၄၁ နှစ်မြောက် ရခိုင်ပြည်နယ်နေ့ အထိမ်းအမှတ် ရန်ကုန်တွင် ရခိုင်ရိုးရာ ကျင်ပွဲနှင့် ပျော်ပွဲ ရွှင်ပွဲများ စတင်ကျင်းပ

၄၁ နှစ်မြောက် ရခိုင်ပြည်နယ်နေ့ အထိမ်းအမှတ် ရန်ကုန်တွင် ရခိုင်ရိုးရာ ကျင်ပွဲနှင့် ပျော်ပွဲ ရွှင်ပွဲများ စတင်ကျင်းပ
by -
နိရဥ္စရာ
၂၀၁၅ ခုနှစ် ဒီဇင်ဘာ ၁၅ ရက်နေ့တွင် ကျရောက်သော ၄၁ နှစ်မြောက် ရခိုင်ပြည်ပြည်နယ်နေ့ အထိမ်းအမှတ်အနေဖြင့် အကြိုပွဲစဉ်များအဖြစ် ရခိုင်ရိုးရာ ကျင်ပွဲနှင့် အခြားပျော်ပွဲ ရွှင်ပွဲများကို ရန်ကုန်တိုင်း သာကေတ မြို့နယ်ရှိ တိုင်းရင်းသား ကျေးရွာတွင် ဒီဇင်ဘာလ ၁၂ ရက်နေ့က စတင် ကျင်းပ ပြုလုပ်ခဲ့သည်။

ဒီဇင်ဘာလ ၁၅ ရက်နေ့တွင် ၄၁ နှစ်မြောက် ရခိုင်ပြည်နယ်နေ့ကို ရန်ကုန်မြို့ သိမ်ဖြူကွင်းတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ပြီး၊ အဆိုပါပွဲသို့ အလုပ်မအားလပ်၍ မလာနိုင်သူများအတွက် တိုင်းရင်းသားကျေးရွာတွင် အကြိုပွဲကျင်းပရခြင်းဖြစ်သည်ဟု သိရသည်။

“ဒီလိုမျိုး ရခိုင်ပြည်နယ်နေ့အတွက် အကြိုပွဲကျင်းပရတာကတော့ ဒီဇင်ဘာလ ၁၅ ရက်နေ့ဟာ ရုံးပိတ်ရက် မဟုတ်တဲ့အတွက် လာချင်ပေမယ့် မလာရောက်နိုင်တဲ့ သူတို့အတွက် ဖြစ်ပါတယ်။  အခုလို မျိုး စနေ့နဲ့ တနင်္ဂနွေ နေ့တွေမှာ ကျင်းပပေးတော့ သူတို့လည်း လာရောက်အားပေးနိုင်တာ ပေါ့။ ဒီအကြိုပွဲမှာ ရခိုင်ရိုးရာကျင်ပွဲကိုလည်း ထည့်သွင်းကျင်းပပြီးတော့ ရွှေမောင်တန်းမှာ နိုင်တဲ့သူကို ရွှေတစ်ကျပ်သားနဲ့ ငွေသားတွေကို ထိုက်ထိုက်တန်တန် ချီးမြှင့်သွားမှာဖြစ်ပါတယ်”ဟု ရန်ကုန်တိုင်း ရခိုင်တိုင်းရင်းသား ရေးရာဝန်ကြီး ဦးဇော်အေးမောင်က ကျင်ဖွင့်ပွဲတွင် ပြောကြားသွားသည်။

ယခုပြုလုပ်သော ကျင်ပွဲသို့ နာမည်ကြီးကျင်သန်များလည်း လာရောက် ယှဉ်ပြိုင်ကြမည်ဖြစ်ပြီး၊ ဒီဇင်ဘာ ၁၂ ရက်နေ့တွင် ကျင်းပသော ငွေမောင်းတန်း ပွဲစဉ်သို့ ရခိုင်လူမျိုးများအပြင် စိတ်ဝင်စား သော အခြားတိုင်းရင်းသားများကလည်း လာရောက်ကြည့်ရှု အားပေးခဲ့ကြသည်ဟု သိရသည်။

ရခိုင်ရိုးရာကျင်သည် အဆင်မြင့်ပြီး ၂၀၁၅ ခုနှစ် ကိုးရီးယားရိုးရာ နပန်းပြိုင်ပွဲတွင် ရခိုင်ကျင်သန်တစ်ဦး ရွှေတံဆိပ် ရရှိခဲ့သည်ဟု သိရသည်။

ကိုယ့်ရခိုင်ပြည်နယ်နေ့ကို ရခိုင်သားများက တန်ဖိုးထားမှ ရခိုင်ပြည်နယ်နေ့လည်း တန်ဖိုးရှိမည်ဖြစ်ပြီး၊ ရခိုင်လူမျိုးရှိသရွေ့ ရခိုင်ပြည်နယ် တည်ရှိရမည်ဖြစ်ပြီး၊ ရခိုင်ရိုးရာကျင်လည်း တည်တံ့ရမည်ဟု ဦးဇော်အေးမောင်က ပြောကြားခဲ့သည်။

၁၅ ရက်နေ့တွင် ကျရောက်သော ၄၁ ကြိမ်မြောက် ရခိုင်ပြညနယ်နေ့တွင် ဆရာတော်များအား ပင့်ဖိတ်၍ ဆွမ်းကျွေးပြီး၊ အခမ်းအနားအစီအစဉ်များဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဟု သိရသည်။

ဓာတ်ပုံ - ဦးခင်မောင်ဆန်း
May 16, 2026
မောင်စာဂ — ရခိုင်ပြည်အတွင်း ပညာဆက်လက်သင်ယူရန် နွမ်းပါးပြီး အခက်အခဲဖြစ်နေသည့် Grade-11 ကျောင်းသူ...
May 15, 2026
"အမြောက်တပ်နှင့်လက်နက်ကြီး လက်တစ်ကမ်းအကွာသို့ ရောက်ရှိလာသဖြင့်...
May 14, 2026
ရခိုင်ပြည်-မကွေးတိုင်းနှင့်ချင်းပြည်နယ်သို့ ဆက်သွယ်ထားသည့် အဓိကကုန်သွယ်ရေးလမ်းပိုင်းပေါ်ရှိ...
May 13, 2026
သျှင်မင်းဇံ — ရခိုင်ပြည်နယ်၊မင်းပြားမြို့နယ်၊ ကမ်းနီကျေးရွာတွင် ပြီးခဲ့သည့် မေလ ၈...