အစိုးရက တိုင်းရင်းသား ဆန္ဒကို လှစ်လျူ မရှုရန် NBF တောင်းဆို

အစိုးရက တိုင်းရင်းသား ဆန္ဒကို လှစ်လျူ မရှုရန် NBF တောင်းဆို
by -
ကေအဲန်ဂျီ
လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲ ကျင်းပခွင့် မရသေးသည့် တိုင်းရင်းသားများ၏ ဆန္ဒ သဘောထားများ ကိုလည်း မြန်မာအစိုးရ လှစ်လျူရှုခြင်း မပြုရန် တိုင်းရင်းသား မဟာမိတ် ပါတီ က မေ ၁၇ တွင် တောင်းဆို လိုက်သည်။

ပြည်နယ် (၇)ပြည်နယ်မှ တိုင်းရင်းသား နိုင်ငံရေး ပါတီ (၂၄)ခု ပါ၀င် ဖွဲ့စည်းထားသည့် ညီနောင်တိုင်းရင်းသား ပါတီများ ဖက်ဒရေးရှင်း NBF က နှစ်ရက်ကြာ ရန်ကုန်မြို့ ပုံမှန်အစည်းအဝေးတွင် ယခုလို တောင်းဆိုချက် ကို ထုတ်ပြန် ခဲ့ခြင်းဖြစ်သည်။

“လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲ ကျင်းပခွင့် မရသေးသည့် တိုင်းရင်းသား လူမျိုးများကို ၎င်းတို့၏ ဆန္ဒနှင့်အညီ သင့်လျော်သောဒေသများတွင် ကျင်းပခွင့်ပေးရန် တိုက်တွန်း တောင်းဆိုသည်။ ကျင်းပခွင့် မရသေးသည့် တိုင်းရင်းသားများ၏ ဆန္ဒသဘောထားများအား လှစ်လျူရှုခြင်း မပြုရန်လည်း တိုက်တွန်းသည်။”

ကချင်ပြည်နယ်တွင် ကချင်လွတ်လပ်ရေးအဖွဲ့ KIO က တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု NCA စာချုပ် ကို လက်မှတ် မရေးထိုးခြင်းကြောင့် ကချင်လူမျိုးများ အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲ ပြုလုပ်ရန် အစိုးရမှ တရားဝင် ခွင့်ပြုခြင်း မရှိပါ။

နှစ်ရက်ကြာ အစည်းအဝေးတွင် NBF အဖွဲ့ဝင် ပါတီ (၂၂) ခုမှ ခေါင်းဆောင်များ တက်ရောက် ကြပြီး တိုင်းရင်းသား နိုင်ငံရေး ပါတီများဖြင့် ဖွဲ့စည်းထားသော ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ UPDJC အဖွဲ့ဝင်များလည်း ပါ၀င်ကြောင်း ကချင် ဒီမိုကရက်တစ် ပါတီ KDP ဥက္ကဌ ဦး အောင်ခမ်း က ကချင်သတင်းဌာန KNG ကို ပြောပါသည်။

NBF ၏ ဖက်ဒရယ်မူနှင့် တိုင်းရင်းသားများ၏ နိုင်ငံရေး အခွင့်အရေးနှင့် ပတ်သက်ပြီးလည်း မေ ၂၄၊ လာမည့် အပတ် ဗုဒ္ဓဟူးနေ့ စတင်ကျင်းပမည့် အစိုးရ၏ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ (၂၁ ရာစု ပင်လုံ) ဒုတိယ အကြိမ် ဆွေးနွေးပွဲ မှာ NBF အဖွဲ့ဝင်များ တင်ပြသွားမည် ဖြစ်သည်ဟု ဦး အောင်ခမ်း ဆိုသည်။

July 1, 2026
ကချင်ပြည်နယ်ဘက်ကို ဧရာဝတီမြစ်ကြောင်းအတိုင်း စစ်သင်္ဘောတွေ ဆန်တက်လာနိုင်တယ်ဆိုတဲ့ သတင်းတွေ...
June 30, 2026
ဖားကန့်မြို့နယ်၊ ဆိုင်းတောင်ကျေးရွာအုပ်စု နမ့်မှော်ကျေးရွာအနီး ကျောက်စိမ်းလုပ်ကွက်ဟောင်းတစ်ခုမှာ...
June 29, 2026
ကချင်ပြည်နယ်အတွင်း နေရာအနှံ့အပြားမှာ စစ်ရေးတင်းမာမှုတွေ ရှိနေဆဲဖြစ်ပေမယ့် လက်ရှိအချိန်မှာတော့...
June 27, 2026
ကချင်ပြည်နယ်မှာ ပြည်သူလူထုတွေ ကန့်ကွက်နေတဲ့ မြစ်ဆုံစီမံကိန်းကို ၈ နှစ်တာအတွင်းမှာ မဖြစ်ဖြစ်အောင်...