နယ်ခြားစောင့်ရဲကားတိုက်၍ စက်ဘီးစီးလာသည့် မိန်းခလေးနှစ်ဦး ဆေးရုံတင်ရ

နယ်ခြားစောင့်ရဲကားတိုက်၍ စက်ဘီးစီးလာသည့် မိန်းခလေးနှစ်ဦး ဆေးရုံတင်ရ
by -
နိရဥ္စရာ
မိန်းခလေး နှစ်ဦးကို တိုက်သော ရဲကားကိုတွေ့ရစဉ်။ ဓာတ်ပုံ- နိရဥ္စရာ/ ခိုင်ခန့်အောင်
မိန်းခလေး နှစ်ဦးကို တိုက်သော ရဲကားကိုတွေ့ရစဉ်။ ဓာတ်ပုံ- နိရဥ္စရာ/ ခိုင်ခန့်အောင်
ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့တွင် နယ်ခြားစောင့်ရဲကားက မိန်းခလေးနှစ်ဦး စီးလာသော စက်ဘီးအား မျက်နာချင်းဆိုင် ဝင်တိုက်ရာမှ မိန်းခလေးနှစ်ဦးမှာ ပြင်းထန်စွာ ဒဏ်ရာရရှိသွားပြီး  ဘူးသီးတောင်မြို့နယ် ဆေးရုံသို့ တင်လိုက်ရသည်ဟု သတင်းရရှိသည်။

ယင်းဖြစ်ရပ်မှာ ဒီဇင်ဘာ ၂၆ ရက် နေ့လယ် ၂ နာရီ ၁၅ မိနစ်က ဘူးသီးတောင်မြို့ ဗိုလ်ချုပ် လမ်းမကြီတွင် ဖြစ်ပွားခဲ့သည်ဟု ဒဏ်ရာရရှိသွားသူ မိန်းခလေး၏ ဆွေမျိုးတစ်ဦးက ပြောသည်။

ဖြစ်စဉ်အကျဉ်းမှာ ဗိုလ်ချုပ်လမ်းမကြီးအတိုင်း မြောက်မှ တောင်ဘက်သို့ မနေဇာဝင်း (၁၉)နှစ် စီးနှင်းပြီး မမေသူကျော်(၁၈)နှစ် နောက်မှ ထိုင်စီးလာသည့် စက်ဘီးကို မျက်နှာချင်းဆိုင်မှ ယာဉ်မောင်းရဲတပ်သား လာက်ဇော်အေဲာင်း မောင်းနှင်လာသော နယ့်ခြားစောင့်ရဲတပ်ဖွဲ့ပိုင် Dina Truck အပြာရောင်ယာဉ်က ဝင်တိုက်ခဲ့သည်ဟု ဆိုသည်။

ကားနှင့် တိုက်မိသဖြင့် မိန်းကလေးနှစ်ဦးမှာ လွင့်စင်ထွက်သွားပြီး လမ်းဘေး ပလက်ဖောင်း ကပ်တုံး များနှင့် ထိခိုက်ခဲ့သည်ဟု သိရသည်။

မနေဇာဝင်းမှာ နဖူးတွင်စုတ်ပြတ် ဒဏ်ရာတစ်ချက်၊ မမေသူကျော်မှာ ဦးခေါင်းချိုစောင်း စုတ်ပြဲ ဒဏ်ရာ တစ်ချက်ရပြီး ဘူးသီးတောင်မြို့နယ်ဆေးရုံသို့ တင်ပို့ခဲ့ရပြီး မမေသူကျော်မှာ ပို၍ စိုးရိမ်ရသည့် အခြေအနေတွင် ရှိသည်ဟု ဆွေမျိုးတော်သူက ပြောသည်။

ဒဏ်ရာရရှိသွားသူ မိန်းကလေးနှစ်ဦးမှာ ညီအစ်မများ ဖြစ်ကြပြီး (၅)ရပ်ကွက်တွင် နေထိုင်ကာ မိခင် ဖြစ်သူ နေမကောင်း၍ ဆေး ဝယ်ရန်လာရာမှ ယာဉ်တိုက် ခံရခြင်းဖြစ်ကြောင်း သိရသည်။

ယာဉ်မောင်းသူမှာ တိုက်ပြီး ထွက်ပြေးသွားသဖြင့် လိုက်လံဖမ်းဆီးရာ ဂန္ဓမာရွာ အနီးတွင် ကားကို လမ်းဘေးထိုးဆင်း ထွက်ပြေးစဉ် ဖမ်းဆီးရမိပြီး ဘူးသီးတောင် ရဲစခန်းသို့ ဖမ်းဆီးခေါ်ဆောင်လာပြီး စစ်ဆေးလျက်ရှိသည်။

ယာဉ်မောင်းသူမှာ သောက်စားမူးယစ်ထားသည်ဟုလည်း သိရပြီး  ဘူးသီးတောင် ရဲစခန်းမှ ယာဉ်(ပ)၂၂/၁၅၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၃၈/၂၇၉ ဖြင့် အမှုဖွင့် လက်ခံစစ်ဆေးနေကြောင်း ဘူးသီးတောင်မြို့မရဲစခန်းမှ တစ်ဆင့် သိရှိရသည်။

ဘူးသီးတောင်မြို့တွင် နယ်ခြားစောင့်ရဲတပ်ဖွဲ့ပိုင်ကားဖြင့် တိုက်မိ၍ နိုဝင်ဘာလ ၂၆ ရက်နေ့ကလည်း  အသက် (၂၉)နှစ်အရွယ် အမျိုးသား တစ်ဦးသေဆုံးသွားခဲ့ဟု သိရသည်။

Most read this week

January 26, 2026
မောင်စာဂ — ရခိုင်ပြည်၊ ရှေးဟောင်းယဉ်ကျေးမှုမြို့တော် မြောက်ဦးမြို့တွင်...
January 24, 2026
(နောက်ထပ် ရခိုင်ဇနီးမောင်နှံနှင့် ရခိုင်အဆိုတော်တစ်ဦးအပါအဝင် မွတ်ဆလင်လူငယ်တစ်ဦးလည်း...
ဓာတ်ပုံ- စစ်တွေအကျဉ်းထောင်
January 23, 2026
ပိုးဝါ — လာဘ်ငွေယူပြီး ထောင်သားများကို ဖုန်းပေးသုံးမှုကြောင့် စစ်တွေထောင်ပိုင်အပါအဝင်...
January 22, 2026
ရခိုင်ပြည်တွင် ရခိုင်ရိုးရာရက္ကန်းထည်ရက်လုပ်ရာ၌ ကုန်ချောထုတ်လုပ်ရန်လိုအပ်သည့်...