တိုင်းရင်းသားနှစ်ပါတီ ပူးပေါင်းကာ ပါတီအသစ်ထူထောင်ပြီ

တိုင်းရင်းသားနှစ်ပါတီ ပူးပေါင်းကာ ပါတီအသစ်ထူထောင်ပြီ
by -
ကန္တရဝတီ
ကယား(ကရင်နီ)ပြည်နယ် အခြေစိုက်ပါတီဖြစ်သော ကယားလူမျိုးစု ဒီမိုကရေစီပါတီနှင့် လူမျိုးပေါင်းစုံဒီမိုကရေစီပါတီ(ကယားပြည်နယ်) နှစ်ပါတီ ပူးပေါင်းကာ ပါတီအသစ်တစ်ခု တည်ထောင်လိုက်ပြီဖြစ်ကြောင်း ပါတီ၏ ပြောရေးဆိုခွင့်ရှိသူ စိုင်းနိုင်နိုင်ထွေးက ကန္တာရဝတီတိုင်း(မ်)သို့ ပြောကြားသည်။

2party 287x300“ကျတော်တို့သဘောတူခဲ့ကြတယ်။ဒေသအတွင်းနိုင်ငံရေး လုပ်ငန်းစဉ်လို့ ပြောတဲ့အခါကျရင် လက်ရှိ ငြိမ်းချမ်းရေးဖြစ်စဉ်အပါအဝင် ဒေသအတွင် ဖယ်ဒရယ်ဖြစ်ထွန်းပေါ်ပေါက်မှုတွေအပါ ကျတော်တို့ အဓိကဦးတည်ပြီး ဖွဲ့စည်းခဲ့တာပါ။”ဟု စိုင်းနိုင်နိုင်ထွေးက ပြောကြားသည်။

တိုင်းရင်းသားပါတီ နှစ်ပါတီကို စုစည်းကာ အင်အားတောင့်တင်းသော ပါတီတစ်ခုအဖြစ် နိုင်ငံရေးတွင် ထဲထဲဝင်ဝင်လှုပ်ရှားရန် အဆိုပါ ပါတီတာဝန်ရှိသူများမှ ရည်ရွယ်လိုက်ခြင်းလည်း ဖြစ်သည်။

နှစ်ပါတီပူးပေါင်းကာ ဖွဲ့စည်းလိုက်သော ပါတီကို ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီဟူ၍ အမည်ပေးထားကာ တစ်ပြည်နယ်လုံးလွမ်းခြံုအခြေစိုက်သော တိုင်းရင်းသားပါတီတစ်ခု ဖြစ်လာမည် ဖြစ်သည်။

ပါတီကို ရွေးကောက်ပွဲကော်မရှင်သို့ မှတ်ပုံတင်ထားပြီး ပါတီအလံနှင့် တံဆိပ်တို့ကိုလည်း တရားဝင် ကြေညာခြင်းများ ဆောင်ရွက်နေပြီဖြစ်ကြောင်း သိရသည်။

ပါတီ၏ မူဝါဒနှင့် ရှေ့ဆက်လုပ်ငန်းစဉ်များ ရေးဆွဲခြင်း၊ အလုပ်အမှုဆောင်များ ရွေးချယ်ခြင်းကိုလည်း မကြာခင်အချိန်အတွင်း လုပ်ဆောင်သွာမည်ဟု စိုင်းနိုင်နိုင်ထွေးက ပြောသည်။

“သေချာတာက ဖယ်ဒရယ်ပြည်ထောင်စုစနစ်ကို စိတ်ဝင်စားတဲ့ ဒီမိုကရက်တစ်ပါတီအားလုံးနဲ့ ကျနော်တို့က မဟာမိတ်အဖြစ်နဲ့ပဲ သွားကြမှာ။ ဒေသအခြေစိုက်လို့ ပြောလိုက်တဲ့အခါမှာ ကယားပြည်နယ် နိုင်ငံရေးကို အထူး အာရုံစိုက်လုပ်ပြီးတော့ ပြည်ထောင်စုအဆင့် ဖော်ဆောင်နိုင်ရေးကိစ္စရပ်တွေက ဒီမိုကရက်တစ်အင်အားစုတွေနဲ့ ပေါင်းစည်းဆောင်ရွက်ရမဲ့ဟာ ဒါကတော့ သဘောထားအမှန်ပါ။”ဟု ၎င်းက ပြောကြားသည်။

Sha Dow ( Facebook)
May 16, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် ဒေါငံခါးကျေးရွာမှာရှိတဲ့ သီလရှင်ကျောင်းကို စစ်ကော်မရှင်တပ်က မေလ...
ကန္တာရဝတီတိုင်း ( မ် ) ၊ CTER - Karenni
May 14, 2026
ကရင်နီပြည် ၊ ဖရူဆိုမြို့နယ်အတွင်းက ဝှယ်ဒူလျားစစ်ရှောင်စခန်းကို မေလ ၈ ရက်နေ့မှာ စစ်ကော်မရှင်တပ်...
May 13, 2026
စတားလင့်ကုမ္ပဏီရဲ့ အသစ်သတ်မှတ်လိုက်တဲ့ စည်းကမ်းချက်ကြောင့် ကရင်နီပြည်မှာ အသုံးပြုနေတဲ့...
ကရင်နီဆေးကောလိပ် (Karenni Medical College - KMC)
May 12, 2026
ကရင်နီပြည်မှာ ဖွင့်လှစ်ထားတဲ့ ကရင်နီဆေးကောလိပ် (Karenni Medical College - KMC) ရဲ့ အပတ်စဉ် (၃)...