တွေ့ဆုံပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေ၊ ဒုတိယဗိုလ်ချုပ်ကြီး မြထွန်းဦးနှင့် ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်တို့ တက်ရောက်ကြပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌနှင့်အတူ ဦးဝင်းထိန်၊ ဦးဝင်းမြင့်၊ ဦးဇော်မြင့်မောင်နှင့် ဒေါက်တာတင်မျိုးဝင်း တို့ တက်ရောက်ခဲ့ကြသည်ဟု ကာကွယ်ရေးဦးစီးချုပ် ဖေ့စ်ဘွတ် စာမျက်နှာတွင် ဖေါ်ပြ ထားသည်။
ထိုသို့တွေ့ဆုံရာတွင် ရွေးကောက်ပွဲလွန်ကာလ Transition နှင့် တည်ငြိမ်အေးချမ်းရေး ကိစ္စရပ်များ၊ လွှတ်တော်နှင့် ပတ်သက်သော ကိစ္စရပ်များ၊ နောင်ဖြစ်ပေါ်လာမည့် အစိုးရဖွဲ့စည်းရေးဆိုင်ရာများ၊ NCA လက်မှတ်ရေးထိုးပြီးနောက်ပိုင်း ထာဝရငြိမ်းချမ်းရေးရရှိရန် ဆက်လက်ဆောင်ရွက်ရမည့် ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်ဟု ဆိုသည်။
၂၀၁၅ ရွေးကောက်ပွဲလွန် နောက်ပိုင်း အနိုင်ရပါတီ NLD သည် အာဏာလွှဲပြောင်းရေး အဆင်ပြေ ချော့မွေ့စေရေးအတွက် တပ်မတော်ခေါင်းဆောင်များနှင့် တွေ့ဆုံ ဆွေးနွေးမှုများ ရှိလာသလို တပ်မတော် ခေါင်းဆောင်များကလည်း ပူးပေါင်းဆောင်ရွက်မှု များ ယခင်ကထက် တိုးမြှင့် လုပ်ဆောင်လျက်ရှိသည်။
ကာကွယ်ရေးဦးစီးချုပ်ရုံး







