“ပျောက်နေတဲ့ မိန်းကလေးနှစ်ယောက်က အသက် ရ နှစ်အရွယ်တွေပါ။ ခုထိ ရှာမတွေ့သေးပါဘူး” ဟု အဆိုပါတာဝန်ရှိသူက ဒီဇင်ဘာလ ၁ဝ ရက်နေ့ ညနေ ၅ နာရီခန့်က ဆိုသည်။
ယခုပျောက်ဆုံးနေသည့်ကလေးငယ်နှစ်ဦးမှာ မြောက်ဦးမြို့ ထမရာဇ်ရပ်ကွက်မှ မဝင်းဝင်းဌေး(ဘ-ဦးထွန်းအေး)နှင့် မသွယ်သွယ်ခိုင် (ဘ- ဦးအောင်သန်းတင်) တို့ဖြစ်ကြသည်။
သူတို့သည် ဦးထွန်းအေး (၄၆ နှစ်)မောင်းနှင်လာသည့် ဟွန်ဒါစက်လှေဖြင့် ဒီဇင်ဘာလ ၁ဝ ရက်နေ့က မြောက်ဦးမြို့ ထမရာဇ်ရပ် ကွက်မှ အဆိုပါမြို့နယ်ရှိ နကန်ကျေးရွာသို့အသွား ငါးခရော်ရေအိုင်သို့ အရောက် နေ့လည် ၁ နာရီခွဲခန့်တွင် စက်လှေနစ်မြုပ်ပျောက်ဆုံး သွားခြင်းဖြစ်သည်ဟု မြောက်ဦးရဲက ဆိုသည်။
“စက်လှေက ရေဝဲထဲမှာနစ်မြုပ်သွားတာ ဖြစ်ပါတယ်။ စက်လှေပေါ် လူ ၅ ယောက်ပါတဲ့အထဲ ဒီကလေးနှစ်ယောက်ပဲပျောက်ဆုံးနေ တာဖြစ်ပါတယ်”ဟု မြောက်ဦးရဲစခန်းမှ တာဝန် ရှိသူက ပြောသည်။
ယခုဖြစ်စဉ်နှင့်ပတ်သက်ပြီး အဆိုပါစက်လှေမောင်းနှင်သူ အသက် ၄၆ နှစ်အရွယ် ဦးထွန်းအေးအား စက်လှေကို မဆင်မခြင်မောင်းနှင် မှုပုဒ်မ ၂၈ဝ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း မြောက်ဦးမြို့မရဲစခန်းထံမှ သိရသည်။







