အေအေနှင့်ဆက်စပ်မှု သံသယဖြင့် ဖမ်းဆီးခံထားရသူ ၁၂ ဦးကို ရုံးတင် တရားစွဲ

အေအေနှင့်ဆက်စပ်မှု သံသယဖြင့် ဖမ်းဆီးခံထားရသူ ၁၂ ဦးကို ရုံးတင် တရားစွဲ
by -
နိရဥ္စရာ
ရက္ခိုင့်တပ်မတော် (အေအေ)နှင့် ဆက်စပ်ဖမ်းဆီးခ့ရသူ ဒုတိယ အသုတ်ထဲမှ ၁၂ ဦးကို ဖေဖော်ဝါရီလ ၁၂ ရက်နေ့က ရုံးတင် တရားစွဲဆိုခဲ့ကြောင်း သတင်း ရရှိသည်။

Kyauktaw“ဟုတ်ပါတယ်။ စုစုပေါင်း ၁၂ ဦးကို မနေ့က ကျောက်တော်မြို့နယ် တရားရုံးမှာ ရုံးတင် တရားစွဲဆိုခဲ့ပါတယ်” ဟု ကျောက်တော် ဒေသခံ ဦးအေးစိုးက ပြောသည်။

မည်သည့် ပုဒ်မဖြင့် တရားစွဲဆိုသည်ကို မသိရှိရကြောင်း၊ ယခု ဖမ်းဆီးတရားစွဲဆိုခံရသူများမှာ ကျောက်တော်၊ ရသေ့တောင်နှင့် ပုဏ္ဍားကျွန်းမြို့နယ်များမှ ဖြစ်ကြောင်း၊ သူတို့မှာ ဒုတိယ အကြိမ် တိုက်ပွဲများနှင့် ဆက်စပ် ဖမ်းဆီးခံထားရသူများ ဖြစ်ကြောင်း သူက ပြောကြားသည်။

“ အခု ကျောက်တော်မှာ ဖမ်းဆီးထားတာက ပထမအသုတ် ၁၆ ဦး၊ ဒုတိယ အသုတ် ၁၂ ဦး၊ စုစုပေါင်း ၂၈ ဦးဖြစ်ပါတယ်။ အခု တရားစွဲတာက ဒုတိယ အကြိမ် အေအေနဲ့ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲနဲ့ ဆက်စပ် ဖမ်းဆီးခံရသူတွေ ဖြစ်ပါတယ်။ တပ်မတော်ကနေ ရဲလက်ကို လွှဲပြောင်း ပေးပြီးတဲ့ နောက်မှာ ရဲက တရားလို လုပ်ပြီး အမှုစွဲတင်တာ ဖြစ်ပါတယ်” ဟု သူက ဆက်လက် ပြောဆိုသည်။

ရက္ခိုင့်တပ်မတော် (အေအေ)နှင့်ဆက်သွယ်သည့်  စွပ်စွဲချက်ဖြင့်  ဖမ်းဆီး ခံထားရသူ ကျောက်ဖြူ ကျေးလက်ဒေသ ဖွံ့ဖြိုးရေး အသင်း ဥက္ကဋ္ဌ ဦးမောင်အေး အပါအဝင် လူသုံးဦးကိုလည်း ဖေဖော်ဝါရီလ ၂၂ ရက်နေ့ က ကျောက်ဖြူမြို့နယ် တရားရုံးတွင်  မတရားအသင်းနှင့်  ဆက်သွယ်မှု အက်ဥပဒေ ၁၇(၁)/(၂) နဲ့ တရား စွဲဆိုလိုက်ကြောင်း သတင်း ရရှိသည်။

အလားတူ စစ်တွေမြို့နယ်တွင်လည်း ဖမ်းဆီးခံထားရသူ တစ်ဆယ်နီးပါးခန့်ရှိကြောင်း သိရသည်။

ရခိုင်ပြည်နယ် အတွင်း အေအေနှင့် ဆက်စပ်မှု သံသယဖြင့် ဖမ်းဆီးခံထားရသူ အရေအတွက် မည်မျှ ရှိပါသလဲဟု ရခိုင်ပြည်နယ် ရဲမှူးကြီးအား မေးမြန်းရာ ပြောဆိုရန် ငြင်းဆိုသည်။

Most read this week

January 24, 2026
(နောက်ထပ် ရခိုင်ဇနီးမောင်နှံနှင့် ရခိုင်အဆိုတော်တစ်ဦးအပါအဝင် မွတ်ဆလင်လူငယ်တစ်ဦးလည်း...
ဓာတ်ပုံ- စစ်တွေအကျဉ်းထောင်
January 23, 2026
ပိုးဝါ — လာဘ်ငွေယူပြီး ထောင်သားများကို ဖုန်းပေးသုံးမှုကြောင့် စစ်တွေထောင်ပိုင်အပါအဝင်...
January 22, 2026
ရခိုင်ပြည်တွင် ရခိုင်ရိုးရာရက္ကန်းထည်ရက်လုပ်ရာ၌ ကုန်ချောထုတ်လုပ်ရန်လိုအပ်သည့်...
January 21, 2026
မောင်စာဂ — ဗုံးကြဲခံလိုက်ရသည့် ရခိုင်ပြည်၊ မြောက်ဦးမြို့ရှိ ပြည်သူ့ဆေးရုံကြီးအတွက် အရွယ်စုံ...