အကြီးစားစီမံကိန်းဖေါ်ဆောင်ရာ၌ ဒေသခံလူထု၏ ဆန္ဒကိုအလေးထားရန် KSSUG တိုက်တွန်း

အကြီးစားစီမံကိန်းဖေါ်ဆောင်ရာ၌ ဒေသခံလူထု၏ ဆန္ဒကိုအလေးထားရန် KSSUG တိုက်တွန်း
by -
ထျိုးမြာ
အကြီးစားစီမံကိန်းများနှင့် ပတ်သက်၍ အကောင်အထည်ဖေါ်ဆောင်းခြင်း မပြုလုပ်သေးခင်လူထုများကိုပွင့်လင်းမြင်သာစွာချပြရှင်းလင်းပေးရန်၊လူထုများ၏ ဘဝလုံခြုံမှုများနှင့် သဘာဝပတ်ဝန်းကျင်ကို ထိခိုက်စေသောစီမံကိန်းများကို အကောင်အထည်ဖေါ်ဆောင်ခြင်း မပြုရန်နှင့် လူထုများ၏ ဘဝကို မြင့်တင်ပေးမည့် ရင်းနှီးမြပ်နှံမှုများကိုသာ ဆောင်ရွက်ရန် လိုအပ်ကြောင်းKarenni State Situation Update Group (KSSUG)က တိုက်တွန်းနှိုးဆော်လိုက်သည်။

KSSUမှ ကောက်ခံခဲ့သော စစ်တမ်းတွင် အကြီးစားစီမံကိန်းများနှင့် ပတ်သက်ပြီး များသောအားဖြင့် သက်ဆိုင်ရာမှ ဆောင်ရွက်ကြရာတွင်ဒေသခံလူထုဘက်မှ မသိရှိရသည်ကို တွေ့ရသည်ဟု KSSUG ၏ အဖွဲ့ဝင် နော်ဖောဝါးက ပြောသည်။

“ဒီစီမံကိန်းတွေက နိုင်ငံတော်ကနေအကောင်းအထည်ဖော်တဲ့ဒီမံကိန်းတွေ တော်တော်များများက လူထုတွေကဘာမှမသိဘူး။ ဘာစမ်းသပ်သွားလို့ ဘာလုပ်မှန်းမသိဘူး။ ဒါပေမဲ့ အကောင်းအထည်ဖော်မယ်ဟေ့ဆိုတဲ့ အဲ့ဒီအသိပေးတဲ့အချိန်ကျမှ သူတို့တွေ သိသွားတာတွေက များနေတယ်။ အဲ့တော့ ပွင့်လင်းမြင်သာမှုအပိုင်းမရှိဘူး။ အထူးသဖြင့်ဆိုရင် ကောင်းအထည်ဖောင်မဲ့ဒေသခံရဲ့ အသံကသူတို့ယူထားတာတွေ မရှိဘူးပေါ့။ အဲ့ဒါတွေဟာ အများအားဖြင့် ကျမတို့ လူထုတွေဆီသွားရောက်တွေ့ဆုံတဲ့အခါမှာ ထွက်လာတဲ့အသံပေါ့ ” ဟု နော်ဖောဝါးက ပြောသည်။

ကယားပြည်နယ်၌ အစိုးရသစ်လက်ထက်အတွင်း အကောင်အထည်ဖေါ်ဖို့ ပြန်လည်အစပြုခဲ့သော အကြီးစားစီမံကိန်းနှစ်ခု ရှိခဲ့ကာ ၂၀၁၆ ခုနှစ်တွင် ပွန်ချောင်းရေအားလျှပ်စစ်စီမံကိန်းနှင့် ယခု ၂၀၁၇ ခုနှစ် သြဂုတ်လ အတွင်း ဒီဘိလပ်မြေစက်ရုံစီမံကိန်းအကောင်အထည်ဖေါ်ရန် စတင်ပြုများ လုပ်ဆောင်နေခြင်း ဖြစ်သည်။

KSSUG အဖွဲ့သည် လူထု၏ လိုအပ်ချက်ကို အခြေခံပြီး ငြိမ်းချမ်းရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းစဉ်များကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်နှင့် ကရင်နီပြည်နယ်အတွင်းရှိ ပဋိပက္ခနှင့် ပတ်သက်သော အချက်အလက်များကို ပါဝင်ပတ်သက်သူများထံ ဖြန့်ဝေပေးနိုင်ရန် သုတေသနပြုလုပ်ပြီး ရရှိလာသောအချက်အလက်များကို ကရင်နီပြည်နယ်အတွင်းရှိ လူထုများအားလုံး လက်လှမ်းမှီစေရန်အတွက် စာအုပ်ထုတ်ပြီး မျှဝေမှုများ ပြုလုပ်လျှက်ရှိသည်။

Karenni State Situation Update Group ( KSSUG) အဖွဲ့သည် ကယားပြည်နယ်ရှိ မြို့နယ်ခုနှစ်မြို့နှင့် ကယန်းဒေသအတွင်းရှိ ရပ်ကွက်၊ ကျေးရွာ (၄၉) ခုကို ဦးတည်ကာ စစ်ဆေးရေးဂိတ်များ၊ မြေယာရေးရာ၊ ငြိမ်းချမ်းရေးဖြစ်စဉ်၊ အခွန်ကောက်ခံခြင်းနှင့် အကြီးစားစီမံကိန်းဆိုင်ရာ သုတေသနပြုလုပ်ပြီး စစ်တမ်းကောက်ယူခဲ့ကြခြင်း ဖြစ်သည်။

Sha Dow ( Facebook)
May 16, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် ဒေါငံခါးကျေးရွာမှာရှိတဲ့ သီလရှင်ကျောင်းကို စစ်ကော်မရှင်တပ်က မေလ...
ကန္တာရဝတီတိုင်း ( မ် ) ၊ CTER - Karenni
May 14, 2026
ကရင်နီပြည် ၊ ဖရူဆိုမြို့နယ်အတွင်းက ဝှယ်ဒူလျားစစ်ရှောင်စခန်းကို မေလ ၈ ရက်နေ့မှာ စစ်ကော်မရှင်တပ်...
May 13, 2026
စတားလင့်ကုမ္ပဏီရဲ့ အသစ်သတ်မှတ်လိုက်တဲ့ စည်းကမ်းချက်ကြောင့် ကရင်နီပြည်မှာ အသုံးပြုနေတဲ့...
ကရင်နီဆေးကောလိပ် (Karenni Medical College - KMC)
May 12, 2026
ကရင်နီပြည်မှာ ဖွင့်လှစ်ထားတဲ့ ကရင်နီဆေးကောလိပ် (Karenni Medical College - KMC) ရဲ့ အပတ်စဉ် (၃)...