မူးယစ်ဆေးဝါးမှုဖြင့် ၅ လတာကာလအတွင်း တရားခံပေါင်း ၅၂ ဦးကို အရေးယူ

မူးယစ်ဆေးဝါးမှုဖြင့် ၅ လတာကာလအတွင်း တရားခံပေါင်း ၅၂ ဦးကို အရေးယူ
by -
ကန္တရဝတီ
ယခုနှစ် ဇန်နဝါရီလမှ မေလကုန်အထိ ၅ လတကာလအတွင်း ကယားပြည်နယ်တွင် ဖြစ်ပွားခဲ့သော မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုကြောင့် အမှုပေါင်း ၂၂ မှုဖြစ်ပွားခဲ့ကာ တရားခံပေါင်း ၅၂ ဦးကို အရေးယူခဲ့ကြောင်း သိရသည်။

ဖမ်းဆီးအရေးယူခဲ့သော မူးယစ်ဆေးဝါး၏ စုစုပေါင်းတန်ဖိုးမှာ ကျပ်သိန်း ၂၀၀ ကျော်အထိရှိခဲ့ပြီး မူးယစ်ဆေးဝါးသယ်ဆောင်ရောင်းဝယ်ရာတွင် အသုံးပြုသည့် လက်နက်မျိုးစုံ၊ ယာဉ်နှင့် ဖုန်းတို့ကို သိမ်းဆည်းရမိခဲ့ကြောင်း ဒေသအာဏာပိုင်များ၏ ထုတ်ပြန်ထားသော စာရင်းအရ သိရသည်။

၂၀၁၆ ခုနှစ်တွင် မူးယစ်ဆေးဝါး ဖမ်းဆီးရမိမှု ၉၄မှု၊ တရားခံပေါင်း ၁၈၄ဦး၊ စုစုပေါင်းတန်ဖိုး သိန်း ၆၀၀ ကျော်အထိ ဖမ်းဆည်းရရှိခဲ့ခြင်းဖြစ်သည်။

ကယားပြည်နယ်တွင် မူးယစ်ဆေးဝါး အသိပညာပေးအနေဖြင့် ၂၀၁၅ ခုနှစ်တွင် ၁၅ ကြိမ်၊ ၂၀၁၆ ခုနှစ်တွင် ၃၃၅ ကြိမ်၊ ၂၀၁၇ ခုနှစ် ဇန်နဝါရီလမှ မေလထိ ၁၁ ကြိမ် ပြုလုပ်နိုင်ခဲ့ပြီး ၂၀၁၆ ခုနှစ်တွင် ပညာပေးကာလအဖြစ် သတ်မှတ်ပြီး မူးယစ်ဆေးဝါးအသိပညာပေး ၃၃၅ ကြိမ် ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။

Sha Dow ( Facebook)
May 16, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် ဒေါငံခါးကျေးရွာမှာရှိတဲ့ သီလရှင်ကျောင်းကို စစ်ကော်မရှင်တပ်က မေလ...
ကန္တာရဝတီတိုင်း ( မ် ) ၊ CTER - Karenni
May 14, 2026
ကရင်နီပြည် ၊ ဖရူဆိုမြို့နယ်အတွင်းက ဝှယ်ဒူလျားစစ်ရှောင်စခန်းကို မေလ ၈ ရက်နေ့မှာ စစ်ကော်မရှင်တပ်...
May 13, 2026
စတားလင့်ကုမ္ပဏီရဲ့ အသစ်သတ်မှတ်လိုက်တဲ့ စည်းကမ်းချက်ကြောင့် ကရင်နီပြည်မှာ အသုံးပြုနေတဲ့...
ကရင်နီဆေးကောလိပ် (Karenni Medical College - KMC)
May 12, 2026
ကရင်နီပြည်မှာ ဖွင့်လှစ်ထားတဲ့ ကရင်နီဆေးကောလိပ် (Karenni Medical College - KMC) ရဲ့ အပတ်စဉ် (၃)...