“ မြေယာကို ကျနော်တို့တိုင်းရင်းသားတွေ ကျင့်သုံးနေတဲ့ ဓလေ့ထုံးတမ်းကျင့်သုံုးမှုဆိုင်ရာအချက်အလက်တွေပါတယ်။ ပြီးတော့မှ ဓလေ့အရထိန်းသိမ်းထားတဲ့မြေယာတွေပါတယ်။ ပြီးတော့ မြေယာကို တစ်ကယ်လို့ အသုံးမပြုဘူးဆိုရင် တစ်ကယ်ဒေသခံတွေ လုပ်နိုင်ကိုင်နိုင်တဲ့ပုဂ္ဂိုလ်တွေကို ပြန်ပြီးတော့မှ လွဲပေးဖို့ အဲ့လိုအချက်တွေလည်း ပါလာတဲ့အခါကြတော့ ဒါကျနော်တို့ စဉ်းစားထားတဲ့အချက်မှာလည်းပါတယ်လို့ ကျနော်တို့ယူဆလို့ရတယ်ပေါ့နော ” ဟု ဦးသဲရယ်ကပြောပါသည်။
ဦးသဲရယ်သည် ယခုုနှစ် ကြားဖြတ်ရွေကောက်ပွဲတွင် အနိုင်ရခဲ့သည့် တိုင်းရင်းသားပါတီကိုယ်စားလှယ်တစ်ဦးဖြစ်ပြီး ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံတွင် မြေယာနှင့်သဘာဝပတ်ဝန်းကျင်ဆိုင်ရာကဏ္ဍတွင် ပါဝင်ဆွေးနွေးမည်ဖြစ်သည်။
ယခုုလက်ရှိအချိန်တွင် ကယားပြည်နယ်၌ မြေယာပြဿနာများစွာဖြစ်နေသောကြောင့် ယခုပင်လုံတွင်ဆွေးနွေးမည့်မြေယာကဏ္ဍဆိုုင်ရာဆွေးနွေးမှုတွင် မူဝါဒတစ်စုံတစ်ရာချမှတ်လျှင် နယ်မြေအတွင်းဖြစ်ပေါ်နေသည့် မြေယာပြဿနာများကိုလည်း လျော့ကျစေနိုင်မည့် အနေအထားမျိုးကိုလည်း မိမိအနေနှင့်ဆွေးနွေးအကြံပြုရန်စဉ်းစားထားသည်ဟု ၎င်းကပြောသည်။
ကရင်နီတောင်သူလယ်သမားသမဂ္ဂ၏ စစ်တမ်းအရ ပြီးခဲ့သည့် ၂၀၁၆ ခုုနှစ်အထိ ကယားပြည်နယ်၏ မြေယာသိမ်းဆည်းခံရမှု ပမာဏမှာ ဧက ရ သောင်းမှ ၁ သိန်းအကြားရှိပြီး သိမ်းဆည်းသည့် အဖွဲ့အစည်းများတွင် စစ်တပ်က အများဆုံုးဖြစ်ပြီး ခရိုုနီနှင့် အခြားသောအဖွဲ့အစည်းများလည်း ပါဝင်သည်ဟုု သိရှိရသည်။ မြေယာသိမ်းဆည်းခံရမှုက ဒေသခံ နေထိုုင်သူများ၏ သက်မွေးဝမ်းကြောင်းမှုကိုု ထိခိုုက်မှုရှိနေသည်ဟုုလည်းသိရသည်။
မေလ ၂၄ ရက်နေ့မှ ၂၈ ရက်နေ့ထိ ကျင်းပလျက်ရှိသည့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ရာစုပင်လုံဒုတိယအစည်းအဝေး၌ ဆွေးနွေးမည့်ကဏ္ဍအလိုက်ဆွေးနွေးချက်များအတွက် အဖြေတစ်ခုခုချမှတ်ရာတွင် ပြေလည်မှုမရှိသောဆွေးနွေးမှုများရှိပါက နောက်အကြိမ်ပြုလု်မည့်ညီလာခံများထံ သယ်ယူသွားမည်ဟု UPDJC အတွင်းရေးမှူးအဖွဲ့ဝင် ဦးခင်ဇော်ဦးက မေလ(၂၄)ရက်နေ့ညနေပိုင်း သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုုသည်။
“ ကဏ္ဍအလိုက်ဆွေးနွေးတဲ့အခါမှာ အကြောင်းတစ်ခုခုကြောင့် ပြင်ချင်တဲ့အဖွဲ့မရှိဘူးလို့ မပြောနိုင်ဘူးပေါ့ဗျား။ ရှိလာလို့ရှိရင်တော့ လောလောဆယ်စီစဉ်ထားတာက နောက်ညီလာခံ ယူသွားမယ်။ နောက်လုပ်ငန်းကော်မတီကိုယူသွားမယ် ” ဟုသူကပြောသည်။
အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲများအဆင့်၊ လုပ်ငန်းကော်မတီအဆင့်၊ UPDJC အတွင်းရေးမှူးအဆင့် နှင့် UPDJC အဆင့်ဟူ၍ လေးဆင့်ဖြတ်သန်းပြီးသော စာတမ်းပေါင်း (၄၁) ချက်ဖြစ်ပြီး ယခုညီလာခံတွင် ကျင်းပမည့်ငါးဆင့်မြောက်တွင် ဆွေးနွေးပွဲတွင် ကိစ္စအကြောင်းအရာတစ်ခုကိုဆွေးနွေးလျှင် အားလုံးလက်ခံနိုင်မည့်အချက်များကိုသာလျှင် ယူသွားမည်ဟု ပြောသည်။
ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ရာစုပင်လုံ ဒုတိယအစည်းအဝေးတွင် ကဏ္ဍကြီး(၄)ရပ်ဖြစ်သော နိုင်ငံရေးကဏ္ဍတွင် (၂၁)ချက်၊ စီးပွားရေးကဏ္ဍတွင် (၁၀)ချက်၊ လူမှုရေးကဏ္ဍတွင် (၄)ချက် နှင့် မြေယာနှင့် သဘာဝပတ်ဝန်းကျင်ကဏ္ဍတွင် (၆)ချက် စုစုပေါင်း (၄၁)ချက်ကို ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။







