စီးပွားရေးရင်နှီးမြုပ်နှံမှုတွင် နှစ်ဦးနှစ်ဖက်ပွင့်လင်းမြင်သာမှုများ ထားရှိရမည်ဟုဆို

စီးပွားရေးရင်နှီးမြုပ်နှံမှုတွင် နှစ်ဦးနှစ်ဖက်ပွင့်လင်းမြင်သာမှုများ ထားရှိရမည်ဟုဆို
by -
ကန္တရဝတီ
ကယားပြည်နယ်၏ လက်ရှိငြိမ်းချမ်းရေးဖြစ်စဉ်တွင် နှစ်ဖက်တပ်များ ပစ်ခတ်မှုမရှိသေးသော်လည်း ဖွံ့ဖြိုးရေးစီမံကိန်းများနှင့်အတူ စီးပွားရေးနှင့် ရင်းနှီးမြုပ်နှံရေးများ အပြန်အလှန်အားပြိုင်မှုများကြောင့် ငြိမ်းချမ်းရေးဖြစ်စဉ်ကို ထိခိုက်လာစေနိုင်ကြောင်း ကယားပြည်နယ် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် အနီးကပ်လိုက်ပါဆောင်ရွက်နေသူ ခူးပလုရယ်က ပြောသည်။

“ဒီပြည်နယ်မှာတစ်ခုကောင်းတာက အခုထိနှစ်ဖက်တပ်တွေ မပစ်ကြမခတ်ကြတာ တစ်မျိုးတော့ကောင်းတယ်။ သာမာန်ပြည်သူ လူထုအနေနဲ့ ကောင်းတယ်ပေါ့။ ဒါပေမယ့်တစ်ဖက်ကနေ ပြန်ကြည့်လိုက်တဲ့အခါကျတော့ စီးပွားရေးနဲ့ ရင်းနှီးမြှပ်နှံမှုတွေက ဟိုဖက်နဲ့ဒီဖက် လွန်ဆွဲမှုတွေဖြစ်လာတဲ့အပေါ်မှာ ဒါကလည်း ကြာလာရင် အားပြိုင်မှုတွေ ဖြစ်လာနိုင်တယ်။ ကြာလာရင်တော့အဆိုးဖက်ကို ဦးတည်သွားမှာလားဆိုတဲ့ စိုးရိမ်စိတ်တွေရှိလာတယ်။ အဲ့မျိုးဆိုရင်တော့ ငြိမ်းချမ်းရေးဖြစ်စဉ် ခုလက်ရှိထိန်းနေတဲ့ အခြေအနေကိုလည်း မထိခိုက်ဘူးလို့လည်း မပြောနိုင်ဘူးပေါ့နော” ဟု ခူးပလုရယ်က ပြောပါသည်။

စီးပွားရေးလုပ်ငန်းဖြစ်စေ၊ ရင်းနှီးမြုပ်နှံမှုလုပ်ငန်းဖြစ်စေ၊ အကြီးစားစီမံကိန်းလုပ်ငန်းများဖြစ်စေ နှစ်ဦးနှစ်ဖက်တိုင်ပင်ကာ မပြုလုပ်နိုင်ပါက နောက်ပိုင်း မလိုလားအပ်သော အဖုအထစ်ကြီးများ ဖြစ်ပွားလာနိုင်ကြောင်း ၎င်းကဆိုသည်။

လမ်းဖောက်လုပ်ခြင်းကိစ္စ၊ ရေသွယ်ယူရေးကိစ္စနှင့် အခြားကိစ္စအသေးအဖွဲ့ကိစ္စများကိုပင် နှစ်ဦးနှစ်ဖက်မှ ပွင့်လင်းမြင်သားမှုများဖြင့် အပြန်အလှန်ဆက်ဆံရေးတည်ဆောက်ထားမှလျှင် ပိုမိုကောင်းမွန်သော ဆက်ဆံရေးများတည်ဆောက်နိုင်ကြမည်ဟု ခူးပလုရယ်က ပြောသည်။

ကယားပြည်နယ်၏ လက်ရှိ ငြိမ်းချမ်းရေးဖြစ်စဉ်အခြေအနေသည် ထိလွယ်ရှလွယ်သည့် အခြေအနေတွင်ရှိနေသောကြောင့် အစိုးရမှ ပြည်နယ်အတွင်းရှိ စီမံကိန်းကြီးလုပ်ငန်းကို ဆောင်ရွက်မည်ဆိုလျှင် ငြိမ်ချမ်းရေးဖြစ်စဉ်တွင် ပါဝင်ပတ်သက်သောသူများနှင့် သေချာညှိနှိုင်းတိုင်ပင်ရန် လိုအပ်ကြောင်း ၎င်းကပြောသည်။

မယ်စဲ့မြို့နယ်အခြေချ တပ်မတော်တပ်သားတစ်ဦးက “ကေအဲန်ပီပီဘက်က ငြိမ်းချမ်းရေးလက်မှတ်ယူပြီးသာပြောတယ် ကျွန်တော်တို့နဲ့က ကိုယ်ပေါင်း စိတ်ခွာ အဲ့မျိုးပါပဲ၊ ဘယ်ချိန်ပြန်ပြီး ပစ်ခတ်ကြမလဲဘဲ စိုးရိမ်နေရတယ်၊ ဒါတွေကတေ့ ကျွန်တော်တို့ဖက်ကစိုးရိမ်မှုပေါ့” ဟု နယ်စပ်ဒေသမှ တာဝန်ထမ်းဆောင်နေသော အစိုးရစစ်တပ်မှ အမည်မဖေါ်လိုသူတပ်သားတစ်ဦးက ပြောကြားသည်။

ကယားပြည်နယ်သည် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)နှင့် အစိုးရစစ်တပ်အကြား အပစ်အခတ်ရပ်စဲရေးသဘောတူစာချုပ်တွင် လက်မှတ်ရေးထိုးထားပြီး ၂၀၁၂ ခုနှစ်နောက်ပိုင်း တိုက်ပွဲများဖြစ်ပွားခဲ့ခြင်း မရှိသောပြည်နယ်ဖြစ်သည်။

Sha Dow ( Facebook)
May 16, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် ဒေါငံခါးကျေးရွာမှာရှိတဲ့ သီလရှင်ကျောင်းကို စစ်ကော်မရှင်တပ်က မေလ...
ကန္တာရဝတီတိုင်း ( မ် ) ၊ CTER - Karenni
May 14, 2026
ကရင်နီပြည် ၊ ဖရူဆိုမြို့နယ်အတွင်းက ဝှယ်ဒူလျားစစ်ရှောင်စခန်းကို မေလ ၈ ရက်နေ့မှာ စစ်ကော်မရှင်တပ်...
May 13, 2026
စတားလင့်ကုမ္ပဏီရဲ့ အသစ်သတ်မှတ်လိုက်တဲ့ စည်းကမ်းချက်ကြောင့် ကရင်နီပြည်မှာ အသုံးပြုနေတဲ့...
ကရင်နီဆေးကောလိပ် (Karenni Medical College - KMC)
May 12, 2026
ကရင်နီပြည်မှာ ဖွင့်လှစ်ထားတဲ့ ကရင်နီဆေးကောလိပ် (Karenni Medical College - KMC) ရဲ့ အပတ်စဉ် (၃)...