မြောက်ဦးမြို့ ရန်ပြေဘုရားအနီး ရှေးဟောင်းအဆောက်အအုံကြီး တစ်ခု တွေ့ရှိ

မြောက်ဦးမြို့ ရန်ပြေဘုရားအနီး ရှေးဟောင်းအဆောက်အအုံကြီး တစ်ခု တွေ့ရှိ
by -
နိရဥ္စရာ
ဓာတ်ပုံ- Van Buddhapiya
ဓာတ်ပုံ- Van Buddhapiya
ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် ကျေးပင်လယ်ရွာ ရန်ပြေဘုရား အနီးတွင်  ရှေးဟောင်း အဆောက်အအုံကြီး တစ်ခုကို တူးဖော်တွေ့ရှိသည်ဟု သတင်း ရရှိသည်။

 “ ကျွန်တော်တို့ ရှေးဟောင်းသုတေသန ဌာနက တူးဖော်တာ တစ်ပတ်လောက်ဘဲ ရှိပါသေးတယ်။ ကျွန်တော်တို့ကတော့ ရှေးဟောင်းသိမ်တော်ရာလို့ ယူဆထားပါတယ်။ အတိအကျတော့ မပြောနိုင်သေးဘူး။ တူးဖော်ပြီးမှ ဘယ်အဆောက်အဦးဆိုတာ ပြောဆိုနိုင်မှာ ဖြစ်ပါတယ်” ဟု မြောက်ဦး ရှေး/သုမှ ဦးဆန်းဝင်းက နိရဥ္စရာသို့ ပြောဆိုသည်။

 တူးဖော်မှုမှာ နောက်ထပ် ၁၅ ရက်ခန့်ကြာနိုင်ပြီး ယခုအခါ ရှေးဟောင်းသုတေသနဌာနမှ ကြီးမှူးပြီး ကျေးရွာသားများ၏ အကူအညီကို ရယူကာ တူးဖော်နေကြောင်း သိရသည်။

 ယခုရှေးဟောင်း အဆောက်အအုံကြီး တွေ့ရှိရသောနေရာသည် မြောက်ဦးမြို့မှ ၆ မိုင်ခန့် အကွာ စာဆို ဥက္ကာပျံ ငယ်ဇာတိရွာ ကျေးပင်လယ်ရွာအနီးတွင် တည်ရှိသော ရန်ပြေဘုရား ကုန်းမြေတွင် ဖြစ်ကြောင်း ဦးဆန်းဝင်းက ပြောသည်။

 မြောက်ဦးမြို့မှ ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ်များကို ထိန်းသိမ်းကာကွယ်ဆောင်ရွက်နေသူများထဲမှ တစ်ဦးဖြစ်သူ ဦးသန်းမြင့်က “ ယခုတူးဖော်နေတဲ့ နေရာက အလျားပေ ရ၀ လောက်ရှိပါတယ်။ မြေကြီးကို တူးဖော်တဲ့ အခါ ကျောက်စီ နံရံ ၁၀ ပေအမြင့်ရှိတဲ့ နေရာတွေကို တွေ့ရတယ်လို့ သိရပါတယ်။ လူတွေကတော့ ရှေးဟောင်းနန်းရာဆိုပြီး အပြင်မှာ အသံတွေထွက်နေပါတယ်။ မြို့ရိုးထက် ရှေးဟောင်း ဘုရားသိမ် တစ်ခု ဖြစ်ဖို့ များပါတယ်” ဟု ပြောသည်။

ဓာတ်ပုံ - ဦးခင်မောင်ဆန်း
May 16, 2026
မောင်စာဂ — ရခိုင်ပြည်အတွင်း ပညာဆက်လက်သင်ယူရန် နွမ်းပါးပြီး အခက်အခဲဖြစ်နေသည့် Grade-11 ကျောင်းသူ...
May 15, 2026
"အမြောက်တပ်နှင့်လက်နက်ကြီး လက်တစ်ကမ်းအကွာသို့ ရောက်ရှိလာသဖြင့်...
May 14, 2026
ရခိုင်ပြည်-မကွေးတိုင်းနှင့်ချင်းပြည်နယ်သို့ ဆက်သွယ်ထားသည့် အဓိကကုန်သွယ်ရေးလမ်းပိုင်းပေါ်ရှိ...
May 13, 2026
သျှင်မင်းဇံ — ရခိုင်ပြည်နယ်၊မင်းပြားမြို့နယ်၊ ကမ်းနီကျေးရွာတွင် ပြီးခဲ့သည့် မေလ ၈...