အစိုးရတပ်မှ လီဒိုလမ်းမ ကောင်ရာကျေးရွာကို လက်နက်ကြီးပစ်၊ မုဆိုးမနှင့် သား ၂ ဦး ဒဏ်ရာရ

အစိုးရတပ်မှ လီဒိုလမ်းမ ကောင်ရာကျေးရွာကို လက်နက်ကြီးပစ်၊ မုဆိုးမနှင့် သား ၂ ဦး ဒဏ်ရာရ
by -
ကေအဲန်ဂျီ
ယမန်နေ့ ည သန်းခေါင် ၁၂ နာရီခွဲခန့် လီဒို လမ်းမပေါ် ကောင်ရာ ကျေးရွာကို အစိုးရ စစ်တပ်က လက်နက်ကြီး ၄ လုံး ဆက်တိုက် ပစ်ခတ် ခဲ့ပြီး ကျေးရွာရှိ မုဆိုးမ နှင့် ကလေး ၂ ဦး အသီးသီး ထိခိုက် ဒဏ်ရာ ရခဲ့သည်။

အမေဖြစ်သူ နှာခေါင်း မှာ ဒဏ်ရာ ပြင်းထန်စွာရရှိခဲ့ပြီး ကလေး ၂ ဦးကတော့ လက်၊ ပခုံး၊ လည်ပင်း နှင့် ခြေထောက် တို့တွင် ထိခိုက်ခဲ့သည်။ လက်ရှိ တနို်င်းဆေးရုံးမှာ ဆေးကုသမှု ခံယူနေကြောင်းလည်း သိရသည်။

ထို့အပြင် လမ်းမပေါ် ကျရောက်ပေါက်ကွဲခဲ့သော လက်နက်ကြီးများကြောင့် နွား ၁ ကောင်သေပြီး ၃ ကောင် ဒဏ်ရာရသွားကြောင်း ဒေသခံများ ကချင်သတင်းဌာန KNG ကို ယနေ့မနက်တွင် ပြောသည်။

ကျေးရွာသားများ ပြောပြချက်အရ လက်နက်ကြီးသည် ၆၀ မမ အရွယ်အစားဖြစ်ပြီး လီဒိုလမ်း Awnglawt (အောင်လောဒ့်) ရွာ လမ်းခွဲရှိ အစိုးရတပ်က ပစ်ခတ်ခဲ့ကြောင်း သိရသည်။

ယမန်နေ့ည လက်နက်ကြီးကျခဲ့သည့် ကောင်ရာ ကျေးရွာ (သို့)နောင်းလုန် ရွာသည် တနိုင်းမြို့ နှင့် ၁၀ မိုင်ခန့်သာ ကွာဝေးပြီး ကချင် လွတ်လပ်ရေး တပ်မတော် KIA တပ်ရင်း ၁၄ နှင့် အစိုးရတပ် နှစ်ဖက်ကြားမှာ တည်ရှိနေခြင်း ဖြစ်သည်။

ပရင်းမှော်၊ ရွှေမှော် ရှိရာ အဆိုပါ KIA တပ်ရင်း ၁၄ ကို မြန်မာ စစ်တပ်က နယ်မြေခံ လီဆူ ပြည်သူ့စစ်၊ ရှမ်းနီ ပြည်သူ့စစ်တို့နှင့် ပူးပေါင်းပြီး ထိုးစစ်ဆင်လာသောကြောင့် ဇွန်လ ၃ ရက်နေ့မှ စပြီး တိုက်ပွဲဖြစ်ပွာနေပြီ ဖြစ်သည်။ ထို့ကြောင့် စနေနေ့ ညနေပိုင်းက KIA တပ်ရင်း ၁၄ ၏ Maisa (မိုင်ဆာ) ရှေ့တန်း စခန်းကို တပ်မတော်က သိမ်းပိုက်ခဲ့သည်။

ယခုလို ကျေးရွာဘက် လက်နက်ကြီး ကျရောက်ခဲ့တာကြောင့် ယနေ့မနက်မှ စပြီး ဒေသခံအချို့ တနိုင်း၊ မြစ်ကြီးနား ဘက်ကို တိမ်းရှောင်နေကြကြောင်း သိရသည်။

May 16, 2026
ဂျာဘောက်ရာ — ရှမ်းမြောက် နမ့်ခမ်းမြို့နယ် ဆင်လီဘွမ် (SinliBum) တစ်ကြောကို...
May 15, 2026
ကချင်ပြည်နယ်၊ ပူတာအိုမြို့လယ်ခေါင်မှာ စစ်တပ် နဲ့ ရဲတပ်ဖွဲ့ဝင်တွေက ရဲကင်းထိုင်ချထားပြီး...
အုပ်ချုပ်ရေးယန္တရား ပြန်လည်ပတ်ဖို့ ပြင်နေချိန် ထီးချိုင့်-ကသာလမ်းပိုင်းမှာ တိုက်ပွဲဖြစ်
May 14, 2026
အမိုး — စစ်ကိုင်း–ကချင် ကားလမ်းပိုင်းကို စစ်တပ်က ထိန်းချုပ်ပြီး အုပ်ချုပ်ရေးယန္တရား...
May 13, 2026
ဂျာဘောက်ရာ — ရှမ်းမြောက် KIA ထိန်းချူပ်ထားတဲ့ မဘိမ်း–မြစ်ဆုံဒေသဖက်ကို စစ်ကြောင်းထိုးဖို့...