ဒေါကမီးကျေးရွာတွင် မူးယစ်ဆေးပြား (၁၅၃၂)ပြားခန့် ဖမ်းမိ

ဒေါကမီးကျေးရွာတွင် မူးယစ်ဆေးပြား (၁၅၃၂)ပြားခန့် ဖမ်းမိ
by -
ကန္တရဝတီ
ဒီးမော့ဆိုမြို့နယ် ဆောင်ဒူရွာသစ်အုပ်စု၊ ဒေါကမီးကျေးရွာတွင် မူးယစ်ဆေးဝါးကို သုံးစွဲသူအား ဇူလိုင်လ ၂၁ ရက်နေ့က ဖမ်းမိခဲ့ကြောင်း သိရသည်။

ဆောင်ဒူရွာသစ်အုပ်စု၊ ဒေါကမီးကျေးရွာတွင် မူးယစ်ဆေးဝါးသတင်းအရ သက်ဆိုင်ရာများမှ သွားရောက်စစ်ဆေးရာ ဦးရောကို(ခ)ဂျိုကာ၏နေအိမ်အောက် ပျဉ်ချပ်များအောက်တွင် (WY)စာတမ်းပါ စိတ်ကြွရူးသွပ်ဆေးပြားဟု ယူဆရသော ပန်းရောင်ဆေးပြား(၄)ပြား (၀.၃၆)ဂရမ် ကာလတန်ဖိုး(၄၀၀၀)ကျပ်ခန့် နှင့် အိမ်နောက်ဘက် ပြောင်းခင်းအတွင်းမှ မူးယစ်ဆေးဝါးသုံးစွဲရာတွင် အသုံးပြုသည့် ကိရိယာများကို ရှာဖွေတွေ့ရှိခဲ့သည်။

ဦးရောကို(ခ)ဂျိုကာအား တရားရုံး၌ ချုပ်ရီမန်ယူနေစဉ် ၎င်း၏ဇနီးဖြစ်သူ ဒေါ်ထရေးဇာသည် စခန်းသို့ရောက်ရှိလာပြီး အပြာရောင်ပလပ်စတစ်အိတ်(၇)အိတ်၊ (၁)အိတ်လျှင်(WY)စာတမ်းပါ ပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား(၂၀၀)ပြားစီပါ စုစုပေါင်း(၁၄၀၀)ပြားအား လာရောက်အပ်နှံခဲ့ခြင်းဖြစ်ည်။

ဦးရောကို(ခ)ဂျိုကာအား ထပ်မံစစ်ဆေးရာ ၎င်းနေအိမ်မီးဖိုဆောင်အတွင်းရှိ ဆန်အိတ်အတွင်း၌လည်း ဆေးပြားများရှိသေးကြောင်း ထပ်မံထွက်ဆိုခဲ့သည်။

ထို့ကြောင့် ထပ်မံသွားရောက်ရှာဖွေရာ ဆန်ထည့်ထားသည့် အိတ်အတွင်းမှ (WY) စာတမ်းပါ ပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား (၁၂၈)ပြားအား ထပ်မံတွေ့ရှိခဲ့သည်။

(WY) စာတမ်းပါ ပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား အရေအတွက် စုစုပေါင်း(၁၅၃၂)ပြား(၁၃၇.၅၂)ဂရမ်ခန့်၊ ကာလတန်ဖိုး(၁၅၃၂၀၀၀-တစ်ဆယ့်ငါးသိန်းကျော်ခန့်) ဖမ်းဆီးရမိသည့် ဦးရောကို(ခ)ဂျိုကာအား မူး/စိတ်ပုဒ်မ ၁၅/၁၉(က)အရ ဆက်လက်စစ်ဆေး အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သက်ဆိုင်ရာ ဒီးမော့ဆို မြို့မရဲစခန်း မှုခင်းမှတ်တမ်းအရ သိရသည်။

Sha Dow ( Facebook)
May 16, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် ဒေါငံခါးကျေးရွာမှာရှိတဲ့ သီလရှင်ကျောင်းကို စစ်ကော်မရှင်တပ်က မေလ...
ကန္တာရဝတီတိုင်း ( မ် ) ၊ CTER - Karenni
May 14, 2026
ကရင်နီပြည် ၊ ဖရူဆိုမြို့နယ်အတွင်းက ဝှယ်ဒူလျားစစ်ရှောင်စခန်းကို မေလ ၈ ရက်နေ့မှာ စစ်ကော်မရှင်တပ်...
May 13, 2026
စတားလင့်ကုမ္ပဏီရဲ့ အသစ်သတ်မှတ်လိုက်တဲ့ စည်းကမ်းချက်ကြောင့် ကရင်နီပြည်မှာ အသုံးပြုနေတဲ့...
ကရင်နီဆေးကောလိပ် (Karenni Medical College - KMC)
May 12, 2026
ကရင်နီပြည်မှာ ဖွင့်လှစ်ထားတဲ့ ကရင်နီဆေးကောလိပ် (Karenni Medical College - KMC) ရဲ့ အပတ်စဉ် (၃)...