ဖြစ်စဉ်မှာ မူးယစ်တပ်ဖွဲ့စု(၂၀) လွိုင်ကော် မှ ရဲအုပ်မင်းဟန် ဦးစီးအဖွဲ့သည် သက်သေများနှင့်အတူ သြဂုတ်လ ၉ ရက်နေ့ ၊ ည ၁၂းဝဝ နာရီ အချိန်က လွိုင်ကော်မြို့၊ ဒေါပေါ်ကလဲကျေးရွာအုပ်စု ၊ ထေးငှားလျားကျေးရွာ ၊ တာရိုးလမ်းဆုံအနီးရှိ ငါးရယ် ၏ နေအိမ်သို့ ဝရမ်းအမှတ်(၂၆/၁၇)ဖြင့် ဝင်ရောက်ရှာဖွေခဲ့ရာ နေအိမ်တွင် အိမ်ရှင် ငါးရယ်၊ ဒါးဝီ(ခ)ဒဲရယ်၊ ညီညီမြင့်(ခ)သားငယ်နှင့် စီးဒီယို တို့ကို တွေ့ရှိပြီး စစ်ဆေးရှာဖွေခဲ့ကြောင်း သိရသည်။
ရှာဖွေစစ်ဆေးချက်အရ စိတ်ကြွရူးသွပ်ဆေးပြားစုစုပေါင်း (၂၉၁၂)ပြား၊ အလေးချိန်(၂၆၂.၀၈)ဂရမ်ခန့်၊ ကာလတန်ဘိုး ရ၂၈၀၀၀၀ိ/- နှင့် စိတ်ကြွရူးသွပ်ဆေးပြား ရောင်းချရငွေ (၈ သောင်း)တို့အား ဆက်စပ်ပစ္စည်းများနှင့်အတူ ရှာဖွေတွေ့ရှိသိမ်းဆည်းရရှိ ခဲ့သည်။
တရားခံများကို မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေများအရ အရေးယူဆောင်ရွက်ထားရှိကြောင်း သိရသည်။







