FPNCC သို့ KIO ပြောင်းရခြင်း အကြောင်း ဗိုလ်ချုပ်ကြီးအင်ဘန်လ ရှင်းလင်း

FPNCC သို့ KIO ပြောင်းရခြင်း အကြောင်း ဗိုလ်ချုပ်ကြီးအင်ဘန်လ ရှင်းလင်း
by -
ကေအဲန်ဂျီ
ကချင်လွတ်လပ်ရေးအဖွဲ့ KIO အနေနှင့် UNFC မှ နှုတ်ထွက်ပြီး UWSA ‘ဝ’ ဦးဆောင်သော နိုင်ငံရေးအဖွဲ့နှင့် ပူပေါင်းရခြင်းကိစ္စကို လုံခြံုရေးကြောင့် ကချင်လူထုထံ ကြိုတင်အသိပေးမှု မပြုလုပ်နိုင်ခဲ့ကြောင်း KIO ဒုဥက္ကဌ ဗိုလ်ချုပ်ကြီး အင်ဘန်လမှ လိုင်ဇာလူထုတွေ့ဆုံပွဲတွင် ရှင်းပြခဲ့သည်။

UNFC လမ်းကြောင်းမှ FPNCC (Federal Political Negotiation Coordination Committee) ဟုခေါ်သော UWSA ‘ဝ’ ဦးဆောင်သည့် ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးညှိ့နှိုင်းရေးကော်မတီ ဘက်ကို KIO ပါ၀င်လိုက်ခြင်းပေါ် ကချင်လူထုကြား ဝေဖန်မှုများနေချိန် KIO ဒုဥက္ကက အခုလိုပြောလိုက်ခြင်း ဖြစ်သည်။

“ဝ အဖွဲ့နဲ့ပေါင်းဖို့ လူထုကို အရင်မတိုင်ပင်ဘဲ ကျနော်တို့ဆုံးဖြတ်လုပ်ခဲ့ပြီးမှ လူထုသိရတာက မကောင်းဘူး။ ဒါက လူထုကို မလေးစားတာပဲ ဆိုပြီး ပြောသံတွေ အများကြီးကြားရပါတယ်။ တကယ်တော့ အဲလိုမဟုတ်ပါဘူး။ ဒီလို အရေးကြီးတဲ့ နိုင်ငံရေးကိစ္စတွေဟာ လျှို့ဝှက်ထားသင့်တဲ့အချက်တွေရှိတဲ့အတွက် ဘာမှမလုပ်ခင် အားလုံးကို ဖွင့်ပြောလိုက် ဒီအတိုင်းပဲ သတင်းပျံ့နှံ့သွားမှာ မလိုလားဘူး။ အရင်က အတွေ့အကြံုတွေလည်း များခဲ့ပြီး။ ဒါပေမယ့် ဒီကိစ္စကို KIO ဗဟိုကော်မတီက အချိန်ကြာဆုံးဖြတ်ပြီးမှ လုပ်ဆောင်ခဲ့တာပါ”

ရှမ်းပြည်နယ်မြောက်ပိုင်း ဒေသအတွင်း တိုင်းရင်းသားတော်လှန်ရေးအဖွဲ့များ ပူးပေါင်းမှု မရှိရင် အချင်းချင်း ပြဿနာဖြစ်နိုင်ခြေ များပြားသည့်အတွက် အခြေအနေ အရ ပေါင်းစည်း လိုက်ခြင်း ဖြစ်သည်ဟု ပြောခဲ့သည်။

FPNCC ကို UWSA ‘ဝ’ အဖွဲ့က ဦးဆောင်ပြီး ကချင်လွတ်လပ်ရေးတပ်မတော် KIA၊ ရှမ်းပြည် တိုးတက်ရေး တပ်မတော် SSPP/SSA၊ တအောင်းလွတ်မြောက်ရေးတပ်မတော် TNLA၊ ကိုးကန့် MNDAA၊ မိုင်းလား NDAA နှင့် ရက္ခိုင်တပ်မတော် AA တို့ ပါဝင်ဖွဲ့စည်းထားသည်။

အဆိုပါ FPNCC အဖွဲ့ကို အစိုးရက သွေးခွဲအောင် ကြိုးပမ်းနေကြောင်း ဗိုလ်ချုပ်ကြီးအင်ဘန်လ က အခုလို ဆက်ဆိုသည်။

kng1801

“မြောက်ပိုင်းမဟာမိတ်အဖွဲ့နဲ့ KIO ပေါင်းတာကို ကချင်လူထုကပဲ သိပ်မကြိုက်တာ။ ဒါပေမယ့် အစိုးရကတော့ အဲဒီ ရ ဖွဲ့ ပေါင်းစည်းတာကို အရမ်းကြောက်နေတယ်။ အဲကြောင့် ဒီအဖွဲ့ကို ခွဲဖို့ သူတို့ နည်းလမ်း ရှာနေကြတယ်။ တစ်ခုက UWSA နဲ့ NDAA ရဲ့ နယ်မြေ ပြဿနာကို အရင်းခံပြီး ကြိုးစားနေကြတယ်။”

လူထုတွေ့ဆုံပွဲကို ဇူလိုင် ၁၅ နှင့် ၁၇ လိုင်ဇာမှာပြုလုပ်ခဲ့သည်။ ပထမနေ့ တွင် UNFC မှ နှုတ်ထွက်ရခြင်း၊ FPNCC နှင့် လက်တွဲရခြင်း၊ ၂၁ ရာစုပင်လုံညီလာခံ သွားတက်ရခြင်း နှင့် FPNCC ၏ ရှေ့ဆက် လုပ်ဆောင်သွားမယ့် လုပ်ငန်းစဉ် များကို KIO ဒုဥက္ကဌ က ရှင်းလင်းခဲ့ပြီး FPNCC ၏ ဖွဲ့စည်းပုံကို ကချင်လွတ်လပ်ရေးကောင်စီ KIC အတွင်းရေးမှုး ဗိုလ်မှုးကြီး လဖိုင်ဇော်ရော်က ရှင်းပြခဲ့သည်။

ဇူလိုင် ၁၇၊ ဒုတိယနေ့ အဖြစ် လူထုမေးမြန်းထားသည့် မေးခွန်းများမှ အချို့ကို ပြန်လည်ဖြေကြားမှု အစီစဉ်ရှိခဲ့သည်။ ကမ္ဘာအရပ်ရပ်မှ မရောက်လာနိုင်သောသူများက KIO ထံ အကြံပြုစာ၊ သဘောထားအမြင်များကို ပေးပို့ခဲ့ကြောင်း သိရသည်။

ယခု ရှင်းလင်းသည့် အကြောင်းအရာများကိုပင် လွန်ခဲ့သော ဇွန်လ ၃ ရက်နေ့ KIO ဒုဥက္ကဌ ဗိုလ်ချုပ်ကြီး အင်ဘန်လ လိုင်ဇာတွင် ပြုလုပ်ခဲ့ပြီး လူထု ၅၀၀ ခန့် တက်ရောက်ခဲ့သည်။ သို့သော် ထိုအချိန်က မေးခွန်းမေးမြန်းခွင့် မပေးခဲ့ပေ။

ယခုပြုလုပ်သည့် သုံးရက်ကြာ လိုင်ဇာကချင်လူထုအစည်းအဝေးကို လူထု ရ၀၀ ခန့် တက်ရောက်ခဲ့ပြီး မေးခွန်းများမေးမြန်းခွင့် ပေးခဲ့သည်။ နောက်တစ်ခါ လူထုတွေ့ဆုံပွဲတွင် လူဦးရေ ၁၀၀၀ ကျော် မြင်တွေ့လိုကြောင်း ဒုဥက္ကဌ က ပြောခဲ့သည်။

May 16, 2026
ဂျာဘောက်ရာ — ရှမ်းမြောက် နမ့်ခမ်းမြို့နယ် ဆင်လီဘွမ် (SinliBum) တစ်ကြောကို...
May 15, 2026
ကချင်ပြည်နယ်၊ ပူတာအိုမြို့လယ်ခေါင်မှာ စစ်တပ် နဲ့ ရဲတပ်ဖွဲ့ဝင်တွေက ရဲကင်းထိုင်ချထားပြီး...
အုပ်ချုပ်ရေးယန္တရား ပြန်လည်ပတ်ဖို့ ပြင်နေချိန် ထီးချိုင့်-ကသာလမ်းပိုင်းမှာ တိုက်ပွဲဖြစ်
May 14, 2026
အမိုး — စစ်ကိုင်း–ကချင် ကားလမ်းပိုင်းကို စစ်တပ်က ထိန်းချုပ်ပြီး အုပ်ချုပ်ရေးယန္တရား...
May 13, 2026
ဂျာဘောက်ရာ — ရှမ်းမြောက် KIA ထိန်းချူပ်ထားတဲ့ မဘိမ်း–မြစ်ဆုံဒေသဖက်ကို စစ်ကြောင်းထိုးဖို့...