ဘီလူးချောင်းတံတား (ဒေါနိုးကူး) ကို ကျပ်သန်း ရ၄၀ အသုံးပြုတည်ဆောက်မည်

ဘီလူးချောင်းတံတား (ဒေါနိုးကူး) ကို ကျပ်သန်း ရ၄၀ အသုံးပြုတည်ဆောက်မည်
by -
ကန္တာရဝတီတိုင်း(မ်)
ဒေါနိုးကူးရပ်ကွက်နှင့် လောဓမ္မရပ်ကွက်ကို ဆက်သွယ်ထားသော ဘီလူးချောင်း(ဒေါနိုးကူး)တံတားကို ကျပ်သန်း ရ၄၀ ဖြင့် ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ်အတွင်း တည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။ ဘီလူးချောင်းတံတား(ဒေါနိုးကူး)ကို ဆောက်လုပ်ရေးဝန်ကြီးဌာန တည်ဆောက်ရေးအဖွဲ့(၂) တံတားဦးစီးဌာန တံတားအထူးအဖွဲ့ (၆)က တာဝန်ယူတည်ဆောက်မည်ဖြစ်ကာ ကယားပြည်နယ် ပြည်နယ်ရန်ပုံငွေဖြင့် အသုံးပြုမည်ဖြစ်ကြောင်း သိရသည်။ “လက်ရှိကတော့ အကြိုအင်ဂျင်နီယာလုပ်ငန်းတွေဆောင်ရွက်နေတယ်။ မြေစမ်းတဲ့ လုပ်ငန်းတွေ ဆောင်ရွက်နေတယ်။ ပုံစံထုတ်နေတယ်။ ပုံထုတ်ပြီးရင် တင်ဒါကတော့ သတင်းစာထဲမှာ ကြေညာပြီးပါပြီ။”ဟု တံတားအထူးအဖွဲ့(၆)၏ ဦးစီးအရာရှိ လှိုင်ဖြိုးဝင်းက ပြောသည်။ သံကူကွန်ကရစ်အမျိုးအစားဖြစ်ကာ၊ တံတားအရှည် ခန့်မှန်း ပေ ၂၀၀၊ ယာဉ်နှစ်လမ်းသွား အကျယ် ပေ ၃၀၊ တံတားခံနိုင်ဝန် တန် ၆၀ ဖြစ်ကြောင်း သိရသည်။
Sha Dow ( Facebook)
May 16, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် ဒေါငံခါးကျေးရွာမှာရှိတဲ့ သီလရှင်ကျောင်းကို စစ်ကော်မရှင်တပ်က မေလ...
ကန္တာရဝတီတိုင်း ( မ် ) ၊ CTER - Karenni
May 14, 2026
ကရင်နီပြည် ၊ ဖရူဆိုမြို့နယ်အတွင်းက ဝှယ်ဒူလျားစစ်ရှောင်စခန်းကို မေလ ၈ ရက်နေ့မှာ စစ်ကော်မရှင်တပ်...
May 13, 2026
စတားလင့်ကုမ္ပဏီရဲ့ အသစ်သတ်မှတ်လိုက်တဲ့ စည်းကမ်းချက်ကြောင့် ကရင်နီပြည်မှာ အသုံးပြုနေတဲ့...
ကရင်နီဆေးကောလိပ် (Karenni Medical College - KMC)
May 12, 2026
ကရင်နီပြည်မှာ ဖွင့်လှစ်ထားတဲ့ ကရင်နီဆေးကောလိပ် (Karenni Medical College - KMC) ရဲ့ အပတ်စဉ် (၃)...