ဖရူဆိုမြို့နယ်အတွင်း သွေးလွန်တုပ်ကွေး ကြိုတင်ကာကွယ်ရေး အစီအစဉ်ပြုလုပ်

ဖရူဆိုမြို့နယ်အတွင်း သွေးလွန်တုပ်ကွေး ကြိုတင်ကာကွယ်ရေး အစီအစဉ်ပြုလုပ်
by -
ကန္တရဝတီ
ကယားပြည်နယ်၊ ဖရူဆိုမြို့နယ်အတွင်း သွေလွန်တုပ်ကွေး ရောဂါတိုက်ဖျက်ရေးအတွက် မြို့နယ်ကျန်းမာရေးဦးစီးဌာမှ ဦးဆောင်ပြီး လူနေရပ်ကွက်နှင့် စာသင်ကျောင်းများတွင် ခြင်ကာကွယ်ဆေးဖြန်းခြင်းများကို လိုက်လံဆောင်ရွက်နေကြောင်း သိရသည်။

ဖရူဆိုမြို့နယ်တွင် ယခုနှစ် မိုးဦးကာလအတွင်း လူတစ်ဦး၌ သွေးလွန်တုပ်ကွေးလက္ခဏာတွေ့ရှိရပြီးနောက် ကြိုတင်ကာကွယ်ရေးအစီအစဉ်များကို ပြုလုပ်နေခြင်းဖြစ်ကြောင်း ဖရူဆိုမြို့နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာကောင်းမြတ်က ပြောသည်။

“ဆရာတို့ ထီးတရဲရပ်ကွက်က လူနာတစ်ယောက်ကဆေးရုံလာတက်တော့ပေါ့နော။ အသက် ၃၂ အမျိုးသမီး လာတက်တော့ လက္ခဏာကသွေးလွန်တုပ်ကွေးလက္ခဏာရှိတယ်။ ဓာတ်ခွဲစစ်ဆေးလိုက်တဲ့ အဖြေကြီးကသွေးလွန်တုပ်ကွေးဖြစ်နေတယ်။ အဲ့ဒီအတွက်ကြောင်းမို့လို့ သွေးလွန်တုပ်ကွေး ကာကွယ်ရေးနှိမ်နင်းလုပ်ငန်းဆိုပြီးတော့မှ ထီးတရဲရပ်ကွယ်မှာသွားပြီးတော့ ဆောင်ရွက်တယ်ပေါ့။”ဟု ဒေါက်တာကောင်းမြတ်က ပြောသည်။

ခြင်းကာကွယ်ရေးဖြန်းဆေးများကို ဖရူဆိုမြို့ပေါ်ရပ်ကွက်များတွင် အဓိကထား လုပ်ဆောင်နေပြီး ကျောင်းသူ/သားများ ရောဂါကူးစက်ခံရမှု မရှိစေရေးအတွက် စာသင်ခန်းကျောင်းများတွင်လည်း ခြင်ဆေးဖြန်းခြင်းအစီအစဉ်များကို ပြုလုပ်ပေးနေကြောင်း သိရသည်။

“ဆရာတို့ကလုပ်စရာရှိရင်တော့ အကုန်လုပ်မယ်။ အဓိကတော့ ကလေးတွေရဲ့ကျန်းမာရေး အထူးသဖြင့် ကျောင်းသားလူငယ်တွေရဲ့ (၅)နှစ်အောက်ကလေးတွေရယ်၊ ဒီရောဂါလုံးဝမဖြစ်နိုင်အောင်ကာကွယ် တစ်ယောက်ဖြစ်သော်လည်း တစ်ရပ်ကွက်လုံးကာကွယ်အောင်လို့ သွားပြီးဆောင်ရွက်တယ်။ နောက်အဲ့လို့ပဲ ထီးတရဲတွင်မကဘူး။ ရှိသမျှကျောင်းတွင်အားလုံးကို ဆရာတို့က အဲ့ဒီမှုတ်တစ်ခုကိုမလုပ်တာ။ ဖုံးသော်လည်းစင်ကိုလုပ်နေတယ်လို့။”ဟု ဒေါက်တာကောင်းမြတ်က ပြောသည်။

လက်တလောတွင် သွေးလွန်တုပ်ကွေးရောဂါလက္ခဏာရှိသော လူနာတစ်ဦးကိုသာ တွေ့ရှိရသေးသော်လည်း ကြိုတင်ကာကွယ်ရေးအစီအစဉ်အနေဖြင့် မြို့ပေါ်လူနေရပ်ကွက်နှင့် စာသင်ကျောင်းများရှိ ရေအိုးများ၊ ရေလှောင်ကန်များနှင့် ရေဝပ်နိုင်သော နေရာများကို ရေအသစ်လှဲလှယ်ခြင်း၊ ရေသွန်ထုတ်ခြင်း၊ သိုလှောင်ထားသော ရေအိုး၊ ရေကန်များတွင် ဆေးထည့်ပေးခြင်းများ ပြုလုပ်ပေးနေကြောင်း သိရသည်။

အဆိုပါလှုပ်ရှားဆောင်ရွက်မှုများကို ဇွန်လကတည်းက စတင်လုပ်ဆောင်ခဲ့ခြင်းဖြစ်ကာ ယခုအချိန်၌ စာသင်ကျောင်းများနှင့် လူနေရပ်ကွက်များတွင် ခြင်ကာကွယ်ဆေးဖြန်းခြင်းများက လုပ်ဆောင်ပေးနေခြင်း ဖြစ်သည်။

Sha Dow ( Facebook)
May 16, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် ဒေါငံခါးကျေးရွာမှာရှိတဲ့ သီလရှင်ကျောင်းကို စစ်ကော်မရှင်တပ်က မေလ...
ကန္တာရဝတီတိုင်း ( မ် ) ၊ CTER - Karenni
May 14, 2026
ကရင်နီပြည် ၊ ဖရူဆိုမြို့နယ်အတွင်းက ဝှယ်ဒူလျားစစ်ရှောင်စခန်းကို မေလ ၈ ရက်နေ့မှာ စစ်ကော်မရှင်တပ်...
May 13, 2026
စတားလင့်ကုမ္ပဏီရဲ့ အသစ်သတ်မှတ်လိုက်တဲ့ စည်းကမ်းချက်ကြောင့် ကရင်နီပြည်မှာ အသုံးပြုနေတဲ့...
ကရင်နီဆေးကောလိပ် (Karenni Medical College - KMC)
May 12, 2026
ကရင်နီပြည်မှာ ဖွင့်လှစ်ထားတဲ့ ကရင်နီဆေးကောလိပ် (Karenni Medical College - KMC) ရဲ့ အပတ်စဉ် (၃)...