မြောက်ဦးတွင် စက်လှေတစ်စီးနစ်၍ အမျိုးသမီးငယ်နှစ်ဦးပျောက်ဆုံးနေ

မြောက်ဦးတွင် စက်လှေတစ်စီးနစ်၍ အမျိုးသမီးငယ်နှစ်ဦးပျောက်ဆုံးနေ
by -
နိရဥ္စရာ
ဓာတ်ပုံ – Narinjara
ဓာတ်ပုံ – Narinjara
ရခိုင််ပြည်နယ်၊ မြောက်ဦးမြို့နယ်တွင် ဒီဇင်ဘာလ ၁ဝ ရက်နေ့က စက်လှေတစ်စီးနစ်မြုပ်၍ အမျိုးသမီး ငယ်နှစ်ဦးပျောက်ဆုံးနေကြောင်း မြောက်ဦးမြို့မရဲစခန်းထံမှ တာဝန်ရှိသူ တစ်ဦးက နိရဥ္စရာသို့ အတည်ပြုပြောကြားသည်။

“ပျောက်နေတဲ့ မိန်းကလေးနှစ်ယောက်က အသက် ရ နှစ်အရွယ်တွေပါ။ ခုထိ ရှာမတွေ့သေးပါဘူး” ဟု အဆိုပါတာဝန်ရှိသူက ဒီဇင်ဘာလ ၁ဝ ရက်နေ့ ညနေ ၅ နာရီခန့်က ဆိုသည်။

ယခုပျောက်ဆုံးနေသည့်ကလေးငယ်နှစ်ဦးမှာ မြောက်ဦးမြို့ ထမရာဇ်ရပ်ကွက်မှ မဝင်းဝင်းဌေး(ဘ-ဦးထွန်းအေး)နှင့် မသွယ်သွယ်ခိုင် (ဘ- ဦးအောင်သန်းတင်) တို့ဖြစ်ကြသည်။

သူတို့သည် ဦးထွန်းအေး (၄၆ နှစ်)မောင်းနှင်လာသည့် ဟွန်ဒါစက်လှေဖြင့် ဒီဇင်ဘာလ ၁ဝ ရက်နေ့က မြောက်ဦးမြို့ ထမရာဇ်ရပ် ကွက်မှ အဆိုပါမြို့နယ်ရှိ နကန်ကျေးရွာသို့အသွား ငါးခရော်ရေအိုင်သို့ အရောက် နေ့လည် ၁ နာရီခွဲခန့်တွင် စက်လှေနစ်မြုပ်ပျောက်ဆုံး သွားခြင်းဖြစ်သည်ဟု မြောက်ဦးရဲက ဆိုသည်။

“စက်လှေက ရေဝဲထဲမှာနစ်မြုပ်သွားတာ ဖြစ်ပါတယ်။ စက်လှေပေါ် လူ ၅ ယောက်ပါတဲ့အထဲ ဒီကလေးနှစ်ယောက်ပဲပျောက်ဆုံးနေ တာဖြစ်ပါတယ်”ဟု မြောက်ဦးရဲစခန်းမှ တာဝန် ရှိသူက ပြောသည်။

ယခုဖြစ်စဉ်နှင့်ပတ်သက်ပြီး အဆိုပါစက်လှေမောင်းနှင်သူ အသက် ၄၆ နှစ်အရွယ် ဦးထွန်းအေးအား စက်လှေကို မဆင်မခြင်မောင်းနှင် မှုပုဒ်မ ၂၈ဝ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း မြောက်ဦးမြို့မရဲစခန်းထံမှ သိရသည်။

ဓာတ်ပုံ - ဦးခင်မောင်ဆန်း
May 16, 2026
မောင်စာဂ — ရခိုင်ပြည်အတွင်း ပညာဆက်လက်သင်ယူရန် နွမ်းပါးပြီး အခက်အခဲဖြစ်နေသည့် Grade-11 ကျောင်းသူ...
May 15, 2026
"အမြောက်တပ်နှင့်လက်နက်ကြီး လက်တစ်ကမ်းအကွာသို့ ရောက်ရှိလာသဖြင့်...
May 14, 2026
ရခိုင်ပြည်-မကွေးတိုင်းနှင့်ချင်းပြည်နယ်သို့ ဆက်သွယ်ထားသည့် အဓိကကုန်သွယ်ရေးလမ်းပိုင်းပေါ်ရှိ...
May 13, 2026
သျှင်မင်းဇံ — ရခိုင်ပြည်နယ်၊မင်းပြားမြို့နယ်၊ ကမ်းနီကျေးရွာတွင် ပြီးခဲ့သည့် မေလ ၈...