မဲပေးသင့်သော မွန်ကိုယ်စားလှယ်လောင်း ၅ ဦးကို ရေးမြို့နယ်ဒေသခံများ ရွေးချယ်လိုက်ပြီ

မဲပေးသင့်သော မွန်ကိုယ်စားလှယ်လောင်း ၅ ဦးကို ရေးမြို့နယ်ဒေသခံများ ရွေးချယ်လိုက်ပြီ
လာမည့် ပါတီစုံအထွေထွေရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် မွန်ပြည်နယ်၊ ရေးမြို့နယ်ရှိ မွန်အမတ်လောင်းကိုယ်စားလှယ် ၁၁ ဦးအနက် မဲပေးသင့်သူ ၅ ဦးကို  အထင်ကရ မွန်သံဃာတော် များ ရှေ့မှောက်တွင် ကျေးရွာ ၄၀ ခန့်မှ ဒေသခံ ကိုယ်စားလှယ်များကျင်းပသော ရေးမြို့နယ် မွန်အမျိုးသားညီညွတ်ရေး အစည်းအဝေးက ရွေးချယ်လိုက်ပြီဖြစ်သည်။

ရေးမြို့နယ်အတွင်း ကိုယ်စားလှယ်လောင်းများအနက် ပြည်သူ့လွှတ်တော် နိုင်ချမ်းတွဲ့ AMDP၊ ပြည်နယ်လွှတ်တော်(၁) ဒေါက်တာမင်းစိုးလင်း MNP၊ ပြည်နယ်လွှတ်တော်(၂) မိလဝီဟန် AMDP၊ မွန်ပြည်နယ်(၇) အမျိုးသားလွှတ်တော် နိုင်အောင်ဘ(အံက်သာ) AMDP နှင့် မွန်ပြည်နယ်(၈) အမျိုးသားလွှတ်တော် နိုင်အောင်ဝင်း(တစ်သီးပုဂ္ဂလ)တို့အား ရေးမြို့၊ သီရိမင်္ဂလကျောင်းတိုက်၌ အောက်တိုဘာ ၆ ရက်နေ့၊ အစည်းအဝေးတွင် ရွေးချယ်လိုက်ခြင်းဖြစ်သည်။

ရွေးကောက်ပွဲဝင် မွန်အမတ်မဲအောင်နိုင်ရေးအဖွဲ့ M 23 ပြောရေးဆိုခွင့်ရှိသူ မင်းရဲမွန်က “အဓိက ကတော့ မွန်အမတ်လောင်းတွေ မဲအနိုင်ရဖို့ ဘယ်လိုလုပ်ရမလဲ၊ မွန်ပြည်သူတွေ မဲထည့်ရာမှာ အခက်အခဲမရှိဖို့၊ ရေးမြို့နယ်မှာရှိတဲ့ မွန် ၂ ပါတီအမတ်လောင်း ၁၀ ဦးထဲက အမျိုးသားရေးအကျိုး အတွက် အမှန်တကယ် ဆောင်ရွက်ပေးနိုင်မယ့် အမတ်လောင်း ၅ ဦးကိုပဲ ရွေးချယ်တာပါ”ဟု လွတ်လပ်သောမွန်သတင်းအေဂျင်စီ IMNA သို့ ပြောသည်။

၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် မွန်အမတ်လောင်းအရေအတွက်များများ လွှတ်တော်အသီးသီး ရောက် ရှိနိုင်ရေးအတွက် M23 အဖွဲ့၏တိုက်တွန်းနှိုးဆော်ချက်နှင့်အတူ မိမိဒေသတွင် ပါဝင်ယှဉ်ပြိုင် မည့် မွန်အမတ်လောင်းများ မဲမကွဲစေရေးအတွက် သက်ဆိုင်ရာမြို့နယ်အတွင်းရှိ အထင်ကရ မွန်ဆရာတော်ကြီးများဦးဆောင်ကာ ဒေသခံများနှစ်သက်သော အမတ်လောင်းများကို ဒေသခံ ကိုယ်စားလှယ်များ လျှို့ဝှက်မဲဖြင့် ကြိုတင်ရွေးချယ်စေပြီး ရွေးကောက်ပွဲတွင် ၎င်းတို့ကို မဲပေးကြရန် စည်းရုံးလှုံ့ဆော်သွားမည်ဟု သိရသည်။

ပြီးခဲ့သည့် သြဂုတ် ၁၁ ရက်နေ့က ရေးမြို့၊ မွန်ဓမ္မာရုံ၌ ပထမအကြိမ် ကျင်းပခဲ့သော ရေးမြို့နယ် မွန်အမျိုးသားညီညွတ်ရေး အစည်းအဝေး ဆုံးဖြတ်ချက်များကို ယခုအစည်းအဝေးတွင်  ဆက်လက်အကောင်အထည်ဖော်လိုက်ခြင်း ဖြစ်သည်။

MNP ပါတီ ရေးမြို့နယ်၊ ရွေးကောက်ပွဲအောင်နိုင်ရေးအဖွဲ့ခေါင်းဆောင် နိုင်ချမ်းအိုင်းမွန်က “ရွေးကောက်ပွဲအပေါ် နားလည်တဲ့ မဲဆန္ဒရှင်တွေအနေနဲ့ ကိုယ်ဘယ်ပုဂ္ဂိုလ်ကို ရွေးရမလဲဆိုတာ ရှိပြီးသားပါ။ နားမလည်တဲ့ သူတွေအဖို့ ဘယ်သူ့ကို မဲပေးရမလဲဆိုတာကို ရှုပ်ထွေးနေမှာပဲ။ ကျနော့်အနေနဲ့ ကျနော်တို့ပါတီကိုပဲ မဲပေးဖို့ တိုက်တွန်းမှာပဲလေ”ဟု ပြောသည်။

သို့ရာတွင် မည်သို့ပင်ဆိုစေကာမူ မိမိထောက်ခံသော မွန်အမတ်လောင်းကိုသာ မဲပေးသင့်ကြောင်း ဆက်ပြောသည်။

အလားတူ မွန်ဂီတသမားများစုပေါင်း၍ ရွေ့လျားမွန်ဂီတအစီအစဉ်ဖြင့် မွန်အမတ်လောင်း မဲအောင်နိုင်ရေး လှုပ်ရှားမှုများကို မြို့နယ်အလိုက် ပြုလုပ်လျက်ရှိသည်။

ပုံစာ-ရေးမြို့နယ် မွန်အမျိုးသားညီညွတ်ရေး အစည်းအဝေး(IMNA)

ပုံ – ပေးပို့
January 26, 2026
တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်၏  မြို့နယ်လုံးဆိုင်ရာ မွန်အမျိုးသားနေ့အခမ်းအနားကို...
January 24, 2026
ထိုင်းနိုင်ငံတစ်ဝှမ်းရှိ မြန်မာအပါအဝင် နိုင်ငံခြားသားရွှေ့ပြောင်းအလုပ်သမားများကို ထိုင်းအစိုးရက...
မော်လမြိုင် မြို့ပေါ်ရှိ ဘိုးဘွားရိပ်သာများဟု တုပထားသည့် အကောင့်အတုများ
January 23, 2026
လူမှုကွန်ရက်စာမျက်နှာ(Facebook) မှတစ်ဆင့် မိဘမဲ့ဂေဟာ၊ ဘိုဘွားရိပ်သာ၊ လူမှုကူညီရေးအသင်းများနှင့်...
January 22, 2026
ကရင်နီပြည်နယ်၊ မယ်စဲ့မြို့နယ်ရှိ အကျဉ်းထောင်မှ ထွက်ပြေးသွားသော စစ်ကော်မရှင်တပ်သား...