ပြည်နယ်အခြေစိုက်တိုင်းရင်းသားပါတီမှ ပါတီဝင်အင်အားစတင်စုဆောင်း

ပြည်နယ်အခြေစိုက်တိုင်းရင်းသားပါတီမှ ပါတီဝင်အင်အားစတင်စုဆောင်း
by -
ကန္တရဝတီ
၂၀၂၀ ရွေးကောက်ပွဲဝင်ပြိုင်ရန်   ကယားပြည်နယ်အတွင်းရှိ တိုင်းရင်းသားပါတီတစ်ခုဖြစ်သော  ကယားပြည်နယ် ဒီမိုကရက်တစ်ပါတီက ပါတီဝင်အင်အားများ စတင်စုဆောင်းနေကြောင်း သိရသည်။

ကယားပြည်နယ် ဒီမိုကရက်တစ်ပါတီသည် လူမျိုးပေါင်းစုံဒီမိုကရေစီပါတီ(ကယားပြည်နယ်)နှင့်  ကယားလူမျိုးစုဒီမိုကရေစီပါတီတို့က ပါတီ ၂ ခု ပူးပေါင်းပြီး  တည်ထောင်ထားသည့် ကယားပြည်နယ်အခြေစိုက်တိုင်းရင်းသားပါတီ ဖြစ်သည်။

ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ပါက ယခင်ကအဆိုပါပါတီ ၂ ခုမှ  လူဟောင်းများ အားလုံးပါဝင်နိုင်မည့် အနေအထားမရှိဘဲ အရည်အချင်းရှိသော ကိုယ်စားလှယ်လောင်းတွေကို စိစစ်ရွေးချယ်ရန် လုပ်ဆောင်နေပြီဟု အဆိုပါ ပါတီမှ ကယားပြည်နယ်ကိုယ်စားလှယ် ဦးသဲရယ်က ပြောသည်။

“ဘယ်လိုလူတွေဝင်မလဲဆိုရင် ဖြစ်နိုင်ရင် ကျွန်တော်တို့အရည်အချင်းရှိတဲ့သူတွေကိုပဲ ကျွန်တော်တို့ ထပ်စိစစ်ပြီး ရွေးချယ်ဖို့ရှိပါတယ်။”ဟု ဦးသဲရယ်က ပြောသည်။

လာမည့် နိုဝင်ဘာလတွင် ရွေးကောက်ပွဲကော်မရှင်ကို ပါတီဝင်အင်အား စာရင်းတင်ပြနိုင်ရေး  လက်ရှိအချိန်၌ ပါတီဝင်များကို လိုက်လံစုဆောင်းနေခြင်း ဖြစ်သည်။

“ကျတော်တို့သဘောတူခဲ့ကြတယ်။ဒေသအတွင်းနိုင်ငံရေး လုပ်ငန်းစဉ်လို့ ပြောတဲ့အခါကျရင် လက်ရှိ ငြိမ်းချမ်းရေးဖြစ်စဉ်အပါအဝင် ဒေသအတွင် ဖယ်ဒရယ်ဖြစ်ထွန်းပေါ်ပေါက်မှုတွေအပါ ကျတော်တို့ အဓိကဦးတည်ပြီး ဖွဲ့စည်းခဲ့တာပါ။”ဟု အဆိုပါ ပါတီ၏ ပြောရေးဆိုခွင့်ရှိသူ စိုင်းနိုင်နိုင်ထွေးက ပြောကြားထားသည်။

တိုင်းရင်းသားပါတီ နှစ်ပါတီကို စုစည်းကာ အင်အားတောင့်တင်းသော ပါတီတစ်ခုအဖြစ် နိုင်ငံရေးတွင် ထဲထဲဝင်ဝင်လှုပ်ရှားရန် အဆိုပါ ပါတီတာဝန်ရှိသူများမှ ရည်ရွယ်နေပြီး ပါတီကို သြဂုတ်လ အတွင်း မှတ်ပုံတင်ခွင့် ရရှိခဲ့ခြင်းလည်း ဖြစ်သည်။

ပါတီဝင် ၅၀၀ ပြည့်မှီပါက ပြည်နယ်အတွင်းမှာပဲ ယှဉ်ပြိုင်ခွင့်ရပြီး ပါတီဝင် ၁၀၀၀ အထက် ရရှိပါက  ပြည်ထောင်စုအဆင့်အထိ ဝင်ပြိုင်ခွင့်ရရှိမည်ဖြစ်သည်။ ကယားပြည်နယ် ဒီမိုကရက်တစ်ပါတီအနေဖြင့် ၂၀၂၀ ရွေးကောက်ပွဲအတွက် ပါတီဝင် ၁၀၀၀ ကျော်အထိ ရှိလာရန်အတွက် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

Sha Dow ( Facebook)
May 16, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် ဒေါငံခါးကျေးရွာမှာရှိတဲ့ သီလရှင်ကျောင်းကို စစ်ကော်မရှင်တပ်က မေလ...
ကန္တာရဝတီတိုင်း ( မ် ) ၊ CTER - Karenni
May 14, 2026
ကရင်နီပြည် ၊ ဖရူဆိုမြို့နယ်အတွင်းက ဝှယ်ဒူလျားစစ်ရှောင်စခန်းကို မေလ ၈ ရက်နေ့မှာ စစ်ကော်မရှင်တပ်...
May 13, 2026
စတားလင့်ကုမ္ပဏီရဲ့ အသစ်သတ်မှတ်လိုက်တဲ့ စည်းကမ်းချက်ကြောင့် ကရင်နီပြည်မှာ အသုံးပြုနေတဲ့...
ကရင်နီဆေးကောလိပ် (Karenni Medical College - KMC)
May 12, 2026
ကရင်နီပြည်မှာ ဖွင့်လှစ်ထားတဲ့ ကရင်နီဆေးကောလိပ် (Karenni Medical College - KMC) ရဲ့ အပတ်စဉ် (၃)...