အကြမ်းဖက်မှု လုပ်ဆောင်ရန်စီစဉ်နေသည့် ဘင်္ဂလာဒေ့ရှ် နိုင်ငံသား၂၇ ဦးကို စင်္ကာပူတွင်ဖမ်းပြီး ပြန်ပို့

အကြမ်းဖက်မှု လုပ်ဆောင်ရန်စီစဉ်နေသည့် ဘင်္ဂလာဒေ့ရှ် နိုင်ငံသား၂၇ ဦးကို စင်္ကာပူတွင်ဖမ်းပြီး ပြန်ပို့
by -
နိရဥ္စရာ
စင်္ကာပူနိုင်ငံပြင်ပတွင် အကြမ်းဖက်မှု ပြုလုပ်ရန် စီစဉ်နေသည့် ဘင်္ဂလာဒေ့ရှ် နိုင်ငံသား၂၇ ဦးကို စင်္ကာပူရဲက ဖမ်းဆီးပြီးနောက် ယင်းအထဲမှ ၂၆ ဦးကို ဒီဇင်ဘာလ နောက်ဆုံး အပတ်က ဘင်္ဂလာဒေ့ရှ်ကို ပြန်ပို့လိုက်သည်ဟု The Straits Times က သတင်း ဖော်ပြသည်။

27 bangladeshi၂၆ ဦးသည် အကြမ်းဖက်မှု ပြုလုပ်ရန် စီစဉ်နေသည်ကို တွေ့ရှိရသဖြင့် ဖမ်းဆီးပြီးနောက် သူတို့၏ မိခင်နိုင်ငံ ဘင်္ဂလာဒေ့ရှ်ကို  ပြန်ပို့လိုက်ခြင်း ဖြစ်သည်ဟု ဆိုသည်။

စုံစမ်းစစ်ဆေးရေးအဖွဲ့၏ စစ်ဆေးချက်အရ ယခု ဖမ်းဆီးခံရသူများသည် အကြမ်းဖက်စစ်သွေးကြွ ဂျီဟက်ဒီ အတွေးအခေါ် များကို ကိုင်စွဲထားကြသည့်  အိုင်အက်စ်နှင့် အယ်လ်ကိုင်ဒါး အဖွဲ့များကို ထောက်ခံသူများ ဖြစ်ကြသည်ဟု  ဆိုသည်။

ဖမ်းဆီးခံရသူ ဘင်္ဂလီ ၂၇ ဦးသည် ဆောက်လုပ်ရေး လုပ်ငန်းခွင်တွင် လုပ်ကိုင်နေကြသူများ ဖြစ်ကြပြီး လွန်ခဲ့သောနှစ် ဒီဇင်ဘာလ ၁၄ ရက်နေ့နှင့် ၃၁ ရက် အတွင်း ဖမ်းဆီးခံခဲ့ကြရသည်။

စင်္ကာပူ ပြည်ထဲရေးဝန်ကြီးဌာနက ဖမ်းဆီးရသူများထဲမှ အချို့သည် ဂျီဟက်စစ်ပွဲများကို ပြည်ပ နိုင်ငံများတွင် ပြုလုပ်ရန် စီစဉ်နေသူများ ဖြစ်ကြကြောင်း၊ သို့သော် စင်္ကာပူနိုင်ငံတွင် ယင်းအကြမ်းဖက်တိုက်ခိုက်မှုများကို ပြုလုပ်ရန် အစီအစဉ် ရှိသည်ကို မတွေ့ရကြောင်း ဗုဒ္ဓဟူးနေ့က ထုတ်ဖော် ပြောကြားသည်။

စင်္ကာပူ အရာရှိများ၏ ပြောကြားချက်အရ ယခု ပြန်ပို့ခံရသူ ဘင်္ဂလာဒေ့ရှ်နိုင်ငံသားများသည် သူတို့၏ မိခင်နိုင်ငံတွင် အကြမ်းဖက် လုပ်ရန်များကို  ကျူးလွန် စီစဉ်နေသည့် အထောက်အထားများကို တွေ့ရသည်ဟု ဆိုသည်။

Most read this week

January 26, 2026
မောင်စာဂ — ရခိုင်ပြည်၊ ရှေးဟောင်းယဉ်ကျေးမှုမြို့တော် မြောက်ဦးမြို့တွင်...
January 24, 2026
(နောက်ထပ် ရခိုင်ဇနီးမောင်နှံနှင့် ရခိုင်အဆိုတော်တစ်ဦးအပါအဝင် မွတ်ဆလင်လူငယ်တစ်ဦးလည်း...
ဓာတ်ပုံ- စစ်တွေအကျဉ်းထောင်
January 23, 2026
ပိုးဝါ — လာဘ်ငွေယူပြီး ထောင်သားများကို ဖုန်းပေးသုံးမှုကြောင့် စစ်တွေထောင်ပိုင်အပါအဝင်...
January 22, 2026
ရခိုင်ပြည်တွင် ရခိုင်ရိုးရာရက္ကန်းထည်ရက်လုပ်ရာ၌ ကုန်ချောထုတ်လုပ်ရန်လိုအပ်သည့်...