ့ပါတယ်”ဟု ကရင် အမျိုးသားအစည်းအရုံး KNU အထွေထွေ အတွင်းရေးမှူး ပဒိုစောကွယ်ထူးဝင်းက ပြောသည်။

တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးစာချုပ် NCA ရေးထိုးရာတွင် ပြည်တွင်း၊ ပြည်ပ အသိသက်သေ များအား NCA ဖြစ်မြောက်ရေး ပူးတွဲကော်မတီက တာဝန်ယူဖိတ်ကြားရမည့့်အပြင် နိုင်ငံရေးပါတီ (၉၂)ပါတီမှ ဥက္ကဌ တစ်ဦးစီ၊ အရပ်ဖက်အဖွဲ့အစည်းများမှ ကိုယ်စားလှယ် တစ်ဦးစီတို့ကို ဖိတ်ကြား သွားမည်ဟု သဘောတူညီခဲ့ကြကြောင်း သိရသည်။

ညီညွတ်သောတိုင်းရင်းသားလူမျိုးများမဟာမိတ်အဖွဲ့ UNA ခေါင်းဆောင်ဖြစ်သူ ရခိုင်အမျိုးသား ခေါင်းဆောင် ဦးအေးသာအောင်က “NCA ကို ၈ ဖွဲ့လောက်နဲ့ပဲ လက်မှတ်ထိုးမယ်။ ကျန်တဲ့အဖွဲ့တွေ မပါလည်းရတယ်ဆိုရင် ပြည်တွင်းစစ်ကြီးကို ဘယ်လိုရပ်တန့်နိုင်မှာလဲ၊ ငြိမ်းချမ်းရေးကို ဘယ်လို တည်ဆောက်နိုင်မှာလဲ။ ဒါကြောင့် အားလုံးပါဝင်လက်မှတ် ရေးထိုးဖို့လိုတယ်။ အခု ၈ ဖွဲ့နဲ့ဘဲ လက်မှတ်ထိုးမယ်ဆိုရင် စစ်ရေး၊ နိုင်ငံရေး၊ အာမခံချက်တွေ ပါဝင်တဲ့ သဘော တူညီချက်တွေ ရှိစေချင်တယ်။ ကျွန်တော်တို့ အသိသက်သေအဖြစ် ပါဝင်လက်မှတ်ရေးထိုးဖို့ UNA အဖွဲ့ဝင်တွေနဲ့ တိုင်ပင်ဆွေးနွေးပြီးမှ ဆုံးဖြတ်မယ်။ ဦးခွန်ထွန်းဦးနဲ့လည်း တိုင်ပင်ရအုံးမယ်”ဟု ပြောသည်။

ထို့အတူ ပြည်ပအသိသက်သေများအဖြစ် မြန်မာနိုင်ငံအတွင်းရှိ သံရုံးများနှင့် မြန်မာနိုင်ငံနှင့် အချိတ်အဆက် ရှိသော သံရုံး(၈၈)ရုံး၊ ထိုင်း၊ တရုတ်၊ ဂျပန်၊ အိန္ဒိယ၊ ဥပရောသမဂ္ဂ၊ကုလသမဂ္ဂ အဖွဲ့အစည်းများကိုလည်း ဖိတ်ကြားသွားမည်ဖြစ်ကြောင်း သိရသည်။

ပုံ – ပေးပို့
January 26, 2026
တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်၏  မြို့နယ်လုံးဆိုင်ရာ မွန်အမျိုးသားနေ့အခမ်းအနားကို...
January 24, 2026
ထိုင်းနိုင်ငံတစ်ဝှမ်းရှိ မြန်မာအပါအဝင် နိုင်ငံခြားသားရွှေ့ပြောင်းအလုပ်သမားများကို ထိုင်းအစိုးရက...
မော်လမြိုင် မြို့ပေါ်ရှိ ဘိုးဘွားရိပ်သာများဟု တုပထားသည့် အကောင့်အတုများ
January 23, 2026
လူမှုကွန်ရက်စာမျက်နှာ(Facebook) မှတစ်ဆင့် မိဘမဲ့ဂေဟာ၊ ဘိုဘွားရိပ်သာ၊ လူမှုကူညီရေးအသင်းများနှင့်...
January 22, 2026
ကရင်နီပြည်နယ်၊ မယ်စဲ့မြို့နယ်ရှိ အကျဉ်းထောင်မှ ထွက်ပြေးသွားသော စစ်ကော်မရှင်တပ်သား...