ရာသီပေါ်သီးနှံ ဈေးကောင်းရရေး အစိုးရ၏အကူအညီ တောင်သူများမျှော်လင့်

ရာသီပေါ်သီးနှံ ဈေးကောင်းရရေး အစိုးရ၏အကူအညီ တောင်သူများမျှော်လင့်
by -
ကန္တရဝတီ
ယမန်နှစ်က ထွက်ရှိသော ရာသီထွက်သီးနှံများ ဈေးနည်းခဲ့ပြီး တောင်သူအချို့ ကုန်ကျစရိတ်နှင့် မကာမိဘဲ အရှုံးပေါ်ခဲ့သည်။ သီးနှံဈေးကောင်း မရရှိခဲ့ကြောင့် တောင်သူများ၏ ဝင်ငွေကို ထိခိုက်စေခဲ့သဖြင့် ယခုနှစ်ရာသီပေါ် သီးနှံဈေးကောင်းရရန် တောင်သူများမှ မျှော်လင့်နေကြခြင်းဖြစ်သည်။

ယာလုပ်ငန်းကို အဓိကထားလုပ်ကိုင်စားသောက်နေရသော တောင်သူများသည် ရာသီးထွက်သီးနှံရောင်းချကာ အခြေခံစားသောက်ရိက္ခများကို ပြန်လည်ဖြည့်တင်းနေရခြင်းကြောင့် ယခုနှစ်ထွက်ရှိမည့် သီးနှံများ ဈေးကောင်းရရှိရေးသည် လွန်စွာအရေးကြီးနေပြီဟု လွိုင်ကော်ဒေသ တောင်သူတစ်ဦးဖြစ်သူ ဦးရီးရယ်က ပြောကြားလိုက်သည်။

“အရင်နှစ်တွေလိုပဲ စျေးနည်းမယ်ဆိုရင်တော့ ကျတော်တို့အတွက် အခက်အခဲကတော့ ကျတော်တို့ ပြောင်းစိုက်ပြီး ဆန်ဝယ်စားရတယ်လေး။ ဆိုတော့ ဒီလိုပဲ စျေးနည်းနေမယ်ဆိုရင် ကျတော်တို့အတွက်တော့ ပိုပြီး အခက်ခဲဖြစ်လာစေမှာပေါ့။ စားဝတ်နေရေးက မဖူလုံတော့ဘူးပေါ့နော”ဟု ဦးရီးရယ်က ပြောသည်။

ပြီးခဲ့သည့်၂၀၁၆ ခုနှစ် နိုဝင်ဘာလတွင် နိုင်ငံတော်သမ္မတ ဦးထင်ကျော်က ကယားပြည်နယ်လူထုများနှင့် လာရောက်တွေ့ဆုံခဲ့သော အချိန်တွင်လည်း တောင်သူများက သီးနှံစျေးနှုန်းနှင့် ပတ်သက်၍ အဓိကထား တင်ပြကြခဲ့ကြောင်း သိရသည်။ ထိုသို့ တောင်းဆိုထားခဲ့သော်လည်း ပြောင်းလဲမှုတစ်စုံတစ်ရာ မရှိခဲ့သည်အခြေအနေအပေါ် တောင်သူများက အစိုးရအပေါ် ဝေဖန်မှု ပိုမိုများပြားလာခဲ့ကာ ယခုနှစ် ဖေဖေါ်ဝါရီလအတွင်းက သီးနှံဈေးတိုးမြှင့်ပေးရန်အတွက် ဆန္ဒပြဖေါ်ထုတ်ခြင်းများ ပြုလုပ်ခဲ့ကြသည်။

ယခင်နှစ် သီးနှံဈေးကွက် သတင်းအချက်အလက်များကို တောင်သူထံသို့ ပုံမှန်မျှဝေပေးရန် ဆန္ဒရှိနေကြပြီး စိုက်ပျိုးသီးနှံရွေးချယ်ရေးနှင့် ဆက်လျဉ်၍ ကူညီပေးနိုင်ရန် တောင်းဆိုကြောင်း လွိုင်ကော်မြို့နယ်၊ ဖားတီမာကျေးရွာမှ ပြောင်းစိုက်တောင်သူ ဦးကလဲရယ်က ပြောကြားသည်။

ဈေးကွက်စီးပွားရေးစနစ်အရ တောင်သူများ၏ သီးနှံစျေးကွက်ကို ပြည်နယ်အစိုးရအနေဖြင့် အာမခံပေး၍မရနိုင်ကြောင်းနှင့် သီးနှံ၏ အရည်အသွေးအရ ဈေးပေးဝယ်ယူကြခြင်းကြောင့် စျေးနည်းရခြင်းဖြစ်သည်ဟု ပြည်နယ်စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးတာဝန်ခံ ဦးခမ်လျန်စွမ်းက တောင်သူများနှင့် မေလအတွင်း တွေ့ဆုံရာတွင် ပြောကြားထားဖူးသည်။

December 23, 2025
၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့မှာ စစ်ကော်မရှင်ကနေ ပြုလုပ်မဲ့ တရားမဝင်/အတုအယောင် ရွေးကောက်ပွဲဟာ...
December 19, 2025
ကရင်နီပြည်သူလူထု၊ တပ်ပေါင်းစုံတပ်ဖွဲ့ဝင်တွေ၊ ကရင်နီလူမှု အဖွဲ့အစည်းတွေကို ဒီဇင်ဘာလ (၁၉)...
December 16, 2025
ကရင်နီပြည်၊ ဖရူဆိုမြို့နယ်အတွင်းရှိ ကျေးရွာတရွာအနီးမှာ စပါးသိမ်းယူနေတဲ့ စစ်ဘေးရှောင်တွေကို...