ကျောက်ဖြူမြို့နယ်တွင် ဆိုင်ကယ်နှင့် ကားတိုက်ရာမှ ဆိုင်ကယ်မောင်းသူ ပွဲချင်းပြီး သေဆုံး

ကျောက်ဖြူမြို့နယ်တွင် ဆိုင်ကယ်နှင့် ကားတိုက်ရာမှ ဆိုင်ကယ်မောင်းသူ ပွဲချင်းပြီး သေဆုံး
by -
နိရဥ္စရာ
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်၊ ဇင်ချောင်းကျေးရွာအနီးတွင် ဖေဖော်ဝါရီလ ၁၉ ရက်နေ့ နံနက် ခုနှစ် နာရီခန့်က ဆိုင်ကယ်နှင့်ကားတိုက်မှု ဖြစ်ပွားရာမှ ဆိုင်ကယ်မောင်းသူမှာ ပွဲချင်းပြီး သေဆုံးသွားကြောင်း သတင်း ရရှိသည်။

သေဆုံးသူမှာ ကျောက်ဖြူမြို့နယ်၊ ချောင်းဖျားကျေးရွာ မှ မောင်အောင်ကျော်ထွန်း အသက်(၂၂)နှစ် ဖြစ်ပြီး  ကားတိုက်ခံရမှုကြောင့် ဦးနှောက်ပါ အပြင်ပွင့်ထွက်သွားကာ ယင်းနေရာတွင်ပင်  ပွဲချင်းပြီး သေဆုံးသွားကြောင်း မျက်မြင်များက ပြောသည်။

ယာဉ်တိုက်မှုမှာ ဇင်ချောင်းကျေးရွာကြားနှင့် အလယ်ရွာသစ်ကြား ကားလမ်းတွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး စနဲဘက်မှ ကျောက်ဖြူသို့ မောင်းနှင်လာသော လုပ်ငန်းသုံး တေပါကားနှင့် စနဲဘက်သို့ မောင်းနှင်လာသော ဆိုင်ကယ်တို့ ရှေ့ဆိုင်တိုက်မိခြင်း ဖြစ်သည်ဟု ဆိုသည်။

ယခုကဲ့သို့ ယာဉ်တိုက်မှု ဖြစ်ပွားခြင်းမှာ နံနက်ပိုင်းတွင် ဆီးနှင်းများ  အလွန်ထူထပ်စွာ ကျနေရာမှ တစ်ဘက်နှင့် တစ်ဘက်  သေချာစွာ မမြင်ရရာမှ တိုက်မိခြင်း ဖြစ်ကြောင်း ဒေသခံများက ပြောဆိုသည်။

တေပါကားကို မောင်းနှင်လာသူမှာ ကျောက်ဖြူမြို့နယ် ဇင်ချောင်းကျေးရွာအုပ်စု ကုန်ဘွေကျေးရွာမှ မောင်မိုးကျော်(၂၃)နှစ် ဖြစ်ပြီး ယခုအခါ ရဲက ဖမ်းဆီးထားသည်ဟု သိရသည်။

“ ကားမောင်းသူ ကို ဖမ်းဆီးထားပါပြီ။ အမှု ဖွင့်ဆောင်ရွက်ထားပါပြီ” ဟု ဇင်ချောင်းရဲစခန်းမှ တာဝန်ကျ ရဲအရာရှိက ပြောကြားသည်။

အမှုအား ကျောက်ဖြူမြို့နယ် ရဲတပ်ဖွဲ့စခန်းမှ (ပ)၈/၂၀၁၆၊ ပြစ်မှုပုဒ်မ-၃၀၄(က)ဖြင့် အမှုဖွင့် ထားကြောင်းသိရသည်။

ဓာတ်ပုံ - ဦးခင်မောင်ဆန်း
May 16, 2026
မောင်စာဂ — ရခိုင်ပြည်အတွင်း ပညာဆက်လက်သင်ယူရန် နွမ်းပါးပြီး အခက်အခဲဖြစ်နေသည့် Grade-11 ကျောင်းသူ...
May 15, 2026
"အမြောက်တပ်နှင့်လက်နက်ကြီး လက်တစ်ကမ်းအကွာသို့ ရောက်ရှိလာသဖြင့်...
May 14, 2026
ရခိုင်ပြည်-မကွေးတိုင်းနှင့်ချင်းပြည်နယ်သို့ ဆက်သွယ်ထားသည့် အဓိကကုန်သွယ်ရေးလမ်းပိုင်းပေါ်ရှိ...
May 13, 2026
သျှင်မင်းဇံ — ရခိုင်ပြည်နယ်၊မင်းပြားမြို့နယ်၊ ကမ်းနီကျေးရွာတွင် ပြီးခဲ့သည့် မေလ ၈...