၎င်းထုတ်ပြန်ချက်တွင် မေးမြန်းသည့်မေးခွန်းအရေအတွက်နှင့် အဆိုတင်သွင်းသည့် အရေအတွက်များကို ကိုယ်စားလှယ်အမည် မဲဆန္ဒနယ်အလိုက် ဖော်ပြထားချက်များကိုတွေ့ရသည်။
မေးခွန်းမေးမြန်းသည့် ကိုယ်စားလှယ်သည် ၈ ဦးသာရှိပြီး မေးခွန်းမမေးနိုင်သည့်ကိုယ်စားလှယ်များက ၁၀ ဦးရှိနေသည်။ ရာခိုင်နှုန်းအရ သုံးသပ်ရမည်ဆိုပါက မေးခွန်းမမေးနိုင်သည့် ကိုယ်စားလှယ်များက ထက်ဝက်ကျော်နေပါသည်။
အဆိုတင်သွင်းသည့်အပိုင်းတွင်လည်း လွှတ်တော်ကိုယ်စားလှယ် သုံးပုံနှစ်ပုံက ဘာမျှ အဆိုမတင်သွင်းနိုင် တာကိုတွေ့ရပါသည်။ ကိုယ်စားလှယ် ၁၈ ဦးရှိနေသည့်အနက် ၄ ဦးကသာ အဆိုတင်သွင်းနိုင်ခဲ့ပါသည်။ ကျန် ၁၄ဦးမှာ အဆိုများမရှိဟု ရေးသားဖော်ပြထားပါသည်။
လွှတ်တော်ကိုယ်စားလှယ်များ မည်သည့်မဲဆန္ဒနယ်မှ ကိုယ်စားလှယ်များ ဖြစ်စေကာမူ မိမိတို့၏ တာဝန်နှင့် ဝတ္တရားအတွက် တာဝန်ယူမှုအားနည်းနေသည်ကို သိရှိရပါသည်။
ထိုထုတ်ပြန်ချက်တွင် အဆိုစုစုပေါင်း ရ ရှိပြီး မေးခွန်းက ၄၄ ခု.ရှိသည်။







