ကယားဒေးကွင်းအနီး စေတီတည်ဆောက်ရေး ဖျက်သိမ်းပြီ

ကယားဒေးကွင်းအနီး စေတီတည်ဆောက်ရေး ဖျက်သိမ်းပြီ
by -
ကန္တရဝတီ
ပြည်နယ်အစိုးရဦးဆောင်ပြီး ကယားပြည်နယ်နေ့ပွဲတော်ကျင်းပသည့် ပွဲတော်ကွင်းအနီးတွင် တည်ဆောက်မည့် အပေါ် ကယား(ကရင်နီ)လူမှုအသိုင်းအဝန်းများက ကန့်ကွက်သံများ ကျယ်ကျယ်လောင်လောင်ထွက်ပေါ်လာပြီးနောက်ပိုင်း တည်ဆောက်ရေးလုပ်ငန်းများကို ဖျက်သိမ်းလိုက်ပြီဖြစ်သည်။

လွိုင်ကော် လေယာဉ်ကွင်း၏ ရေရှည်စီမံကိန်း(Master Plan)အရ ဂျတ်လေယာဉ်များ ဆင်းသက်ရာတွင် မလွတ်ကင်းနိုင်ခြင်းကြောင့် လက်ရှိတည်ဆောက်နေမှုကို ဖျတ်သိမ်းလိုက်ပြီဖြစ်ကြောင်း ပြည်နယ်အစိုးရမှထံမှ သိရသည်။

လက်ရှိတည်နေရာအား  ပြည်နယ်၏ ပြည်နယ်လူထုနေရာ public area သာ ဖြစ်စေလိုကြောင်းနှင့် ပြည်နယ်၏ အထင်ကရနေရာဟူသည် ဘာသာရေး တစ်ခုခု၏ လက္ခဏာ ကိုသာ အထူးဖော်ပြရာ မဟုတ်ကြောင်း ဝေဖန်သံများ ထွက်ပေါ်ခဲ့ခြင်းဖြစ်သည်။

သို့ဖြင့်၍ လက်ရှိကိစ္စသည် ပြည်နယ်လုထုအချင်းချင်းကြား သဘောထားလွဲစေရန်လမ်းကြောင်းဘက်သို့်သာ၍ ဦးတည်စေနိုင်သဖြင့် ဌာနေပြည်နယ်လူထုအသီးသီး၏ ယဉ်ကျေးမှုဆိုင်ရာအဆောက်အဦးကိုသာတည်ဆောက်ရန် ဝေဖန်သူများက အကြံပြုခဲ့ကြသည်။

 ယင်းတည်ဆောက်ရေးစီမံကိန်းကို ဖျတ်သိမ်းလိုက်ပြီဖြစ်သော်လည်း အခြားသင့်တော်သော နေရာတစ်ခုခုကို ထပ်မံရှာဖွေပြီး တည်ဆောက်ရေးလုပ်ငန်းကို ဆက်လက်လုပ်ဆောင်ရန် ထပ်မံရည်ရွယ်နေသည်။

December 23, 2025
၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့မှာ စစ်ကော်မရှင်ကနေ ပြုလုပ်မဲ့ တရားမဝင်/အတုအယောင် ရွေးကောက်ပွဲဟာ...
December 19, 2025
ကရင်နီပြည်သူလူထု၊ တပ်ပေါင်းစုံတပ်ဖွဲ့ဝင်တွေ၊ ကရင်နီလူမှု အဖွဲ့အစည်းတွေကို ဒီဇင်ဘာလ (၁၉)...
December 16, 2025
ကရင်နီပြည်၊ ဖရူဆိုမြို့နယ်အတွင်းရှိ ကျေးရွာတရွာအနီးမှာ စပါးသိမ်းယူနေတဲ့ စစ်ဘေးရှောင်တွေကို...