တန်ပိုယာဉ်များ ဖြတ်သန်းမှုကြောင့် ကျောင်းသားများနှင့် စျေးသည်များ အသုံးပြုသွားလာသောတံတား ပျက်စီး

တန်ပိုယာဉ်များ ဖြတ်သန်းမှုကြောင့် ကျောင်းသားများနှင့် စျေးသည်များ အသုံးပြုသွားလာသောတံတား ပျက်စီး
by -
ကန္တရဝတီ
တန်ပိုယာဉ်များ သွားလာမှုကြောင့် ဒီးမော့ဆိုမြို့အတွင်းရှိ မြောင်းအောက်ရပ်ကွက်နှင့် စျေးကုန်းရပ်ကွက်ချင်းဆက်တံတားမှာ ပျက်စီးနေပြီး ကျောင်းသွားနေရသည့် ကျောင်းသူကျောင်းသားများအတွက် မိဘများက စိုးရိမ်နေကြသည်။

“ကျွန်မတို့ ကလေးတွေအတွက် စိုးရိမ်ရတယ်၊ အဲ့တံတားရောက်ပြီဆိုရင် ဟိုဘက်က လာတဲ့လူတွေအတွက် ဒီဘက်ကလူတွေက စောင့်နေပေးရတယ်၊ ဆိုင်ကယ်လည်း ခဏခဏမှောက်တယ်” ဟု တံတားအနီးရှိ နေထိုင်သူများက ဆိုကြသည်။

တံတားမှာ တစ်ခြမ်းကိုသာ အသုံးပြုနိုင်တော့ပြီး ကျန်တခြမ်းမှာ စည်ပင်ဌာနမှ ဖြူ၊ နီမျဉ်းကြားသစ်သားတိုင်များ လာရောက်ချထားပြီး သွားခွင့်မပြုတော့ပေ။ နှစ်ဘီးတပ်ယာဉ်များနှင့် ခြေလျင်လျှောက်သူများသာ သွားလာရပြီး သုံးဘီးနှင့် လေးဘီးတပ်ယာဉ်များ သွားလာ၍ မရတော့ပေ။

“ကျွန်တော်တို့ဆိုင်ကယ်တောင် ကောင်းကောင်းစီးလို့ မရချင်တော့ဘူး၊ တံတားအလယ်နားလောက်ရောက်ရင် ယိုင်တယ်လေး၊ သူလှုပ်တယ်လေး” ဟု စျေးနေ့တွင် တံတားအသုံးပြုသူ လူငယ်တစ်ဦးကပြောသည်။

ယခုတံတားကို ဒီးမော့ဆိုမြို့အနောက်ဘက်ခြမ်းမှ ဒေသခံများနှင့် နန်းမယ်ခုံ၊ ကုန်းသာစသည့်တို့ဘက်မှ ကုန်ရောင်းကုန်ဝယ်အတွက် အဓိကထားသုံးရသည့် တံတားဖြစ်သည်။ အထူးသဖြင့် စျေးနေ့တွင် စျေးသည်များ အသုံးပြုကြသည့် တံတားဖြစ်သည်။

တံတားပျက်စီးနေသည်မှာ မတ်လတည်းက ဖြစ်နေပြီး ယခု ဇူလိုင်လအထိ လာရောက်ပြုပြင်ခြင်း မရှိသေးကြောင်း၊ ကျောင်းသူကျောင်းသား ၊ ကလေးငယ်များအတွက် စိုးရိမ်ရကြောင်း အနီးအနားဒေသခံများက ပြောသည်။

လက်ရှိတွင် တံတားတစ်ခြမ်းကို ၀ါးခြမ်းပြားများနှင့် ကာထားပြီး ပလပ်စတစ်ကြိုးများ၊ သံကြိုးများနှင့် စည်းတားထားသည်။ တံတားသည် လက်ရှိတွင် သစ်သားတံတားဖြစ်ပြီး ကွန်ကရစ်တံတားဖြင့် ပြုလုပ်စေချင်ကြောင်း တံတားအသုံးပြုသူ ဒေသခံများက ဆိုသည်။

Sha Dow ( Facebook)
May 16, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် ဒေါငံခါးကျေးရွာမှာရှိတဲ့ သီလရှင်ကျောင်းကို စစ်ကော်မရှင်တပ်က မေလ...
ကန္တာရဝတီတိုင်း ( မ် ) ၊ CTER - Karenni
May 14, 2026
ကရင်နီပြည် ၊ ဖရူဆိုမြို့နယ်အတွင်းက ဝှယ်ဒူလျားစစ်ရှောင်စခန်းကို မေလ ၈ ရက်နေ့မှာ စစ်ကော်မရှင်တပ်...
May 13, 2026
စတားလင့်ကုမ္ပဏီရဲ့ အသစ်သတ်မှတ်လိုက်တဲ့ စည်းကမ်းချက်ကြောင့် ကရင်နီပြည်မှာ အသုံးပြုနေတဲ့...
ကရင်နီဆေးကောလိပ် (Karenni Medical College - KMC)
May 12, 2026
ကရင်နီပြည်မှာ ဖွင့်လှစ်ထားတဲ့ ကရင်နီဆေးကောလိပ် (Karenni Medical College - KMC) ရဲ့ အပတ်စဉ် (၃)...