ဆရာတော် စန္ဒြမဏိရုပ်ထု အပူဇော်ခံပြီး ပြတိုက်တည်ဆောက်မည့်နေရာသို့ ရွှေ့မည်

ဆရာတော် စန္ဒြမဏိရုပ်ထု အပူဇော်ခံပြီး ပြတိုက်တည်ဆောက်မည့်နေရာသို့ ရွှေ့မည်
by -
နိရဥ္စရာ
ကမ္ဘာသာသနပြု ဆရာတော် အသျှင် စန္ဒြမဏိ ရုပ်ထုကို စစ်တွေမြို့ ၀င်္ကဘာကွင်းရှိ ဘုရားကြီးတွင် သိမ်းဆည်းထားရာမှ စစ်တွေမြို့တွင် အပူဇော်ခံပြီး ဆရာတော် ပြတိုက်တည်ဆောက်မည့်နေရာသို့ ရွှေ့ပြောင်းတော့မည် ဖြစ်ကြောင်း သတင်း ရရှိသည်။

“ ဆရာတော်ရဲ့ ရုပ်ထုကို အခု ဘုရားကြီးကနေ ထုတ်ယူပြီး ၀င်္ကဘာကွင်းမှာ ထားရှိပါတယ်။ ကားပေါ်မှာ တင်ထားပါတယ်။ တနင်္ဂနွေနေ့ကျရင် စစ်တွေမြို့ကို လှည့်လည် အပူဇော်ခံပြီး လေယာဉ်ကွင်း အဝင်လမ်း ဘေးမှာ တည်ဆောက်နေတဲ့ ဆရာတော် ပြတိုက်ကို ယူဆောင်မှာ ဖြစ်ပါတယ်” ဟု မိဇံရပ်ကွက်မှ ကိုဇော်ချေက ပြောသည်။

ဆရာတော်ကို ဂုဏ်ပြု ပူဇော်သောအားဖြင့် ဇန်နဝါရီလ ၂၁ ရက်နေ့က စပြီး ၀င်္ကဘာကွင်းတွင် ဇာတ်ပွဲများဖြင့် ဖြေဖျော်နေသည် ဟုလည်း သူက ပြောသည်။

ဆရာတော် စန္ဒြမဏိသည် သာသနာ့ အာဇာနည် ရဟန်းတော် တစ်ပါးဖြစ်ပြီး ဗုဒ္ဓဘာသာ ပျောက်ကွယ်လုနီးပါး ဖြစ်နေသော အိန္ဒိနိုင်ငံနှင့် နိပေါနိုင်ငံများတွင်  ဗုဒ္ဓဘာသာ ပြန်လည် ရှင်သန်လာရန် ကိုယ်ကျိုးစွန့် အနစ်နာခံကာ သာသနာပြုခဲ့သည်။

ဆရာတော်ကြီး၏ ကြိုးပမ်းဆောင်ရွက်မှုကြောင့် ၁၉၅၆ ခုနှစ် အောက်တိုဘာလ ၁၄ ရက်နေ့တွင် အိန္ဒိယနိုင်ငံ ဗဟိုတရားရေးဝန်ကြီး ဒေါက်တာ အဗ္ဗေဒကာဦးဆောင်သည့် အိန္ဒိယနိုင်ငံသား (၆) သိန်းကျော်တို့သည် ဗုဒ္ဓဘာသာသို့ ကူးပြောင်းခဲ့သည်။

ဆရာတော်၏ စွမ်းဆောင်မှုကြောင့် အိန္ဒိယနိုင်ငံနှင့် နီပေါနိုင်ငံတို့တွင် ဗုဒ္ဓဘာသာ ပြန်လည် ရှင်သန်လာခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။ ဆရာတော်ကြီးသည် ဘာသာ သာသနာ အကျိုးကို သယ်ပိုးရွက်ဆောင်နေစဉ် ၁၉၇၂ ခုနှစ် မေလ ၈ ရက်နေ့တွင် မြတ်ဗုဒ္ဓပရိနိဗ္ဗာန် စံတော်မူခဲ့သည့် ကုသိနာရုံတွင် ပျံလွန်တော်မူခဲ့သည်။

ဓာတ်ပုံ - ဦးခင်မောင်ဆန်း
May 16, 2026
မောင်စာဂ — ရခိုင်ပြည်အတွင်း ပညာဆက်လက်သင်ယူရန် နွမ်းပါးပြီး အခက်အခဲဖြစ်နေသည့် Grade-11 ကျောင်းသူ...
May 15, 2026
"အမြောက်တပ်နှင့်လက်နက်ကြီး လက်တစ်ကမ်းအကွာသို့ ရောက်ရှိလာသဖြင့်...
May 14, 2026
ရခိုင်ပြည်-မကွေးတိုင်းနှင့်ချင်းပြည်နယ်သို့ ဆက်သွယ်ထားသည့် အဓိကကုန်သွယ်ရေးလမ်းပိုင်းပေါ်ရှိ...
May 13, 2026
သျှင်မင်းဇံ — ရခိုင်ပြည်နယ်၊မင်းပြားမြို့နယ်၊ ကမ်းနီကျေးရွာတွင် ပြီးခဲ့သည့် မေလ ၈...