တရားမဝင် သစ်ခို်းထုတ်မှုတွင် ပါဝင်ပါတ်သက်သည့် သစ်တောဝန်ထမ်းအချို့ နှင့် စရဖ တပ်ဖွဲ့ဝင် အချို့ အရေးယူခံရ

တရားမဝင် သစ်ခို်းထုတ်မှုတွင် ပါဝင်ပါတ်သက်သည့် သစ်တောဝန်ထမ်းအချို့ နှင့် စရဖ တပ်ဖွဲ့ဝင် အချို့ အရေးယူခံရ
by -
ကန္တရဝတီ
တရားမဝင်သစ်ခိုးထုတ်မှုတွင် ပါဝင်ပတ်သက်မှုဖြင့် ဘောလခဲမြို့နယ် သစ်တောဦးစီဌာန၏ ဝန်ထမ်း ၉ ဦးကို မတ်လတတိယအပတ်က ရာထူးမှ ထုတ်ပယ်လိုက်ကြောင်း သိရသည်။

သစ်တောဝန်ထမ်းများအပါအဝင် မြို့နယ်ရဲတပ်ဖွဲ့ဝင်များနှင့် (စရဖ) စစ်ဖက်ရေးရာလုံခြံုရေးတပ်ဖွဲ့ဝင်အချို့ကို လည်း အရေးယူခြင်း၊ ရာထူးမှ ထုတ်ပယ်ခြင်းများ လည်းရှိကြောင်းသိရသည်။

ဖါးဆောင်း၊ ဘောလခဲမှ တရားမဝင်ထုတ်ယူလာသော သစ်မှောင်ခိုကားများကို သစ်ကားအမျိုးအစားအလိုက် တစ်စီးလျှင် နည်းဆုံး ၅၀၀,၀၀ ကျပ် ငါးသောင်းကျပ်အထိ လာဘ်ယူပြီး အစီးလိုက်ဖြတ်သန်းခွင့်ရရှိအောင် ပါဝင်ပတ်သက်ကူညီခဲ့ကြောင်း စုံစမ်းစစ်ဆေးပေါ်ပေါက်ခဲ့ပြီး ယခုလိုအရေးယူခံရ ခြင်းဖြစ်ကြောင်းသိရသည်။

“ဒီအစိုးရလက်ထက် ပွင့်လင်းမြင်သာမှုရှိလာတဲ့အခါကျတော့ များများစားတဲ့သူနဲ့ နည်းနည်းစားတဲ့သူက မကြေမနပ်ဖြစ်တဲ့ အခါကျတော့ တစ်ယောက်နဲ့ တစ်ယောက်တိုင်ရင်းနဲ့ ပေါ်သွားတယ်။”ဟု ကယားပြည်နယ် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ဝန်ကြီး ဦးတီရယ်က မတ်လ ၂၄ တွင် ကန္တာရဝတီတိုင်း(မ်)သို့ အတည်ပြု ပြောကြားသည်။

အဆိုပါ စစ်ဆေးစုံစမ်းမှုအပြီး ဘောလခဲမြို့နယ် သစ်တောဦးစီးဌာန၏ ဝန်ထမ်းဖြစ်သော တောအုပ် ၂ ဦးနှင့် တောခေါင်း ရ တို့ကို ရာထူးမှ ထုတ်ပယ်လိုက်ပြီး မြို့နယ်သစ်တောဦးစီးမှူးကိုမူ လက်ရှိရာထူးမှ တဆင့်လျော့ချလိုက်သည်ဟု ရာထူးမှ လျော့ချခြင်းခံရသော ယခင်မြို့နယ်ဦးစီးမှူး ဦးတင်ဝင်းက ဖြေကြားသည်။

ရာထူးထုတ်ပယ်ခြင်းနှင့် ရာထူးလျောချခံရခြင်းအပေါ် ကန္တာရဝတီတိုင်း(မ်)မှ ဦးတင်ဝင်းကို မေးမြန်းခဲ့သော်လည်း ယင်းအပေါ် မှတ်ချက်ပြုပြောကြားလိုခြင်း မရှိသေးဟုသာ ပြန်လည်ဖြေဆိုသည်။

ထို့အပြင် စရဖ တပ်ဖွဲ့ဝင် သုံးဦးကို ထောင်ဒဏ်အသီးသီးချမှတ်ခဲ့ခြင်းနှင့် ရာထူးမှ ထုတ်ပယ်ခြင်းများ ပြုလုပ်ခဲ့ခြင်း သာမက ဘောလခဲမြို့နယ် ရဲတပ်ဖွဲ့ဝင်များကို တာဝန်ပြောင်းရွေ့ချထားမှုများခြင်းဖြင့် အရေးယူခဲ့ကြောင်း သိရသည်။

ယမန်နှစ် ၂၀၁၆ ခုနှစ် နိုဝင်ဘာလအတွင်းက ဘောလခဲမြို့နယ်နှင့် ဖရူဆိုမြို့နယ်အတွင်း တရားမဝင်သစ် တန်ပေါင်း ၁၃၀ တန်ကျော်ကို ဖမ်းဆီးရရှိခဲ့သည်။

ယင်းသစ်များမှာ မော်တော်ယာဉ် ၁၁ စီးမှာ ဘောလခဲမြို့၏ စစ်ဆေးရေးဂိတ်အား ကျော်ဖြတ်ပြီး တရားမဝင်သယ်ဆောင်လာခြင်းကို တာဝန်ရှိသူပြည်နယ်အာဏာပိုင်များမှ ပိုင်စိတ်တိုက်ရှာဖွေပြိး ဖမ်းဆီးရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“အခုတလော သစ်မှောင်ခိုတွေ ထွက်နေတုန်းပါပဲ။ ရန်ကုန်၊ မန္တလေး သူဌေးတွေက ပိုက်ဆံငွေပေးပြီးတော့မှ ရန်ကုန်၊ မန္တလေးအရောက် သူတို့ သစ်(ဘာတုံး)တွေ ပို့ခိုင်းတာပေါ့နော်။ အဲ့ဒါခါကျတော့ ကျနော်တို့က တနေရာပိတ် သူတို့က တနေရာသွား အဲ့လိုလုပ်တယ်ဗျ။”ဟု ဝန်ကြီး ဦးတီရယ်က လက်ရှိအခြေအနေကို ပြောကြားသည်။

April 4, 2026
ဒီးမော့ဆိုမြို့နယ်အတွင်းမှာ နေ့စဉ် နှစ်ဖက်ထိတွေ့တိုက်ခိုက်မှုတွေ ပုံမှန်ရှိနေတဲ့အတွက် လူထုတွေ...
ပြီးခဲ့တဲ့ ဇန်နဝါရီလအတွင်း စစ်ကော်မရှင်တပ်ရဲ့ ဒရုန်းနဲ့ ပစ်ခတ်မှုကြောင့် ဖရူဆိုမြို့နယ်အတွင်းက ကျေးရွာတရွာမှာ နေအိမ်တချို့ မီးလောင်ခဲ့စဉ်။ ( ပုံဟောင်းအသုံးပြုထားသည်။ )
April 3, 2026
ကရင်နီပြည်၊ ဖရူဆိုနဲ့ ဘောလခဲမြို့နယ်အစပ်က ကျေးရွာတရွာမှာ စစ်ကော်မရှင်တပ် တလကျော်ကြာ...
April 2, 2026
ကရင်နီပြည်မှာ ရှိတဲ့ လူငယ်တွေအနေနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးမှာ အားကောင်းကောင်းနဲ့...
April 1, 2026
သိုးကလေး — အရှေ့အလယ်ပိုင်းဒေသမှာ ဖြစ်ပွားနေတဲ့ စစ်ပွဲတွေရဲ့ နောက်ဆက်တွဲအနေနဲ့ မြန်မာအပါအဝင်...