တရားမဝင်​ခဲသတ္တု သို​လှောင်​ထား​သော တရားခံကို မဖမ်းမိသေး

တရားမဝင်​ခဲသတ္တု သို​လှောင်​ထား​သော တရားခံကို မဖမ်းမိသေး
by -
ကန္တရဝတီ
သြဂုတ်​လ ၁၀ ရက်​​နေ့က လွိုင်​​ကော်​မြို့နယ်​ရှိ ​နေရာ နှစ်​​နေရာတွင်​ တရားမဝင်​ခဲသတ္တုများကို တရားဝင်ရောင်းချရန် သိမ်းဆည်းထားသည်ကို သက်​​သေခံပစ္စည်​းများနှင်​့တကွ သိမ်​းဆည်​းရရှိခဲ့​သော်လည်း ပစ္စည်းများ၏ ပို်င်ရှင်ကိုမူ သြဂုတ်လ ၁၄ ရက်နေ့အထိ ဖမ်းမိရရှိခြင်း မရှိသေးကြောင်း လွိုင်ကော်မြို့၊ မြို့မရဲစခန်းမှ သိရသည်။ နေအိမ်သို့ ဝင်ရောက်ရှာဖွေရာနေ အိမ်ရှင်ကို တွေ့ရှိရခြင်း မရှိဘဲ သက်သေခံပစ္စည်းများကိုသာ တွေ့ရှိရခြင်းဖြစ်ကြောင်း ရဲမှတ်တမ်းတွင် ဖေါ်ပြထားသည်။ အမှုဖွင့်ထားသော ၁၁ ရက်နေ့အထိ အဆိုပါ ပိုင်ရှင်များကိုလည်း စုံစမ်းဆဲဖြစ်ကြောင်း သိရသည်။ ခဲသတ္တုမာျး တွေ့ရှိခဲ့သော အိမ်ပိုင်ရှင်ကို ရှာဖွေဖေါ်ထုတ်ရန် လုပ်ဆောင်နေသည်ဟုအဆိုပါ အမှုကို အမှုစစ်အဖြစ်တာဝန်ယူထားသူ ဒုရဲအုပ် ငြိမ်းဇော်မင်းက ကန္တာရဝတီတိုင်း(မ်)ကို သြဂုတ်လ ၁၄ ရက်နေ့ ၁၁ နာရီအချိန်က အတည်ပြု ​ပြောကြားသည်။ “မနေ့ညကတော့ ကယန်းပြည်သစ်က ဗိုလ်မှူး နဲ့တွေ့တယ်။ သူတို့ အပ်ပေးမယ်ပြောတယ်။ လောလောဆယ်တော့ တရာခံကို မမိသေးဘူး။”ဟု ဒုရဲအုပ် ငြိမ်းဇော်မင်းက ပြောကြားသည်။ ကယားပြည်နယ်အစိုးရအဖွဲ့၏ ညွှန်ကြားချက်ဖြင့် ပြည်နယ်မှုခင်းအကူရဲတပ်ဖွဲ့ ရဲအုပ်ခင်ကိုကို၊ ခရိုင်မှုခင်းနှိမ်နင်းရေးအဖွဲ့ ရဲအုပ်ဇော်မင်းဦး၊ မြို့မရဲစခန်းမှ နယ်ထိန်း ဒုရဲအုပ်ငြိမ်းဇော်မင်း၊ မိုင်းလုံးရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် အုပ်စုအုပ်ချုပ်ရေးမှူး ဦးဦးရယ်တို့ ပါဝင်သော ပူးပေါင်းအဖွဲ့က အဆိုပါ တရားမဝင်ခဲသတ္တုများကို ရှောင်တခင် ဝင်ရောက်စစ်ဆေး ဖမ်းဆီး ရရှိခဲ့ခြင်းဖြစ်သည်။ သြဂုတ်လ ည ၁၁ နာရီခွဲ အချိန်က လွိုင်​​ကော်​မြို့ မိုင်​းလုံးရပ်​ကွက်​၊ မြစိမ်းရောင်လမ်​း၊ အိမ်​အမှတ်​/၄၆၂(က) ခြံဝန်​းအတွင်​းရှိ ဂို​ဒေါင်​အတွင်​း၌ ပိဿာခဲသတ္တု ၂၉ အိတ်​၊ အိတ်​ချုပ်​ရာတွင်​ အသုံးပြု​သော ချုပ်​စက်​ ၂ လုံး၊ ချိန်​တွယ်​ကတ္တား ၁ လုံးနှင်​့ သတ္တုများ ထုတ်​ပိုးရာတွင်​ အသုံးပြု​သော ဆက်​စပ်​ပစ္စည်​းများ ​တွေ့ရှိရသဖြင်​့ တာဝန်​ရှိသူများမှ မျက်​မြင်​​ရှေ့မှောက်​တွင်​ ရှာ​ဖွေသိမ်​းဆည်​းခဲ့သည်​။ ထို့အပြင်​ သြဂုတ်လ ၁၁ ရက်နေ့ နံနက် ၃ နာရီခွဲ အချိန်တွင် ပန်​ကန်​း​ကျေးရွာအုပ်​စု၊ ထူဒူငံသ​ကျေးရွာ၊ (အ.မ.က)စာသင်​​ကျောင်​းအနီးရှိ ခြံဝန်​းအတွင်​းရှိ ဂို​ဒေါင်​တွင်​ သတ္တုအမှုန့်​့ကြိတ်​စက်​တစ်​လုံးနှင်​့တွဲလျှက် ကိုဘိုတာစက် ၁ လုံး၊ သတ္တုအမှုန် ၃ ပိဿာခွဲနှင့် သတ္တုများ ထုတ်​ပိုးရာတွင်​ အသုံးပြု​သော အခြားသက်​​သေခံပစ္စည်​းများ ​တွေ့ရှိခဲ့သည်​။ အဆိုပါ သတ္တုများသည်​ တာဝန်​ရှိသူများမှ ထုတ်​​ပေးထား​သော အ​ထောက်​အထားများမပါရှိခြင်​း​ကြောင်​့ တရားမဝင်​ခဲသတ္တုဖြစ်​သည်​ဟု ​မော်​ချီးသတ္တုတွင်​းရုံးခွဲ ရုံးခွဲတာဝန်​ခံအင်​ဂျင်​နီယာ ဦးစန်​းဝင်​း​အောင်​က ကန္တာရဝတီတိုင်​း(မ်​)သို့ အတည်​ပြုသည်​။ “အခု​တွေ့ရှိရတဲ့ခဲ​က​တော့ သတ္တုတွင်​း လုပ်​ထုံးလုပ်​နည်​းအရဆိုရင်​ တရားမဝင်​သတ္တုလို့ သတ်​မှတ်​လို့ရတယ်​။ သတ္တုတွင်​း အ​ထောက်​အထား၊ သတ္တုတွင်​း ကုန်​ပို့လွှာတို့ ဘာမှ မရှိဘူး။”ဟု ဦးစန်​းဝင်​း​အောင်​က ​ပြောကြားသည်​။ အဆိုပါ တရားမဝင်ခဲသတ္တု လက်ဝယ်သိမ်းဆည်းထားခြင်းအား လွိုင်ကော်မြို့ မြို့မရဲစခန်းတွင် (ပ) ၁၀၆/၂၀၁၇နှင့် (ပ)၁၀၇/၂၁၀၇ ဖြင့် မော်​ချီးသတ္တုတွင်​းရုံးခွဲ ရုံးခွဲတာဝန်​ခံအင်​ဂျင်​နီယာ ဦးစန်​းဝင်​း​အောင်​က သြဂုတ်လ ၁၁ ရက်နေ့က တရားလိုပြုလုပ်ပြီး တိုင်ကြားထားသည်။
December 23, 2025
၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့မှာ စစ်ကော်မရှင်ကနေ ပြုလုပ်မဲ့ တရားမဝင်/အတုအယောင် ရွေးကောက်ပွဲဟာ...
December 19, 2025
ကရင်နီပြည်သူလူထု၊ တပ်ပေါင်းစုံတပ်ဖွဲ့ဝင်တွေ၊ ကရင်နီလူမှု အဖွဲ့အစည်းတွေကို ဒီဇင်ဘာလ (၁၉)...
December 16, 2025
ကရင်နီပြည်၊ ဖရူဆိုမြို့နယ်အတွင်းရှိ ကျေးရွာတရွာအနီးမှာ စပါးသိမ်းယူနေတဲ့ စစ်ဘေးရှောင်တွေကို...