စာရွက်စာတမ်းအတုဖြင့် မော်ချီးထွက်ခဲသတ္တုများ လိမ်လည် သယ်ဆောင်သွားသောကား ၂ စီးဖမ်းမိ

စာရွက်စာတမ်းအတုဖြင့် မော်ချီးထွက်ခဲသတ္တုများ လိမ်လည် သယ်ဆောင်သွားသောကား ၂ စီးဖမ်းမိ
by -
လင်းသန့်
ကယားပြည်နယ်မော်ချီးဒေသမှာ ထွက်ရှိသော ခဲတ္တုမစ်ထရစ်တန်ချိန် ၄၂ တန်ကို သက်ဆိုင်ရာတာဝန်ရှိသူများမှ လက်မှတ်ထိုးထားသော စာရွက်စာတမ်းအတုဖြင့် လိမ်လည်ကာ တရားမဝင်သယ်ဆောင်သွားမှု သြဂုတ်လ ၁၈ ရက်နေ့က ဖြစ်ပွားခဲ့သည်။ ရှမ်းပြည်နယ် ပင်လောင်းမြို့နယ်၊ နောင်တရားနယ်မြေရဲစခန်း၊ တီကျစ်ရဲကင်းစခန်းအရှေ့တွင် ခဲမဖြူ/အဖြိုက်နက်ရှီးလိုက်ရောရာသတ္တုများကို တင်ဆောင်လာသော ယာဉ် နှစ်စီးအား ရပ်တန့် စစ်ဆေးခဲ့ရာမှ တွေ့ရှိခဲ့ခြင်း ဖြစ်သည်။ သန်းမောင်ဝေ မောင်းနှင်းပြီး ကိုဦးလိုက်ပါလာသော ခဲပြာရောင် 2C-2480 ၁၀ ဘီးယာဉ်ပေါ်တွင် ကိုလာဆာလာအိတ် (၄၃၀) မက်ထရစ်တန် ၂၁ တန်နှင့် ကိုပိန်မောင်းနှင်ပြီး မျိုးဇော်လိုက်ပါလာသော ဖြူဝါကြား 3C-၄၇၃၀ (၁၂) ဘီးယာဉ် ပေါ်တွင် ကိုလာဆာလာအိတ် (၄၃၀) မက်ထရစ်တန် ၂၁ တန်ခန့်တို့ကို စစ်ဆေးတွေ့ရှိခဲ့ခြင်း ဖြစ်သည်။ အမှတ် ၂ သတ္တုတွင်းလုပ်ငန်း၊ ကယားပြည်နယ်မှ ကွတ်ခိုင်ခမ်းကြိုင်ကုမ္ပဏီမှ တင်ဒါအောင်မြင်ထားသော ခဲမဖြူ/အဖြိုက်နက်ရှီးလိုက်ရောရာသတ္တုအမှုန့် လော့(၅) လော့အနက် လော့ (၃)ခုအား သယ်ပို့ပြီးဖြစ်ကာ ကျန်ရှိ လော့(၂)ခုအား သယ်ဆောင်ခြင်းဖြစ်ကြောင်း တရားလိုနှင့် သက်သေများကို စစ်ဆေးချက်အရ ပေါ်ပေါက်ခဲ့ကြောင်း ရဲမှတ်တမ်းက ဖေါ်ပြထားသည်။ ထို့အပြင် အထောက်အထားအဖြစ်ပါလာသော စာရွက်စာတမ်းများသည်လည်း သက်သေအဖြစ် မှန်ကန်ကြောင်းလည်း ရဲစခန်းက ထွက်ဆိုထားသည်။ အဆိုပါကိစ္စနှင့် ပတ်သက်၍ နောင်တရားနယ်မြေရဲစခန်း၏ စခန်းမှူး ရဲအုပ်ဝင်းနိုင်က မော်ချီးသတ္တုတွင်းစီမံကိန်း(ရုံခွဲ)သို့ သယ်ဆောင်ခွင့် အထောက်အထားများနှင့် သတ္တုများမှာ မှန်ကန်မှုရှိ၊ မရှိ အတည်ပြု မှတ်ချက်ပေးရန် သြဂုတ် ၂၅ ရက်နေ့မှသာ တင်ပြခဲ့သည်။ စစ်ဆေးချက်အရ သတ္တုများဖမ်းဆီးချိန်တွင် ကုမ္ပဏီမှ တင်ပြထားသော ကယားပြည်နယ်အစိုးရအဖွဲ့၏ ဓါတ်သတ္တုသယ်ဆောင်ခွင့်ပြုချက်အမှတ်(၂၃-၁၂/၂၀၁၆)ဖြင့် မော်ချီးသတ္တုတွင်းစီမံကိန်း(ရုံးခွဲ)လွိုင်ကော်သို့ သယ်ဆောင်ခွင့်ပြုခဲ့ခြင်းမှာ လေလံအောင်မြင်သည့် သတ္တု ၂၂၅.၀၂၄၄ မက်ထရစ်တန် သယ်ဆောင်ခြင်းအတွက်သာ ဖြစ်ပြီး အဆိုပါ သတ္တုများကို ၅.၁.၂၀၁၇ ကတည်းက သယ်ယူပြီးသွားပြီဖြစ်ကြောင်းနှင့် ယခုဖမ်းဆီးရရှိခဲ့သော သတ္တုတန်ချိန် ၄၂ တန်သည် သယ်ယူထုတ်ယူခွင့် မပြုထားကြောင်း မော်ချီးသတ္တုတွင်းစီမံကိန်း(ရုံခွဲ) တာဝန်ခံ ဦးစန်းဝင်းအောင်က အတည်ပြုပေးကာ သြဂုတ်လ ၂၇ ရက်နေ့ ရက်စွဲဖြင့် အကြောင်းပြန်ထားကြောင်း သိရသည်။
December 23, 2025
၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့မှာ စစ်ကော်မရှင်ကနေ ပြုလုပ်မဲ့ တရားမဝင်/အတုအယောင် ရွေးကောက်ပွဲဟာ...
December 19, 2025
ကရင်နီပြည်သူလူထု၊ တပ်ပေါင်းစုံတပ်ဖွဲ့ဝင်တွေ၊ ကရင်နီလူမှု အဖွဲ့အစည်းတွေကို ဒီဇင်ဘာလ (၁၉)...
December 16, 2025
ကရင်နီပြည်၊ ဖရူဆိုမြို့နယ်အတွင်းရှိ ကျေးရွာတရွာအနီးမှာ စပါးသိမ်းယူနေတဲ့ စစ်ဘေးရှောင်တွေကို...