လွှတ်တော်ကိုယ်စားလှယ်များ စွမ်းဆောင်ချက် နည်း

လွှတ်တော်ကိုယ်စားလှယ်များ စွမ်းဆောင်ချက် နည်း
by -
ကန္တရဝတီ
ကယားပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များနှင့် ရေးရာကော်မတီများ၏ စွမ်းဆောင်ချက်များကို ပြီးခဲ့သည့် မတ်လ ၂၈ ရက်နေ့က လွှတ်တော်ကထုတ်ပြန်လိုက်ပါသည်။

kayahlut 800x445၎င်းထုတ်ပြန်ချက်တွင် မေးမြန်းသည့်မေးခွန်းအရေအတွက်နှင့် အဆိုတင်သွင်းသည့် အရေအတွက်များကို ကိုယ်စားလှယ်အမည် မဲဆန္ဒနယ်အလိုက် ဖော်ပြထားချက်များကိုတွေ့ရသည်။

မေးခွန်းမေးမြန်းသည့် ကိုယ်စားလှယ်သည် ၈ ဦးသာရှိပြီး မေးခွန်းမမေးနိုင်သည့်ကိုယ်စားလှယ်များက ၁၀  ဦးရှိနေသည်။ ရာခိုင်နှုန်းအရ သုံးသပ်ရမည်ဆိုပါက မေးခွန်းမမေးနိုင်သည့် ကိုယ်စားလှယ်များက ထက်ဝက်ကျော်နေပါသည်။

အဆိုတင်သွင်းသည့်အပိုင်းတွင်လည်း လွှတ်တော်ကိုယ်စားလှယ် သုံးပုံနှစ်ပုံက ဘာမျှ အဆိုမတင်သွင်းနိုင် တာကိုတွေ့ရပါသည်။ ကိုယ်စားလှယ် ၁၈ ဦးရှိနေသည့်အနက် ၄ ဦးကသာ အဆိုတင်သွင်းနိုင်ခဲ့ပါသည်။ ကျန် ၁၄ဦးမှာ အဆိုများမရှိဟု ရေးသားဖော်ပြထားပါသည်။

လွှတ်တော်ကိုယ်စားလှယ်များ မည်သည့်မဲဆန္ဒနယ်မှ ကိုယ်စားလှယ်များ ဖြစ်စေကာမူ မိမိတို့၏ တာဝန်နှင့် ဝတ္တရားအတွက် တာဝန်ယူမှုအားနည်းနေသည်ကို သိရှိရပါသည်။

ထိုထုတ်ပြန်ချက်တွင် အဆိုစုစုပေါင်း ရ ရှိပြီး မေးခွန်းက ၄၄ ခု.ရှိသည်။

Sha Dow ( Facebook)
May 16, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် ဒေါငံခါးကျေးရွာမှာရှိတဲ့ သီလရှင်ကျောင်းကို စစ်ကော်မရှင်တပ်က မေလ...
ကန္တာရဝတီတိုင်း ( မ် ) ၊ CTER - Karenni
May 14, 2026
ကရင်နီပြည် ၊ ဖရူဆိုမြို့နယ်အတွင်းက ဝှယ်ဒူလျားစစ်ရှောင်စခန်းကို မေလ ၈ ရက်နေ့မှာ စစ်ကော်မရှင်တပ်...
May 13, 2026
စတားလင့်ကုမ္ပဏီရဲ့ အသစ်သတ်မှတ်လိုက်တဲ့ စည်းကမ်းချက်ကြောင့် ကရင်နီပြည်မှာ အသုံးပြုနေတဲ့...
ကရင်နီဆေးကောလိပ် (Karenni Medical College - KMC)
May 12, 2026
ကရင်နီပြည်မှာ ဖွင့်လှစ်ထားတဲ့ ကရင်နီဆေးကောလိပ် (Karenni Medical College - KMC) ရဲ့ အပတ်စဉ် (၃)...