ရခိုင်ပြည်နယ်နေ့တွင် ရေအိုးလေးလုံး ခေါင်းပေါ်တင်ပြီး ဆိုင်ကယ်စီးပြသူ အမျိုးသမီးကို ပြည်နယ်အစိုးရက ကျပ်ငွေ ငါးသိန်းချီးမြှင့်

ရခိုင်ပြည်နယ်နေ့တွင် ရေအိုးလေးလုံး ခေါင်းပေါ်တင်ပြီး ဆိုင်ကယ်စီးပြသူ အမျိုးသမီးကို ပြည်နယ်အစိုးရက ကျပ်ငွေ ငါးသိန်းချီးမြှင့်
by -
နိရဥ္စရာ
ကျောက်ဖြူမြို့၌ပြုလုပ်သော (၄၁)ကြိမ်မြောက် ရခိုင်ပြည်နယ်နေ့ အခမ်းအနားတွင် ရေအိုးလေးလုံးကို ခေါင်းပေါ်တင်ပြီး  ဆိုင်ကယ်စီးပြသူ အမျိုးသမီး တစ်ဦးအား ရခိုင်ပြည်နယ် အစိုးရမှ ဆုငွေ ကျပ် ငါးသိန်း ချီးမြှင့်လိုက်သည်ဟု သတင်းရရှိသည်။

မြေသားဖြင့် ပြုလုပ်ထားသော ရေအိုးငါးလုံးကို အဆင့်လိုက်စီကာ ခေါင်းပေါ်တင်ပြီး ဆိုင်ကယ်စီးပြသူ အမျိုးသမီးမှာ ကျောက်ဖြူမြို့ စေတီတောင်ရပ်ကွက်မှ မမိစုဝေ(ခ)မမိစုနိုင် ဖြစ်သည်။

“ဆုရချင်လို့ လုပ်ခဲ့တာတော့ မဟုတ်ပါ။ ကျောက်ဖြူမှာ အခုလို လုပ်နိုင်တဲ့သူတွေ ရှိတယ်ဆိုတာကို သိစေချင်တဲ့ ရည်ရွယ်ချက်နဲ့ ပြုလုပ်ရတာဖြစ်ပါတယ်။ ပြည်နယ်အစိုးရက အခုလိုဆုချီးမြှင့်တော့ အလွန်ဝမ်းသာပါတယ်။ မိသားစုတွေလည်းဝမ်းသာကြပါတယ်”ဟု ဆိုင်ကယ်စီးပြသူ မမိစုဝေ(ခ) မမိစုနိုင်က ပြောသည်။

ဒီဇင်ဘာလ၁၅ ရက်နေ့က ကျောက်ဖြူမြို့ ရခိုင်ပြည်နယ်နေ့ ဖွင့်ပွဲ အခမ်းအနားတွင် ပြည်နယ် ဝန်ကြီးချုပ် ကိုယ်စား ကျောက်ဖြူခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးသိန်းက ဂုဏ်ပြုမှတ်တမ်းလွှာနှင့်အတူ ၎င်းဆုငွေကို ချီးမြှင့်ခဲ့သည်။

အသက်(၂၄)နှစ်အရွယ်ရှိ မမိစုနိုင်သည် အိုးအပြည့် လေးလုံးဆင့်ပြီး နာရီစင်ကွင်းမှ အထက(၂)အထိ ဆိုင်ကယ်စီးပြီး ပြခဲ့သည်ဟု သိရသည်။

လွန်ခဲ့သောနှစ် (၄၀)ကြိမ်မြောက် ရခိုင်ပြည်နယ်နေ့ကလည်း ရေအိုးသုံးလုံးဆင့်၍ စတင်ပြီး သရုပ်ပြခဲ့ရာ ပွဲကျင်းပရေး ကော်မတီက ဆုငွေ ရဝဝဝဝ ကျပ် ချီးမြှင့်ခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ - ဦးခင်မောင်ဆန်း
May 16, 2026
မောင်စာဂ — ရခိုင်ပြည်အတွင်း ပညာဆက်လက်သင်ယူရန် နွမ်းပါးပြီး အခက်အခဲဖြစ်နေသည့် Grade-11 ကျောင်းသူ...
May 15, 2026
"အမြောက်တပ်နှင့်လက်နက်ကြီး လက်တစ်ကမ်းအကွာသို့ ရောက်ရှိလာသဖြင့်...
May 14, 2026
ရခိုင်ပြည်-မကွေးတိုင်းနှင့်ချင်းပြည်နယ်သို့ ဆက်သွယ်ထားသည့် အဓိကကုန်သွယ်ရေးလမ်းပိုင်းပေါ်ရှိ...
May 13, 2026
သျှင်မင်းဇံ — ရခိုင်ပြည်နယ်၊မင်းပြားမြို့နယ်၊ ကမ်းနီကျေးရွာတွင် ပြီးခဲ့သည့် မေလ ၈...