NCA လက်မှတ် ထိုးရန် ကချင်လူထု ခေါင်းဆောင်များ ကို ဒေါ် အောင်ဆန်းစုကြည် တိုက်တွန်း

NCA လက်မှတ် ထိုးရန် ကချင်လူထု ခေါင်းဆောင်များ ကို ဒေါ် အောင်ဆန်းစုကြည် တိုက်တွန်း
by -
ကေအဲန်ဂျီ
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ကို ရောက်ရှိနေသည့် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ် အောင်ဆန်းစုကြည် က တစ်နိုင်ငံလုံး အပစ်ရပ်လက်မှတ် NCA အမြန်ထိုးရန် ကချင်လူထု ခေါင်းဆောင်များကို တိုက်တွန်း ပြောဆိုခဲ့ကြောင်း သိရသည်။

မနက်ပိုင်း ဒေါ်အောင်ဆန်းစုကြည် နှင့် ကချင်လူထု ခေါင်းဆောင်များ မြစ်ကြီးနား Palm Spring Hotel တွေ့ဆုံမှုတွင် ပါဝင်ခဲ့သော Htoi Gender အဖွဲ့မှ ဒေါ် နန်ပူ က ယခုလို ပြန် ပြောပြသည်။

“NCA လက်မှတ် အကုန် အမြန်ထိုးဖို့ လိုလားတယ်။ NLD အစိုးရအနေနဲ့ ကတော့ အရင်အစိုးရ လုပ်ခဲ့တဲ့ NCA နည်းလမ်း မှန်တဲ့အတွက် အဲဒီလမ်းကြောင်းအတိုင်း လိုက်နေတာဖြစ်တယ်ဆိုပြီးပြောတယ်။ ပြီးတော့ လျော့သင့်တဲ့ မာနလျော့ဖို့၊ လွတ်သင့်တဲ့ အပြစ်လွတ်ဖို့ ဒါတွေ ပြောသွားတာပါ”

ကချင်လူထု ခေါင်းဆောင်များမှ လည်း တိုက်ပွဲ ရပ်တန့်ဖို့၊ စစ်ပြေးဒုက္ခသည် အရေး၊ မူးယစ်ဆေးဝါး အရေး စသည်တို့ကို တင်ပြခဲ့ကြောင်း သိရသည်။

တွေ့ဆုံမှုမှာ အစိုးရဘက် နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် နှင့်အတူ ပြည်ထဲရေး နှင့် နယ်စပ်ရေးရာ ၀န်ကြီးဌာန တာဝန်ရှိများ၊ ငြိမ်းချမ်းရေးအဖွဲ့ တာဝန်ရှိသူများ ပါ၀င်ပြီး ကချင်လူထုဘက်မှ ဘာသာရေးခေါင်းဆောင်များ၊ ကချင် အမျိုးသား အတိုင်ပင်ခံအဖွဲ့၊ အမျိုးသမီးအဖွဲ့၊ စစ်ပြေးဒုက္ခသည် ကူညီရေးအဖွဲ့၊ လူထု မူးယစ် ဆေးဝါး တိုက်ဖျက်ရေး အဖွဲ့ စုစုပေါင်း အယောက် ၂၀ ကျော် တက်ရောက်ခဲ့ကြောင်း သိရသည်။

ထို့နောက် မွန်းလွဲပိုင်းတွင် ဒေါ်အောင်ဆန်းစုကြည်မှ ဝိုင်းမော် ကချင်နှစ်ခြင်းခရစ်ယာန် အဖွဲ့ချုပ် KBC စစ်ရှောင်စခန်း နှင့် ခတ်ချို စစ်ရှောင် စခန်း ၂ ကို သွားရောက်ခဲ့ကြောင်း သိရသည်။

July 1, 2026
ကချင်ပြည်နယ်ဘက်ကို ဧရာဝတီမြစ်ကြောင်းအတိုင်း စစ်သင်္ဘောတွေ ဆန်တက်လာနိုင်တယ်ဆိုတဲ့ သတင်းတွေ...
June 30, 2026
ဖားကန့်မြို့နယ်၊ ဆိုင်းတောင်ကျေးရွာအုပ်စု နမ့်မှော်ကျေးရွာအနီး ကျောက်စိမ်းလုပ်ကွက်ဟောင်းတစ်ခုမှာ...
June 29, 2026
ကချင်ပြည်နယ်အတွင်း နေရာအနှံ့အပြားမှာ စစ်ရေးတင်းမာမှုတွေ ရှိနေဆဲဖြစ်ပေမယ့် လက်ရှိအချိန်မှာတော့...
June 27, 2026
ကချင်ပြည်နယ်မှာ ပြည်သူလူထုတွေ ကန့်ကွက်နေတဲ့ မြစ်ဆုံစီမံကိန်းကို ၈ နှစ်တာအတွင်းမှာ မဖြစ်ဖြစ်အောင်...