ခိုင်လုံသောအထောက်အထားဖြင့် သိမ်းဆည်းခံမြေများပြန်လည်တောင်းယူနိုင်တော့မည်

ခိုင်လုံသောအထောက်အထားဖြင့် သိမ်းဆည်းခံမြေများပြန်လည်တောင်းယူနိုင်တော့မည်
by -
မူအက်စတာ
မူလပိုင်ဆိုင်မှုတွေကို ပြန်ရရှိရန် ပိုင်ဆိုင်မှုအထောက်အထားများကို ပြည့်စုံအောင်တင်ပြပေးနိုင်ပါက သိမ်းယူထားသော မြေများကို ပြန်လည်ရရှိရန် တောင်းခံနိုင်ပြီဖြစ်ကြောင်း သိရသည်။ ထို့အပြင် သိမ်းဆည်းခံမြေကို အဆိုပါတောင်သူပိုင်ဆိုင်ကြောင်း အများကယုံကြည်သောပုဂ္ဂိုလ်က ထောက်ခံပေးခြင်းဖြစ်လည်း ပြန်လည်တောင်းဆိုနိုင်ကြောင်း သိရသည်။ “အဲ့သိမ်းထားတဲ့မြေတွေကို ဘယ်အဖွဲ့အစည်းကသိမ်းသိမ်း ဘယ်တပ်၊ ဘယ်ပုဂ္ဂလိက ကပဲသိမ်းသိမ်း စွန့်လွတ်ရန်ရှိမရှိ ခင်များတို့မေးနေတာက ခရိုင်မှူးကြီးလည်း စွန့်လွတ်ပေးလို့မရဘူး။ ကျနော်လည် စွန့်လွတ်ပေးလို့မရဘူး။ ဗဟိုကော်မတီကမှ စွန့်လွတ်ပေးလို့ရမယ်။ အဲ့တော့ ခင်ဗျားတို့က အောက်ခြေကနေပြီးတော့ အမှန်တစ်ကယ်လိုအပ်တဲ့မြေအတွက် တင်ပြတောင်းခံတဲ့စာ ပူးတွဲတင်ပြရမယ်။ကွင်းဆင်းပြီး စစ်မယ်ဆိုရင် အဓိက အခြေခံလိုအပ်ချက်တွေက သူ့ရဲ့ပိုင်ဆိုင်မှု အထောက်အထားတွေလိုမယ်။ ပိုင်ဆိုင်မှုအထေက်အထားမရှိတော့ဘူးဆိုရင် ရပ်ရွာက အများယုံကြည်အားကိုးလေးစား ယုံကြည်ရလောက်တဲ့ပုဂ္ဂိုလ်နဲ့ ဒီလူက ဒီမြေကိုဘယ်နှစ်ခုနှစ်က ပို်င်ဆိုင်ခဲ့တယ်။ ဘယ်လောက်ကြာကြာလုပ်စားခဲ့တယ်ဆိုတဲ့ ထွက်ချက်တွေလိုတယ်။ အဲ့ဒါတွေကို ဘယ်လိုရယူရမလဲ၊ ဘယ်လိုစစ်ဆေးရမလဲ ဆိုတဲ့မူဝါဒတွေကို ခင်များတို့သိဖို့လိုတယ်”ဟု ဒီးမော့ဆိုမြို့နယ်အထွေထွေအုပ်ရေးဦးစီးဌာန၊ ဒုမြို့နယ်အုပ်ချုပ်ရေးမှူး စန်းထွန်းလင်းက ပြောသည်။ ပိုင်ဆိုင်မှု အထောက်အထားဖြင့် တင်ပြလာသော မြေနေရာများကို သိမ်းဆည်းခံလယ်ယာမြေများ ပြန်လည်စိစစ်ရေးကော်မတီမှ ပြန်လည်စိစစ်ပေးမည် ဖြစ်သည်။ သိမ်းဆည်းခံလယ်ယာမြေများ ပြန်လည်စိစစ်ရေးကော်မတီသည် သိမ်းဆည်းခံမြေတွေကို ပြန်လည်ပေးဆောင်ပေးနေသော ကော်မတီမဟုတ်ဘဲ တင်ပြတောင်းခံလာသော မြေယာများအား အမှန်တကယ်ပိုင်ဆိုင်ကြောင်း အတည်ပြုရန် မြေပြင်တွင် သွားရောက်ကွင်းဆင်းစိစစ်သော လုပ်ငန်းတွေကို လုပ်ဆောင်ပေးမည်ဖြစ်ကြောင်း သိရသည်။ ဒီးမော့ဆိုမြို့နယ်အတွင်း ဒေသခံတောင်သူထံမှ သိမ်းဆည်းခံလယ်ယာမြေနှင့် ပတ်သက်၍ ပြန်လည်တောင်းခံနိုင်မည့် နည်းလမ်းအား ရှင်းလင်ပွဲကို စက်တင်ဘာလ ၁၂ ရက်နေ့က ဒီးမော့ဆိုမြို့နယ်ခန်းမတွင် ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ ဒီရှင်းလင်းပွဲတွင် တာဝန်ရှိသူထံ တင်ပြတောင်ခံရာ၌ သိမ်းဆည်းခံသူမှ လုပ်ဆောင်ရမည့် နည်းလမ်းနှင့် ဥပဒေလုပ်ထုံးလုပ်နည်းများကို ရှင်းလင်းခဲ့သည်။ “ကျနော်တို့ဒီမိုကရေစီနိုင်ငံလျှောက်လှမ်းမယ် ဆိုတဲ့နေရာမှာ ဥပဒေကို သိဖို့လိုတယ်။ ဥပဒေဟာ အသက်ပဲဆိုတာ ကျနော်တို့သိရတယ်။ အခုလာတဲ့ပုဂ္ဂိုလ်တွေဟာ ဥပဒေဆိုတဲ့ လက်ကမ်းစာစောင်တွေကိုလဲ ကျနော်တို့ရတယ်။ ဒါပေမဲ့ မရရှိသေးတဲ့ ဒေသခံပြည်သူတွေလည်း အများကြီးရှိတယ်။ကျနော်တို့မြန်မာနိုင်ငံသားအားလုံးဟာ ဥပဒေကို ထမင်းစားရေသောက်လောက်တော့သိထားသင့်တယ်။ကျနော်တို့လုပ်ဆောင်ရမယ့်နေရာမှာ လုပ်ဆောင်ရမယ့် ကော်မတီတွေကော လိုက်နာရမဲ့ ပြည်သူတွေကော အားလုံးကိုနားလည်ပြီဆိုရင် အခက်အခဲတွေက နည်းနိုင်သမျှနဲသွားလိမ့်မယ်လို့ ယူဆပါတယ်။”ဟု ဒီးမော့ဆိုမြို့ ရပ်မိရပ်ဖ ဦးစိန်ဝင်းက ပြောသည်။ အစိုးရဌာနဆိုင်ရာက သိမ်းယူခဲ့သော်လည်းကောင်း စစ်တပ်ကသိမ်းယူခဲ့သော်လည်းကောင်း သိမ်းဆည်းခံရသော မြေယာများကို ပြန်လည်ရရှိရန် သိမ်းဆည်းခံလယ်ယာမြေများ ပြန်လည်စိစစ်ရေးကော်မတီထံ ကနဦး စတင်တောင်းခံရမည် ဖြစ်သည်။
Sha Dow ( Facebook)
May 16, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် ဒေါငံခါးကျေးရွာမှာရှိတဲ့ သီလရှင်ကျောင်းကို စစ်ကော်မရှင်တပ်က မေလ...
ကန္တာရဝတီတိုင်း ( မ် ) ၊ CTER - Karenni
May 14, 2026
ကရင်နီပြည် ၊ ဖရူဆိုမြို့နယ်အတွင်းက ဝှယ်ဒူလျားစစ်ရှောင်စခန်းကို မေလ ၈ ရက်နေ့မှာ စစ်ကော်မရှင်တပ်...
May 13, 2026
စတားလင့်ကုမ္ပဏီရဲ့ အသစ်သတ်မှတ်လိုက်တဲ့ စည်းကမ်းချက်ကြောင့် ကရင်နီပြည်မှာ အသုံးပြုနေတဲ့...
ကရင်နီဆေးကောလိပ် (Karenni Medical College - KMC)
May 12, 2026
ကရင်နီပြည်မှာ ဖွင့်လှစ်ထားတဲ့ ကရင်နီဆေးကောလိပ် (Karenni Medical College - KMC) ရဲ့ အပတ်စဉ် (၃)...