ကချင်ပြည်နယ် မြောက်ပိုင်း အစာ ခေါင်းပါး မှုကြောင့် ပိန်းဥ ရှာစား နေရ

ကချင်ပြည်နယ် မြောက်ပိုင်း အစာ ခေါင်းပါး မှုကြောင့် ပိန်းဥ ရှာစား နေရ
by -
ကေအဲန်ဂျီ
ကချင်ပြည်နယ် တြိဂံဒေသ ခေါ် Mali-Nmai Walawng နှင့် Mali-Hkrang Walawng မြောက်ဖျား ဒေသများမှာ အစားအစာ ခေါင်းပါးမှု ဖြစ်နေသဖြင့် ပြီးခဲ့သည့် ဧပြီလမှ စပြီး တော ပိန်းဥများ ကိုသာ ရှာဖွေ စားသောက် နေရကြောင်း သိရသည်။

ယင်း ဒေသ ၂ ခုသည် တောင်ယာ လုပ်ငန်းကိုသာ အဓိက လုပ်ကိုင်ကြသည်။ သို့သော်လည်း ယမန်နှစ် တောင်ယာ ခုတ်ချိန် နေ့ည မပျက် မိုးရွာသွန်းခဲ့သည့်အတွက် မီးမရှို့နိုင်ဘဲ စပါး အသီးအနှံများ မစိုက်ပျိုးနိုင်ခဲ့ခြင်းကြောင့် ယခုနှစ်အတွက် စားနပ်ရိက္ခာ ပြတ်လတ် သွားကြောင်း ဒေသခံများမှ ကချင်သတင်းဌာန KNG ကိုပြောသည်။

အင်ဂျန်းယန်မြို့နယ် Mali-Nmai Walawng ဒေသမှာ အစာပြတ်လတ်မှု ဒဏ်ခံနေရသည့် ကျေးရွာ (၈) ခုသည်။ ၎င်းတို့တွင် အိမ်ခြေ ၄၀ ကျော် ရှိ Nbang Bum နှင့် Share Uma၊ အိမ်ခြေ ၂၀ ကျော် ရှိသည့် Htoi Ra Yang နှင့် Machyang၊ အိမ်ခြေ ၁၀ ခု ကျော် ရှိသည့် Shadan၊ Lana၊ Naw Lang နှင့် Lahkum ရွာများ ဖြစ်ကြောင်း သိရသည်။

ထို့အတူ ဆွမ်ပရာဘွမ်မြို့နယ် Mali-Hkrang Walawng ဘက်မှ ကျေးရွာများကလည်း အစာ ပြတ်လတ်သွားသဖြင့် ပိန်းဥ ကိုသာ ရှာဖွေ စားသောက်နေရကြောင်း သိရသည်။

Mali-Nmai နှင့် Mali-Hkrang Walawng ဒေသ ၂ ခု သည် ကချင်လွတ်လပ်ရေးအဖွဲ့ KIO အုပ်ချုပ်မှုအောက်မှာ ရှိပြီး အစာပြတ်လတ်မှု ဒဏ်ကို ယခင်ကလည်း ခံခဲ့ပါသည်။

အရေးပေါ် စားနပ်ရိက္ခာ အကူအညီပေးရန် ဒေသခံ ပြည်သူများက N’gumla KIO မြောက်ပိုင်း အုပ်ချုပ်ရေး ဌာနချုပ် သို့ တောင်းဆိုလာသည့် အတွက် လိုင်ဇာ ဗဟိုဌာနချုပ်ကို တင်ပြထားကြောင်း KIO မြောက်ပိုင်း အုပ်ချုပ်ရေး အရာရှိများ ပြောသည်။

အဆိုပါ အစာခေါင်းပါးမှု ဘေးဒဏ် ခံနေရသည့် KIO အုပ်ချုပ်မှုအောက် ပြည်သူများအတွက် မည်သည့် ပြင်ပ အကူအညီမှ မရရှိသေးကြောင်း သိရသည်။

မြစ်ကြီးနားမြို့မှာ ယခုချိန် ဆန်တစ်အိတ် ကျပ် ၃၀၀၀၀ ဝန်းကျင် ရှိနေချိန် N’gum La တွင် ကျပ် ၄၅၀၀၀ နှင့် ၅၅၀၀၀ ကြားရှိ ကာ Mali-Hkrang Walawng တွင် ကျပ် ၆၀၀၀၀ အထိ ရှိကြောင်း သိရသည်။

ကချင်ပြည်နယ် မြို့တော် မြစ်ကြီးနားမှ မေလိခ မြစ်ဖျားပိုင်း ရွှေမှော်များသို့ စက်လှေများဖြင့် သယ်လာသော ဆန်ကို ရ နိုင်သော်လည်း ဆန်စျေးနှုန်း အဆမတန် များခြင်း အပြင် လမ်းခရီး ကြမ်းတမ်းမှုကြောင့် အများစု မဝယ်စား နိုင်ကြောင်း သိရသည်။

ယခုနှစ်မှာ ရာသီဥတု ကောင်းမွန်သောကြောင့် တောင်ယာကို ကောင်းစွာ လုပ်နိုင်သော်လည်း လာမည့် နိုဝင်ဘာလ စပါး ရိတ်သိမ်းချိန် အထိ အစာခေါင်းပါးမှု ဒဏ်ကို ဆက်လက် ခံနေရမည်ဖြစ်ကြောင်း သိရပါသည်။

July 1, 2026
ကချင်ပြည်နယ်ဘက်ကို ဧရာဝတီမြစ်ကြောင်းအတိုင်း စစ်သင်္ဘောတွေ ဆန်တက်လာနိုင်တယ်ဆိုတဲ့ သတင်းတွေ...
June 30, 2026
ဖားကန့်မြို့နယ်၊ ဆိုင်းတောင်ကျေးရွာအုပ်စု နမ့်မှော်ကျေးရွာအနီး ကျောက်စိမ်းလုပ်ကွက်ဟောင်းတစ်ခုမှာ...
June 29, 2026
ကချင်ပြည်နယ်အတွင်း နေရာအနှံ့အပြားမှာ စစ်ရေးတင်းမာမှုတွေ ရှိနေဆဲဖြစ်ပေမယ့် လက်ရှိအချိန်မှာတော့...
June 27, 2026
ကချင်ပြည်နယ်မှာ ပြည်သူလူထုတွေ ကန့်ကွက်နေတဲ့ မြစ်ဆုံစီမံကိန်းကို ၈ နှစ်တာအတွင်းမှာ မဖြစ်ဖြစ်အောင်...