မွန်ပြည်နယ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်းများစားရင်း

မွန်ပြည်နယ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်းများစားရင်း
လာမည့် ၂၀၁၅ ပါတီစုံအထွေထွေရွေးကောက်ပွဲတွင် မွန်ပြည်နယ် အမျိုးသားလွှတ်တော် မဲဆန္ဒနယ် မြေအတွက် ကိုယ်စားလှယ်လောင်း ရ၅ ဦး အမည်စာရင်းပေးသွင်းထားသည်ဟု သြဂုတ်လ ၁၃ ရက်နေ့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်၏ အင်တာနက်ဝဘ်ဆိုက် တွင် ဖော်ပြထားသည်။

မွန်ပြည်နယ်ရှိအမျိုးလွှတ်တော်မော်လမြိုင် မဲဆန္ဒနယ်(၁) တွင် (MNP)ပါတီမှ ဒေါ်မိနွယ်နွယ်လင်း (ခ) ဒေါ်အေးသန်း၊ (NLD)ပါတီမှ ဦးအေးမင်းဟန်၊ (USDP)ပါတီမှ ဦးမြင့်ရှိန် နှင့် အမျိုးသားတိုးတက်ရေး ပါတီမှ ဦးကျော်မျိုးသန့် တို့ ၄ ဦး ပါဝင်ပြီး မဲဆန္ဒနယ် (၂) တွင် (NLD)ပါတီမှ ဒေါ်နွယ်နွယ်အောင်၊ (USDP)ပါတီမှ ဒေါက်တာစိုးဝင်း နှင့် အမျိုးသားတိုးတက်ရေးပါတီမှ ဦးမောင်မောင်တာ တို့ ရ ဦးပါဝင်သည်။

အမှတ် (၃) ကျိုက်မရော မဲဆန္ဒနယ်တွင် မွန်အမျိုးသားပါတီမှ ဒေါ်ညွန့်ရီ (ခ) မိစန္ဒာနန်၊ အမျိုးသမီး ပါတီ(မွန်)မှ ဒေါ်နီနီလွင်၊ (AMDP) ပါတီမှ ဒေါ်မိမြင့်မြင့်ဝေ၊ (NLD)ပါတီမှ ဦးခင်ဇော်ဦး၊ ဖလုံ-စဝေါ် ဒီမိုကရက်တစ်ပါတီမှ ဒေါ်နန်းစန်းစန်းဝင်း၊ ၈၈ မျိုးဆက်ကျောင်းသားလူငယ်များ (ပြည်ထောင်စု မြန်မာနိုင်ငံ) မှ ဦးစောကျော်လုံးတင်၊ တိုင်းရင်းသားစည်းလုံးညီးညွတ်ရေးပါတီမှ ဦးသိန်းမြင့်၊ (USDP)ပါတီမှ ဦးခင်မောင်လေး၊ အမျိုးသားဒီမိုကရေစီအင်အားစုပါတီမှ ဒေါ်အေးအေးနွယ် နှင့် တစ်သီးပုဂ္ဂလအနေဖြင့် ဦးမင်းလွန်အောင် စုစုပေါင်း ၁၀ ဦး ပါဝင်ယှဉ်ပြိုင်ကြမည် ဖြစ်သည်။

အမှတ် (၄) ချောင်းဆုံမဲဆန္ဒနယ်တွင် (MNP)ပါတီမှ ဦးနိုင်ထွန်းထွန်းနိုင်၊ (AMDP)ပါတီမှ ဦးရဲထွဋ်အောင်၊ အမျိုးသမီးပါတီ(မွန်)မှ ဒေါ်မိမြင့်သန်း၊ (USDP) ဦးမင်းမြင့်မောင်လေး၊ (NLD)ပါတီမှ ဦးလင်းတင်ဌေး၊ နှင့် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီမှ ဦးတင့်ဝေတို့ ၆ ဦးပါဝင်သည်။

အမှတ် (၅) သံဖြူဇရပ် မဲဆန္ဒနယ်တွင် (MNP)ပါတီမှ ဦးနိုင်ငွေချမ်း၊ (AMDP)ပါတီမှ ဦးရွှေလူး(ခ) နိုင်ရွှေလူး၊ အမျိုးသမီးပါတီ (မွန်)မှ ဒေါ်မိသန်းရှင်၊(NLD)ပါတီမှ ဒေါ်မြတ်သီတာထွန်း၊ (USDဏ) မှ ဦးခင်ဇော်ဝင်း၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီမှ ဦးစိုးသန်း နှင့် တစ်သီးပုဂ္ဂလ အနေဖြင့် ဦးနိုင်ထွန်းအုံ (ခ) နိုင်လဝီ်မွန် တို့ဖြစ်သည်။
အမှတ် (၆) မုဒုံမဲဆ္ဒနယ်တွနင် (MNP)ပါတီမှ ဦးဘိုးမြင့်၊ (ခ) နိုင်ဗညားချမ်း၊ (AMDP) ဒေါ်သဇင်ထွေး၊ (NLD) ပါတီမှ ဦးဖေတင်၊(USDP)ပါတီမှ ဦးသက်ထွေး၊ အမျိုးသားဒီမိုကရေစီအင်အားစုပါတီမှ ဦးဝင်းသိန်းနှင့် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီမှ ဦးစိုးဝင်း တို့ ၆ ဦးပါဝင်သည်။

အမှတ် (၇) ရေးမဲဆန္ဒနယ် တွင် (MNP)ပါတီမှ ဦးနိုင်သီဟ၊ (AMDP) ပါတီမှ ဦးနိုင်အောင်ဘ (ခ)အံက်သာ၊ (NLD)ပါတီမှ ဦးမြသောင်း (ခ) ဦးဗိုလ်သောင်း၊ အမှတ် (၈) ရေးမြို့ မဲဆန္ဒနယ်တွင် (MNP)ပါတီမှ ဦးနိုင်အောင်ဌေး၊ (AMDP)မှ ဒေါ်မိမြင့်သန်း၊ (NLD)ပါတီမှ ဦးမျိုးဝင်း၊ (USDP)ပါတီမှ ဦးစိုးထွန်းနှင့် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီမှ ဒေါ်သန္တာလွင် တို့ ၅ ဦးပါဝင်သည်။

အမှတ် (၉) သထုံမြို့ မဲဆန္ဒနယ်တွင် (NLD)ပါတီမှ ဒေါက်တာဇော်လင်းထွန်း၊ (USDP) ပါတီမှ ဦးခင်မောင်သောင်း၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်မှ ဦးခွန်သိန်းရွှေ (ခ) သိန်ရွှေ၊ ကရင်ပြည်သူ့ပါတီမှ ဦးစောမောင်မောင်သိန်း၊ အမျိုးသားတိုးတက်ရေးပါတီမှ ဦးရွှေမြင့်၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေး ပါတီမှ ဦးခင်မောင်မြင့် နှင့် တစ်သီးပုဂ္ဂလကိုယ်စားလှယ် ဦးငြိမ်းမောင် တို့ ရ ဦးပါဝင်သည်။

အမှတ် (၁၀) ပေါင်မြို့ မဲဆန္ဒနယ်တွင် (MNP)ပါတီမှ ဦးဝင်းခိုင် (ခ) နိုင်ထောရော့၊ (AMDP)ပါတီမှ ဦးဗိုလ်ဝင်း၊ (NLD)ပါတီမှ ဦးစိုးသီဟ၊ (USDP)ပါတီမှ ဦးဇော်ဝင်း၊ အမျိုးသားဒီမိုကရေစီ အင်အားစု ပါတီမှ ဒေါ်မီမီလှိုင်ချို၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီမှ ဦးသန်းဆွေ၊ ပြည်ထောင်စု မြန်မာနိုင်ငံအမျိုးသားနိုင်ငံရေးအဖွဲ့ချုပ်ပါတီမှ ဦးအောင်မြိုင်၊ ဖလုံ-စဝေါ်ဒီမိုကရက်တစ်ပါတီမှ ဦးစောခင်ဝင်းအောင် နှင့် တစ်သီးပုဂ္ဂလမှ ဦးအောင်ဟိ်န်း(ခ) နိုင်ဥဿ တို့ပါဝင်သည်။

အမှတ် (၁၁) ကျိုက်ထိုမဲဆန္ဒနယ်တွင် တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီမှ ဦးတင်ရီ၊ (USDP) ပါတီမှ ဒေါ်ခင်မြင့်၊ (NLD)ပါတီမှ ဦးလှမြင့်(ခ) ဦးလှမြင့်သန်း၊ ဖက်ဒရယ်ပြည်ထောင်စုပါတီမှ ဒေါ်တင်မာမာလွင်၊ ၈၈ မျိုးဆက်ကျောင်းသားလူငယ်များ (ပြည်ထောင်စုမြန်မာနိုင်ငံ)မှ ဦးတင်စိုး၊ အမျိုးသားတိုးတက်ရေးပါတီမှ ဦးခွန်ဝင်းမောင် နှင့် တစ်သီးပုဂ္ဂလ အနေဖြင့် ဦးသက်ထွန်း တို့ပါဝင်သည်။

အမှတ် (၁၂) ဘီးလင်း မဲဆန္ဒနယ်တွင် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီမှ ဦးကြည်ဝင်း၊ (USDP)ပါတီမှ ဦးမြင့်ဆွေ၊ အမျိုးသားဒီမိုကရေစီအင်အားစုပါတီမှ ဦးတိုးဝင်း၊ (NLD)ပါတီမှ ဒေါ်သီရိရတနာ၊ အမျိုးသားတိုးတက်ရေးပါတီမှ ဦးသိန်းလွင်နှင့် တစ်သီပုဂ္ဂလ အနေနှင့် ဦးသိန်းလွင် တို့ ရ ဦးပါဝင်သည်။

ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်၏အင်တာနက်ဝဘ်ဆိုက်တွင် သြဂုတ်လ ၁၃ ရက်နေ့က မြန်မာတစ်နိုင်ငံတဝန်း အမျိုးသားလွှတ်တော် မဲဆန္ဒနယ်မြေများ၌ ကိုယ်စားလှယ်လောင်း ရ၉၁ ဦး နာမည်နှင့်တကွ စာရင်းဖော်ပြထားကြောင်း၊ သို့ရာတွင် သြဂုတ်လ ၁၆ ရက်နေ့တွင် ကိုယ်စားလှယ် လောင်း ၉၁၃ ဦးရှိကြောင်း ထပ်မံဖော်ပြသော်လည်း အမည်စာရင်းအသေးစိတ်ကို ထုတ်ပြန်ခြင်း မရှိသေးပေ။

ပုံ – ပေးပို့
January 26, 2026
တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်၏  မြို့နယ်လုံးဆိုင်ရာ မွန်အမျိုးသားနေ့အခမ်းအနားကို...
January 24, 2026
ထိုင်းနိုင်ငံတစ်ဝှမ်းရှိ မြန်မာအပါအဝင် နိုင်ငံခြားသားရွှေ့ပြောင်းအလုပ်သမားများကို ထိုင်းအစိုးရက...
မော်လမြိုင် မြို့ပေါ်ရှိ ဘိုးဘွားရိပ်သာများဟု တုပထားသည့် အကောင့်အတုများ
January 23, 2026
လူမှုကွန်ရက်စာမျက်နှာ(Facebook) မှတစ်ဆင့် မိဘမဲ့ဂေဟာ၊ ဘိုဘွားရိပ်သာ၊ လူမှုကူညီရေးအသင်းများနှင့်...
January 22, 2026
ကရင်နီပြည်နယ်၊ မယ်စဲ့မြို့နယ်ရှိ အကျဉ်းထောင်မှ ထွက်ပြေးသွားသော စစ်ကော်မရှင်တပ်သား...