Published
Wednesday, January 27, 2016
အရှည် ၂၉ ပေခန် ့ရှိဝေလငါးတစ်ေကာင် မာန်အောင်ကမ်းခြေတွင် သောင်တင် သေဆုံး
ရခိုင်ပြည်နယ်၊မာန်အောင်မြို့နယ်၊မျှော်တော်ဦးကျေးရွာ မျှော်တော်ဦးကမ်းခြေတွင် ဇန်နဝါရီ၂၅ရက်နေ့ ညနေပိုင်း ၄ နာရီက ၂၉ ပေခန် ့ ရှိ ဝေလငါးကြီးတစ်ကောင် သောင်တင်သေဆုံးလျက် တွေ့ရှိခဲ့ကြောင်း သတင်းရရှိသည်။
” ကျွန်တော်တို့ သွားကြည့်တော့ ဒီ နေ့ညနေ ၄ နာရီလောက်မှာ ကမ်းခြေမှာတင်နေတာ။ ဝေလ ငါးအရှည်က ၂၉ ပေလောက်ရှိမယ်။ ခန့်မှန်းလုံးပတ်က ပေ၂၀ လောက်ရှိမယ်။ တော်တော့်ကိုကြီးတာဗျ။ ငါးကြီးကတော့ ဒဏ်ရာဒဏ်ချက်တွေ တော်တော်များတယ်။ ကျောက်ဆောင် ကျောက်သားတွေကြားက ဆင်းမရဘဲ သေနေတာဖြစ်မယ်”ဟု သွားရောက်ကြည့်ရှုခဲ့သူ စာရေးဆရာ ဝေဟင်အောင်က နိရဥ္စရာသို့ ပြောသည်။
ယင်းသေဆုံးနေသော ဝေလငါးကြီးအား ကမ်းခြေနားတွင ်မြေမြှုပ်ရန် ရွာသူရွာသားများက စီစဉ်နေကြောင်း သိရသည်။
ဓာတ်ပုံ- နိရဥ္စရာသတင်းဌာန/ ၀ဏ္ဍခွာညို)







