ဒေါ်အောင်ဆန်းစုကြည်နှင့် NCA ကိစ္စ မဆွေးနွေးကြောင်း KBC ရှင်းလင်း

ဒေါ်အောင်ဆန်းစုကြည်နှင့် NCA ကိစ္စ မဆွေးနွေးကြောင်း KBC ရှင်းလင်း
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် KBC ကိုယ်စားလှယ်များ NCA လက်မှတ်ရေးထိုးရေးကိစ္စ ဆွေးနွေးခဲ့ကြောင်း အစိုးရ သတင်းများဖော်ပြမှုနှင့်ပတ်သက်ပြီး KBC က ပြန်လည် ရှင်းလင်းထားသည်ကို တွေ့ရသည်။

ဇူလိုင် ၂၄ ဒေါ်အောင်ဆန်းစုကြည်နှင့် KBC ကိုယ်စားလှယ်များတွေ့ဆုံမှု NCA လက်မှတ်ရေးထိုးရန် ဆွေးနွေးခဲ့ကြောင်းကြေးမုံနှင့် မြန်မာ့အလင်း စသည့် အစိုးရပိုင်သတင်းစာများနှင့် အခြား သတင်းဌာနအချို့တို့က ရေးသားခဲ့ကြသည်။

ထိုသတင်းများကြောင့် ကချင်လူထုမှမေးမြန်းမှုများလာသဖြင့် လူမှုကွန်ယှက်စာမျက်နှာတွင် ပြန်လည်ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း KBC အထွေထွေ အတွင်းရေးမှူး Rev. Dr. Samson က ဆိုသည်။

KBC သည်လက်နက်ကိုင်အဖွဲ့မဟုတ်သလို တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး NCA ကိစ္စဆွေးနွေးရန် ဖိတ်ခေါ်ခံရခြင်းလည်းမဟုတ်ကြောင်း ရှင်းလင်း ထားသည်။

ထို့အပြင် တွေ့ဆုံစဉ်က NCA ရေးထိုးရေးနှင့် ပတ်သက်ပြီး ငြိမ်းချမ်းရေးကော်မရှင် ဒုတိယဥက္ကဌ ဒေါ်က်တာတင်မျိုးဝင်း အချိန် ၄ မိနစ်ခန့်ပြောဆိုခဲ့သော်လည်း KBC ဘက်မှ တစ်စုံတစ်ရာပြန်လည်ဖြေကြားခြင်း မရှိခဲ့ကြောင်းရှင်းလင်းထားသည်။

သို့သော်လည်း ဇူလိုင် ၂၁ ရက်နေ့ KBC မှ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ထံ ပေးပို့သောစာထဲတွင် ‘ယခင်အစိုးရ လက်ထက်စတင်ခဲ့သော NCA လမ်းကြောင်းတွင် တပ်မတော်က လွမ်းမိုးမှုများသဖြင့် အာမခံချက်မရှိသောကြောင့် NLD အစိုးရအနေဖြင့် NCA ကို အလေးထားပြောဆိုနေခြင်းထက် တိုင်းရင်းသားများ လိုလားနေသော ဖက်ဒရယ်ပြည်ထောင်စု ပီပြင်လာရန်နည်းလမ်းရှာဖို့’ အကြံပြုထားသည့် အချက်ပါရှိသည်ကို တွေ့ရသည်။

တိုက်ပွဲအတွင်း ကချင်လူမျိုးများ အမှန်တကယ် ခံစားနေရသော မတရားမှုများကို သွားရောက်ပြောပြခြင်းသားဖြစ်သည်ဟု ဆိုထားသည်။

July 1, 2026
ကချင်ပြည်နယ်ဘက်ကို ဧရာဝတီမြစ်ကြောင်းအတိုင်း စစ်သင်္ဘောတွေ ဆန်တက်လာနိုင်တယ်ဆိုတဲ့ သတင်းတွေ...
June 30, 2026
ဖားကန့်မြို့နယ်၊ ဆိုင်းတောင်ကျေးရွာအုပ်စု နမ့်မှော်ကျေးရွာအနီး ကျောက်စိမ်းလုပ်ကွက်ဟောင်းတစ်ခုမှာ...
June 29, 2026
ကချင်ပြည်နယ်အတွင်း နေရာအနှံ့အပြားမှာ စစ်ရေးတင်းမာမှုတွေ ရှိနေဆဲဖြစ်ပေမယ့် လက်ရှိအချိန်မှာတော့...
June 27, 2026
ကချင်ပြည်နယ်မှာ ပြည်သူလူထုတွေ ကန့်ကွက်နေတဲ့ မြစ်ဆုံစီမံကိန်းကို ၈ နှစ်တာအတွင်းမှာ မဖြစ်ဖြစ်အောင်...