တပ်သိမ်းယာမြေဧက ၃၇၇ ကျော် ပြန်လည်စွန့်လွှတ်

တပ်သိမ်းယာမြေဧက ၃၇၇ ကျော် ပြန်လည်စွန့်လွှတ်
by -
ကန္တရဝတီ
ရှမ်းပြည်နယ်တောင်ပိုင်း မိုးဗြဲမြို့၌ တပ်လုံခြံုရေးအတွက် အကြောင်းပြချက်ဖြင့် သိမ်းယူထားသော ယာမြေဧက ၃၇၇ ဧကကျော်ကို   ပြန်လည်စွန့်လွှတ်ရန် မေလ ၁၁ ရက်နေ့က တိုင်းတာမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

၁၉၉၂ ခုနှစ်ကတည်းက အမှတ် ၄၂၂ ခြေမြန်တပ်ရင်းက သိမ်းယူခဲ့ခြင်းဖြစ်ပြီး ယာမြေ ၃၇၇ ဧကကို တပ်မတော်၊ ရဲတပ်ဖွဲ့နှင့် ဒေသခံများ ပါဝင်လျှက် ၃ ပွင့်ဆိုင် ကွင်းဆင်းတိုင်းတာမှုများ ပြုလုပ်ခဲ့ကာ တပ်မှ ပြန်လည်စွန်လွှတ်ရန် သေချာနေပြီဟု ဒေသခံတောင်သူ ဦးစိန်ဝင်က အတည်ပြု ပြောကြားသည်။

“အထက်ကနေ တဆင့်ပြီး တဆင့် ညွှန်ကြားလာတာ မြို့နယ်ကနေ ကျေးရွာအထိ ဒီရက်တိုင်းတဲ့ဟာကတော့ အတည်ပဲပေါ့” ဦးစိန်ဝင်းက ကန္တာရဝတီတိုင်း(မ်)ကို ပြောသည်။

ပြန်လည်စွန့်လွှတ်သည့် ယာမြေများ၏ မူလပိုင်ရှင်တောင်သူထံ လယ်ယာမြေ ပုံစံ ရ ရရှိရန် ဆောင်ရွက်ပေးသွားမည်ဟု တာဝန်ရှိသူများက တောင်သူများသို့ ပြောကြားခဲ့သည်။

မသိမ်းယူခင်ကတည်း ယင်းယာမြေများတွင် ပြောင်း၊ ပဲစင်းငုံ၊ စပါး၊ ပြောင်းကောက် စသည်ဖြင့် အဓိက စိုက်ပျိုးခဲ့ခြင်း ဖြစ်သည်။

ယင်းသို့ စွန့်လွှတ်လိုက်သော ယာမြေများ၌  ယမန်နှစ်က စစ်တပ်က ထပ်မံသိမ်းယူရန်  တိုင်းတာခဲ့သော ရွာမြေများ ပါဝင်လျှက်ရှိနေပြီး ယင်းသို့ကြောင့် ယမန်နှစ်က မိုးဗြဲဒေသခံများ ယင်းကိစ္စအပေါ် အပြင်းအထန် ကန့်ကွက်ခဲ့ကြသည်။

စစ်တပ်မှ ယခင်ကတည်း  ဧက ၁ ထောင်ကျော် သိမ်းယူထားခဲ့ပြီး အခုပြန်လည်စွန့်လွှတ်လိုက်သော်လည်း တပ်မှ သိမ်းယူထားသော လယ်မြေများအပါအဝင် ဧက ၈ဝဝ ကျော် ကျန်ရှိနေသေးကြောင်း သိရသည်။

December 23, 2025
၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့မှာ စစ်ကော်မရှင်ကနေ ပြုလုပ်မဲ့ တရားမဝင်/အတုအယောင် ရွေးကောက်ပွဲဟာ...
December 19, 2025
ကရင်နီပြည်သူလူထု၊ တပ်ပေါင်းစုံတပ်ဖွဲ့ဝင်တွေ၊ ကရင်နီလူမှု အဖွဲ့အစည်းတွေကို ဒီဇင်ဘာလ (၁၉)...
December 16, 2025
ကရင်နီပြည်၊ ဖရူဆိုမြို့နယ်အတွင်းရှိ ကျေးရွာတရွာအနီးမှာ စပါးသိမ်းယူနေတဲ့ စစ်ဘေးရှောင်တွေကို...