ကြက်ဆီထမင်းစားသုံးရာမှ လွိုင်ကော်အဝေးသင်ကျောင်းသား ၅၀ ထက်မနည်း အစာအဆိပ်သင့်

ကြက်ဆီထမင်းစားသုံးရာမှ လွိုင်ကော်အဝေးသင်ကျောင်းသား ၅၀ ထက်မနည်း အစာအဆိပ်သင့်
by -
ကန္တာရဝတီတိုင်း(မ်)
လွိုင်ကော်တက္ကသိုလ်တွင် တက်ရောက်နေသော အင်္ဂလိပ်စာမေဂျာ အဝေးသင်ကျောင်းသူ/သားများမှ ကြက်ဆီထမင်းစားသုံးရာမှ လူ ၅၀ ထက်မနည်း အစာအဆိပ်သင့်လက္ခဏာများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

လွိုင်ကော်တက္ကသိုလ် အင်္ဂလိပ်စာမေဂျာ အဝေးသင်ကျောင်းသူ/သားများမှ အောက်တိုဘာလ ၂၄ ရက်နေ့က ပြုလုပ်သော ဆရာကန်တော့ပွဲအပြီး အဆိုပါ အစားအစာကို စားသုံးခဲ့ပြီး နာရီပိုင်းအကြာ၌ အစာအဆိပ်သင့်မှုလက္ခဏာများ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

“အချို့က စားတယ်။ မဖြစ်ဘူးပြောတယ်။ ဖြစ်တာက ပိုများတယ်။ ကျနော်တို့ ဒေတာပြန်လိုက်ကောက်တယ်။ အနည်းဆုံး ၅၀ ကျော်လောက်ဖြစ်ကြတယ်။ ပြောရမယ်ဆိုရင် စားကြတဲ့ ကျောင်းသား ထက်ဝက်ကျော်လောက်ဖြစ်ကြတာ။”ဟု အစာအဆိပ်သင့်သူထဲမှ တစ်ဦးဖြစ်သူ ကိုမီရယ်က ပြောသည်။

အစာအဆိပ်သင့်သူ လူဦးရေ ၅၀ ထက်မနည်း အော့အန်ခြင်း၊ ဝမ်းလျောခြင်းများ ဖြစ်ပွားခဲ့သည့်အပြင် လူ ၁၂ ဦးမှာ ဝေဒနာပြင်းထန်ခဲ့ကာ လွိုင်ကော်ဆေးရုံသို့ အတွင်းလူနာအဖြစ် ကုသမှု ခံယူနေရသော်လည်း အဆိုပါလက္ခဏာခံစားခဲ့ရသူအချို့မှာ သက်သာလာပြီဖြစ်သည်။

“အစားမှား အဆင်မပြေဖြစ်သွားတယ်လို့ ကြားတယ်။ ကလေးတွေ လုပ်တဲ့ပွဲတယ်ဆိုတော့ စားသုံးသူနဲ့ ကျန်းမာရေးတို့ကလာတယ်။ ကျနော်တို့ကတော့ အရေးယူဆောင်ရွက်တာမျိုးတော့ မရှိဘူး။ ဒီးပွဲက ကလေးတွေ စီစဉ်ကြတဲ့ပွဲကွ။ လူကြီးတွေလုပ်တဲ့ ပွဲမဟုတ်ဘူး။ အခုတော့ အခြေအနေ သက်သာသွားပြီလို့ ပြောတယ်။”ဟု လွိုင်ကော်တက္ကသိုလ်၏ မော်ကွန်းထိန်း ဦးမြင့်ဗိုလ်က ကန္တာရဝတီတိုင်း(မ်)သို့ ပြောသည်။

အဆိုပါ အစာအဆိပ်သင့်မှု ဖြစ်ပွားရခြင်းအကြောင်းအရင်းကို ကယားပြည်နယ် စားသုံးသူရေးရာဦးစီးဌာနသို့ ကန္တာရဝတီတိုင်း(မ်)က ဆက်သွယ်မေးမြန်ခဲ့ရာ ယင်းကိစ္စနှင့် ပတ်သက်၍ အခြေအနေများကို လေ့လာစုံစမ်းနေဆဲဖြစ်ကာ အသေးစိတ်အတိအကျကို လက်တလော၌ မထုတ်ပြန်နိုင်သေးကြောင်း ဖြေဆိုထားသည်။

အစာအဆိပ်သင့်မှုလက္ခဏာ ခံစားခဲ့ရသည့် အင်္ဂလိပ်စာမေဂျာ အဝေးသင်ကျောင်းသူ/သားများသည် အစာအဆိပ်သင့်မှု ဖြစ်ပွားခဲ့သည့်နေ့ရက်မှ ၃ ရက်မြောက်နေ့ဖြစ်သော ၂၇ ရက်နေ့တွင် အတန်းတင်စာမေးပွဲကို ဖြေဆိုရန်ရှိနေသည်။

Sha Dow ( Facebook)
May 16, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် ဒေါငံခါးကျေးရွာမှာရှိတဲ့ သီလရှင်ကျောင်းကို စစ်ကော်မရှင်တပ်က မေလ...
ကန္တာရဝတီတိုင်း ( မ် ) ၊ CTER - Karenni
May 14, 2026
ကရင်နီပြည် ၊ ဖရူဆိုမြို့နယ်အတွင်းက ဝှယ်ဒူလျားစစ်ရှောင်စခန်းကို မေလ ၈ ရက်နေ့မှာ စစ်ကော်မရှင်တပ်...
May 13, 2026
စတားလင့်ကုမ္ပဏီရဲ့ အသစ်သတ်မှတ်လိုက်တဲ့ စည်းကမ်းချက်ကြောင့် ကရင်နီပြည်မှာ အသုံးပြုနေတဲ့...
ကရင်နီဆေးကောလိပ် (Karenni Medical College - KMC)
May 12, 2026
ကရင်နီပြည်မှာ ဖွင့်လှစ်ထားတဲ့ ကရင်နီဆေးကောလိပ် (Karenni Medical College - KMC) ရဲ့ အပတ်စဉ် (၃)...