ချင်းအမျိုးသားနေ့ ရခိုင်ပြည်နယ်တွင် ကျင်းပ

ချင်းအမျိုးသားနေ့ ရခိုင်ပြည်နယ်တွင် ကျင်းပ
by -
နိရဥ္စရာ
(၆၈) နှစ်မြောက် ချင်းအမျိုးသားနေ့ကို ရခိုင်ပြည်နယ် သံတွဲမြို့နယ်တွင် ဖေဖော်ဝါရီလ ၂၀ ရက်နေ့က စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်ဟု သတင်း ရရှိသည်။

ယင်းအခမ်းအနားကို သံတွဲမြို့နယ် ရွှေလှော်ကျေးရွာတွင် ဖေဖော်ဝါရီလ ၂၀ ရက်နေ့ ညနေ ရ နာရီတွင် စတင် ကျင်းပခဲ့ပြီး အခမ်းအနားသို့ ရွာပေါင်း ၁၉ ရွာမှ လူပေါင်း ၂၀၀၀ ခန့် တက်ရောက် ခဲ့သည်။

IMG 20160220 180342

အခမ်းအနား သဘာပတိ ဆလိုင်းတင်အောင်က “  ချင်းတိုင်းရင်းသားတို့သည် အစဉ်သဖြင့် စည်းလုံး ညီညွတ်စွာ တည်ရှိနေကြောင်း၊ ဘယ်နေရာ ရောက်ရောက် မိမိတို့သည် ချင်းတိုင်းရင်းသားများ ဖြစ်ကြောင်း ဂုဏ်ယူ ဝင့်ကြွားစွာ နေနိုင်ရမည်ဖြစ်ကြောင်း၊  ယနေ့ခေတ်နှင့် လျော်ညီစွာ ဒီမိုကရေစီ လမ်းစဉ်ကို  ဖေါ်ဆောင် သည့် နေရာတွင်လည်း နိုင်ငံရေး အသိုင်းအဝိုင်းကြား၌ ချင်းတိုင်းရင်းသားများ ထဲထဲ ဝင်ဝင် ပါဝင်ရန် လိုအပ်ကြောင်း၊ ယခုလို ပွဲမျိုးကျင်းပရခြင်းမှာ ထိုရည်ရွယ်ချက်များကို အကောင် အထည် ဖေါ်ခြင်းပင် ဖြစ်ကြောင်း”  ပြောကြားသည်။

ချင်းစာပေနှင့်ယဉ်ကျေးမှု အဖွဲ့ ဒုဥက္ကဋ္ဌ ဆလိုင်းမျိုးနိုင်ကလည်း အမှာစကား ပြောကြားရာတွင် ချင်းအမျိုးသားနေ့ ကျင်းပရာတွင် ငွေကြေး အခက်အခဲများ ရှိသော်လည်း ချင်းအမျိုးသားများ အတွက် အရေးကြီးသော နေ့ရက် တစ်ရက်ဖြစ်သဖြင့်  အခက်အခဲ ပေါင်းများစွာကို ကျော်ဖြတ် ကျင်းပခဲ့ခြင်း ဖြစ်ကြောင်း ပြောကြားသည်။

IMG 20160220 181602

တက်ရောက်လာကြသော ပရိတ်သတ်များအား ချင်းရိုးရာခေါင်ရည်၊ အစားအသောက်များ
ဖြင့် တည်ခင်း ဧည့်ခံကျွေးမွေး ခဲဲ့ပြီး ချင်းရိုးရာ အကအဖွဲ့ ( ၁၃)ဖွဲ့မှလည်း   ရိုးရာဝါးညှပ်အကဖြင့် ဧည့်ခံဖျော်ဖြေကာ အခမ်းအနားကို ညဥ့် ၁၂ နာရီတွင် အောင်မြင်စွာရုပ်သိမ်းခဲ့ကြောင်း သတင်း ရရှိသည်။

ဓာတ်ပုံ - ဦးခင်မောင်ဆန်း
May 16, 2026
မောင်စာဂ — ရခိုင်ပြည်အတွင်း ပညာဆက်လက်သင်ယူရန် နွမ်းပါးပြီး အခက်အခဲဖြစ်နေသည့် Grade-11 ကျောင်းသူ...
May 15, 2026
"အမြောက်တပ်နှင့်လက်နက်ကြီး လက်တစ်ကမ်းအကွာသို့ ရောက်ရှိလာသဖြင့်...
May 14, 2026
ရခိုင်ပြည်-မကွေးတိုင်းနှင့်ချင်းပြည်နယ်သို့ ဆက်သွယ်ထားသည့် အဓိကကုန်သွယ်ရေးလမ်းပိုင်းပေါ်ရှိ...
May 13, 2026
သျှင်မင်းဇံ — ရခိုင်ပြည်နယ်၊မင်းပြားမြို့နယ်၊ ကမ်းနီကျေးရွာတွင် ပြီးခဲ့သည့် မေလ ၈...