ပွင့်လင်းမြင်သာမှုမရှိသော ဆက်သွယ်ရေးကုမ္ပဏီအသစ်၏ တာဝါတိုင်နေရာအား ကန့်ကွက်

ပွင့်လင်းမြင်သာမှုမရှိသော ဆက်သွယ်ရေးကုမ္ပဏီအသစ်၏ တာဝါတိုင်နေရာအား ကန့်ကွက်
by -
ကန္တရဝတီ
လောဓမ္မရပ်ကွက်ရှိ ဓမ္မရုံ၏ခြံဝန်းအတွင်း Myanmar National Tele & Communication ကုမ္ပဏီ၏ ဖုန်းဆက်သွယ်ရေးတာဝါတိုင်ကို တည်ဆောက်ရန် လုပ်ဆောင်နေစဉ် (ဓါတ်ပုံ-စိုင်းလင်းလင်းဦး)
လောဓမ္မရပ်ကွက်ရှိ ဓမ္မရုံ၏ခြံဝန်းအတွင်း Myanmar National Tele & Communication ကုမ္ပဏီ၏ ဖုန်းဆက်သွယ်ရေးတာဝါတိုင်ကို တည်ဆောက်ရန် လုပ်ဆောင်နေစဉ် (ဓါတ်ပုံ-စိုင်းလင်းလင်းဦး)
မြန်မာနိုင်ငံ၌ တတိယမြောက်လုပ်ကိုင်ခွင့်ရရှိထားသော ဆက်သွယ်ရေးကုမ္ပဏီအသစ်၏ တာဝါတိုင်တည်ဆောက်မည့်နေရာအား ပွင့်လင်းမြင်သာမှုမရှိဟုဆိုကာ လောဓမ္မရပ်ကွက်နေသူများက တည်ဆောက်ခြင်းမပြုရန် ကန့်ကွက်နေကြသည်။

Myanmar National Tele & Communication ကုမ္ပဏီ၏ ဖုန်းဆက်သွယ်ရေးတာဝါတိုင်အား လောဓမ္မရပ်ကွက်ရှိ ဓမ္မရုံ၏ခြံဝန်းအတွင်း၌ အဆိုပါ တာဝါတိုင်အားတည်ဆောက်ရန် စီစဉ်နေခြင်းဖြစ်သည်။

အစိုးရတာဝန်ရှိသူများနှင့် ဆက်သွယ်ရေးကုမ္ပဏီမှ တာဝန်ရှိသူများက ရပ်ကွက်သို့ လာရောက်၍ တာဝါတိုင်တည်ဆောက်ရန် အစည်းအဝေးခေါ်ယူကာ ကျင်းပခဲ့သော်လည်း မိမိတို့ကို ဖိတ်ကြားခြင်း မရှိခဲ့ဟု ဦးစိုးသိမ်းက ပြောသည်။

“ကျနော်တို့အနေနဲ့တော့ အိမ်နီးနားချင်းတွေ အခုဖြစ်လာတဲ့ ဥစ္စာတွေကို ကျတော်တို့ အိမ်နီးနားချင်းလည်း မသိလိုက်ရပါဘူး။ ဒီအလုပ်တွေသူတို့ လာလုပ်တဲ့ ဥစ္စာကို မသိလည်းမသိလိုက်ရဘူး သူတို့ ထောင်မယ်ဆိုတဲ့ဟာအတွက် ကျနော်တို့ကန့်ကွက်ပါတယ်။”ဟု ဦးစိုးသိမ်းက ပြောသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍လည်း ရပ်ကွက်နေ ၁၃ ဦးမှ အစိုးရထံသို့ ကန့်ကွက်ကြောင်း လက်မှတ်ရေးထိုးကာ စာရေးသားပေးပို့ထားကြောင်း သိရသည်။

ဆက်သွယ်ရေးတာဝါတိုင်အကြောင်း ရှင်းလင်းသည့် ရပ်ကွက်အစည်းအဝေးတွင်လည်း တည်ဆောက်ခွင့်ပြုရန်အတွက် မိမိတို့၏ သဘောထားများကိုလည်း မေးမြန်းခြင်းမပြုကြောင်း ဒေါ်တင်တင်စန်းက ပြောသည်။

“အစည်းဝေးမှာတော့ ဘာတွေပြောကြလဲဆိုတော့ မြို့နယ်အုပ်ချုပ်ရေးမှူးလာတယ်။ ရပ်ကွက်စာရေးလာတယ်၊ ကုမ္ပဏီကသက်ဆိုင်တဲ့သူတွေလာတယ်။ လာပေမဲ့လို့ အစ်မတို့ အစည်းဝေးတက်ရောက်တဲ့သူတွေနဲ့ အစည်းဝေးတက်ရောက်တဲ့သူတွေကိုကတော့ ဒီတာဝါတိုင် ကိစ္စနဲ့ပါတ်သက်ပြီးတော့မှ ထောင်မယ်ဆိုတဲ့ ကိစ္စမှာ သဘောတူတယ် မတူဘူးဆိုတာလည်း သူတို့ မေးမြန်းခြင်းတော့မရှိဘူးပေါ့လေ။”ဟု ဒေါ်တင်တင်စန်းက ပြောသည်။

လက်ရှိတွင် တာဝါတိုင်တည်ဆောက်ရန် ကနဦး ဆောက်လုပ်ရေးလုပ်ငန်းများ စတင်နေကာ ရပ်ကွက်နေထိုင်သူအချို့မှာ အဆိုပါနေရာအစား လူနေအိမ်နှင့် ဝေးကွာသော နေရာ၌ ရွေ့ပြောင်းဆောက်လုပ်ပေးရန် လိုလာနေကြခြင်းလည်း ဖြစ်သည်။

Myanmar National Tele & Communiiation ကုမ္ပဏီသည် မြန်မာနိုင်ငံ၌ ရင်းနှီးမြှပ်နှံရန် တတိယမြောက်လုပ်ကိုင်ခွင့်ရရှိထားသော နိုင်ငံခြားဆက်သွယ်ရေးကုမ္ပဏီဖြစ်သည်။

Sha Dow ( Facebook)
May 16, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် ဒေါငံခါးကျေးရွာမှာရှိတဲ့ သီလရှင်ကျောင်းကို စစ်ကော်မရှင်တပ်က မေလ...
ကန္တာရဝတီတိုင်း ( မ် ) ၊ CTER - Karenni
May 14, 2026
ကရင်နီပြည် ၊ ဖရူဆိုမြို့နယ်အတွင်းက ဝှယ်ဒူလျားစစ်ရှောင်စခန်းကို မေလ ၈ ရက်နေ့မှာ စစ်ကော်မရှင်တပ်...
May 13, 2026
စတားလင့်ကုမ္ပဏီရဲ့ အသစ်သတ်မှတ်လိုက်တဲ့ စည်းကမ်းချက်ကြောင့် ကရင်နီပြည်မှာ အသုံးပြုနေတဲ့...
ကရင်နီဆေးကောလိပ် (Karenni Medical College - KMC)
May 12, 2026
ကရင်နီပြည်မှာ ဖွင့်လှစ်ထားတဲ့ ကရင်နီဆေးကောလိပ် (Karenni Medical College - KMC) ရဲ့ အပတ်စဉ် (၃)...