လက်ရှိတွင် လွိုင်ကော်အကျဉ်းထောင်အတွင်း သတ်မှတ်ထားသော အကျဉ်းသားဦးရေထက် ပိုမိုထိန်းသိမ်းထားရှိနေရပြီး တစ်နေ့ထက်တစ်နေ့ ပိုမိုများပြားလာသောကြောင့် အကျဉ်းသားများအနေဖြင့် နေရာထိုင်ခင်း အဆင်မပြေမှုများနှင့် ကြံုတွေ့နေကြရခြင်းဖြစ်သည်။
“အဲ့ဒါကို ဖြေလျော့ဖို့ ထောင်အသစ်ထပ်ချဲ့ဖို့ရှိမယ်။ နေပြည်တော်မှာ တင်ဒါခေါ်နေပြီး။ အကျဉ်းသား အိပ်ဆောင် နှစ်ထပ်အဆောင်ကို ထပ်ပြီးတိုးချဲ့မှာ။”ဟု အကျဉ်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးမြသန်းက ကန္တာရဝတီတိုင်း(မ်)သို့ ပြောကြားသည်။
၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ်အတွင်း လူဦးရေ ၂၀၀ ဆန့် အိပ်ဆောင်ကို တည်ဆောက်သွားမည်ဖြစ်ပြီး လုပ်ငန်းအကောင်အထည်ဖေါ်ရန် တင်ဒါများ ခေါ်ယူနေပြီဖြစ်ကြောင်း သိရသည်။
လွိုင်ကော်အကျဉ်းထောင်အတွင်း စုစုပေါင်း အကျဉ်းသားဦးရေ ၆၉၀ ကျော်အထိ ထိန်းသိမ်းထားရှိနေရကြောင်း သိရသည်။







